ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံမှ လူမှုကူညီရေးအသင်းများ အတွက် သင်တန်းဖွင့်လှစ်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံမှ လူမှုကူညီရေးအသင်းများ အတွက် သင်တန်းဖွင့်လှစ်
စကျတငျဘာ 28, 2017
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ထိုင်း - မြန်မာ နယ်စပ်ဒေသ လူသူအများ ဘေးအန္တရာယ် ကူညီစောင့်ရှောက်ရန်အတွက် ကျင့်စဉ်နှင့် အသိပညာ အရည်အသွေး မြှင့်တင်ပေးခြင်းသင်တန်းကို စက်တင်ဘာလ (၂၈)ရက်နေ့က စတင်ဖွင့်လှစ်နေပြီး မြန်မာနှင့်ထိုင်းလူမှုကူညီရေးအဖွဲ့များမှ သင်တန်း တက်ရောက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီသင်တန်းဟာ လူသူအများ ကြုံတွေ့လာနိုင်မယ့် ဘေးအန္တရာယ်များအား ကြိုတင်ပြင်ဆင်ထားခြင်း ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ မှန်ကန်သော အသိပညာ၊ အရည်အသွေး ပိုမိုမြင့်မားလာစေခြင်း၊ အသင်းအဖွဲ့များ တစ်ဖွဲ့နှင့် တစ်ဖွဲ့ လျင်မြန်စွာချိတ်ဆက်၍ အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဒီသင်တန်းကိုဖွင့်လှစ် ရခြင်း ဖြစ်ပါတယ်” ဟု မယ်ဆိုင်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့ စည်ပင်သာယာရေးဌာနရုံးခန်းတွင် ကျင်းပသည့်ဖွင့်ပွဲအခမ်းအနားသို့ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ချူးထိဒဲ့မီကျန်း၊ မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဦးစီးမှူး ဆလာယွန်းဆီဆမုတ် ဆယမ်၊ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဆမ်ဝပ်ခမ်းမုန်းခွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ နှလုံးလှပိုင်ရှင်(အခမဲ့) လူမှုကူညီရေးအသင်း တိုင်းနေ စာပေယဉ်ကျေးမှု နိဗ္ဗာန်အကျိုးဆောင်အဖွဲ့၊ မိဘသွေး သွေးလှူရှင်နှင့် နာရေးကူညီမှုအသင်း ၊မိုင်းဖြတ်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်း၊ တာလေမြို့ တာလေ လူမှုကူညီရေး အသင်း၊ တာချီလိတ်မြို့ အလင်းရောင် ပရဟိတအသင်း၊ မဇ္ဈိမ လူမှုကူညီရေး အသင်း၊ မေတ္တာရှင် လူမှုကူညီရေးအသင်း၊ ရွှေတာချီ လူမှုကူညီရေးအသင်း၊ ကလျာဏမိတ္တ လူမှုကူညီရေး အသင်း၊ မိုင်းဆတ်မြို့ မဇ္ဈိမ လူမှုကူညီရေးအသင်း၊ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း၊ မယ်ဆိုင်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း၊ လာအိုနိုင်ငံရောက် မြန်မာလူငယ်များအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးနှင့် ထိုင်းန်ုင်ငံ မယ်ဆိုင်မြို့ လူမှုကယ်ဆယ်ရေးအသင်းတို့မှ (၃၀)ဦး တို့တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း၊ဓာတ်ပုံ #ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ထိုင်း - မြန်မာ နယ်စပ်ဒေသ လူသူအများ ဘေးအန္တရာယ် ကူညီစောင့်ရှောက်ရန်အတွက် ကျင့်စဉ်နှင့် အသိပညာ အရည်အသွေး မြှင့်တင်ပေးခြင်းသင်တန်းကို စက်တင်ဘာလ (၂၈)ရက်နေ့က စတင်ဖွင့်လှစ်နပြေီး မြန်မာနှင့်ထိုင်းလူမှုကူညီရေးအဖွဲ့များမှ သင်တန်း တက်ရောက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီသင်တန်းဟာ လူသူအများ ကြုံတွေ့လာနိုင်မယ့် ဘေးအန္တရာယ်များအား ကြိုတင်ပြင်ဆင်ထားခြင်း ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ မှန်ကန်သော အသိပညာ၊ အရည်အသွေး ပိုမိုမြင့်မားလာစခြေင်း၊ အသင်းအဖွဲ့များ တစ်ဖွဲ့နှင့် တစ်ဖွဲ့ လျင်မြန်စွာချိတ်ဆက်၍ အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဒီသင်တန်းကိုဖွင့်လှစ် ရခြင်း ဖြစ်ပါတယ်” ဟု မယ်ဆိုင်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့ စည်ပင်သာယာရေးဌာနရုံးခန်းတွင် ကျင်းပသည့်ဖွင့်ပွဲအခမ်းအနားသို့ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ချူးထိဒဲ့မီကျန်း၊ မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဦးစီးမှူး ဆလာယွန်းဆီဆမုတ် ဆယမ်၊ လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဌ ဆမ်ဝပ်ခမ်းမုန်းခွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ နှလုံးလှပိုင်ရှင်(အခမဲ့) လူမှုကူညီရေးအသင်း တိုင်းနေ စာပေယဉ်ကျေးမှု နိဗ္ဗာန်အကျိုးဆောင်အဖွဲ့၊ မိဘသွေး သွေးလှူရှင်နှင့် နာရေးကူညီမှုအသင်း၊မိုင်းဖြတ်မြို့ သဂငှ် လူမှုကူညီရေးအသင်း၊ တာလမြေို့ တာလေ လူမှုကူညီရေး အသင်း၊ တာချီလိတ်မြို့ အလင်းရောင် ပရဟိတအသင်း၊ မဇ္ဈိမ လူမှုကူညီရေး အသင်း၊ မေတ္တာရှင် လူမှုကူညီရေးအသင်း၊ ရွှေတာချီ လူမှုကူညီရေးအသင်း၊ ကလျာဏမိတ္တ လူမှုကူညီရေး အသင်း၊ မိုင်းဆတ်မြို့ မဇ္ဈိမ လူမှုကူညီရေးအသင်း၊ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း၊ မယ်ဆိုင်မြို့ လူမှုကရုဏာ လူမှုကူညီရေးအသင်း၊ လာအိုနိုင်ငံရောက် မြန်မာလူငယ်များအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးနှင့် ထိုင်းနု်င်ငံ မယ်ဆိုင်မြို့ လူမှုကယ်ဆယ်ရေးအသင်းတို့မှ (၃၀)ဦး တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား စက်တင်ဘာလ (၃၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံ အရေးပေါ်လူနာကုသမှုနှင့် သယ်ယူပို့ဆောင်မှု၊ ရေကြောင့်ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များ ကယ်ဆယ်ရေးလုပ်ငန်းနှင့် မီးလောင်မှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များအား ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~