လားရှိုးမြို့နယ် ခိုက်ထွေရွာအနီး (၂)ဦးသေ၊ (၁)ဦးဒဏ်ရာရသည့် ထော်လာဂျီတိမ်းမှောက်မှုမှ ယာဉ်မောင်း ထွက်ပြေးနေ

လားရှိုးမြို့နယ် ခိုက်ထွေရွာအနီး (၂)ဦးသေ၊ (၁)ဦးဒဏ်ရာရသည့် ထော်လာဂျီတိမ်းမှောက်မှုမှ ယာဉ်မောင်း ထွက်ပြေးနေ
စကျတငျဘာ 26, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ခိုက်ထွေကျေးရွာအနီး ခိုက်ထွေ-မယ်ဟန်လမ်းပိုင်းတွင် စက်တင်ဘာလ (၂၅)ရက်နေ့က ထော်လာဂျီယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် (၂)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရပြီး ယာဉ်မောင်းနှင်သူ တိမ်းရှောင်နေကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ နေရာတွင် သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးမှာ ရရှိသောဒဏ်ရာများဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။



သတင်း - နန်းဟွမ်ခမ်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ခိုက်ထွေကျေးရွာအနီး ခိုက်ထွေ - မယ်ဟန်လမ်းပိုင်းတွင် စက်တင်ဘာလ (၂၅)ရက်နေ့က ထော်လာဂျီယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရပြီး ယာဉ်မောင်းနှင်သူ တိမ်းရှောင်နေကြောင်း သိရသည်။

ခိုက်ထွေကျေးရွာမှ မယ်ဟန်ကျေးရွာသို့ အိုက်မောင်ဆိုသူ မောင်းနှင်လာပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး လိုက်ပါလာသည့် ထော်လာဂျီယာဉ်မှာ အရှိန် မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ နေရာတွင် သေဆုံးသွားပြီး အမျိုးသမီး တစ်ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် လားရှိုးပြည်သူ့ ဆေးရုံတင်ပို့ ကုသစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် အမျိုးသားမှာ ဒဏ်ရာ ရသွားသော်လည်း စိုးရိမ်ရသည့်အခြေအနေတွင် မရှိကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်း အိုက်မောင်အား လားရှိုးမြို့မရဲစခန်းတွင် ယာဉ်(ပ)၄၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄-က/၂၀၂ (ယာဉ်မဆင်မခြင် မောင်းနှင်မှု/ ပေါ့လျော့မှုကြောင့် သာမန်/ ပြင်းထန်နာကျင်စေမှု/ လူသေမှု/ သတင်းပေးရန် ပျက်ကွက်မှု) တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~