လားရိႈးၿမိဳ႕နယ္ ဘံုမြန္ရြာအနီး မူဆယ္ - မႏၱေလးလမ္းတြင္ အမ်ိဳးသားႏွစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ရွာေဖြဖမ္းဆီးရမိ

လားရိႈးၿမိဳ႕နယ္ ဘံုမြန္ရြာအနီး မူဆယ္ - မႏၱေလးလမ္းတြင္ အမ်ိဳးသားႏွစ္ဦးထံမွ စိတ္ၾကြေဆးျပားမ်ား ရွာေဖြဖမ္းဆီးရမိ
စက်တင်ဘာ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္၊ ဘုံမြန္ေက်းရြာ ေညာင္ပင္အနီး၊ မူဆယ္ - မႏၲေလး ျပည္ေထာင္စု ကားလမ္းတြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားႏွစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၉၂၅)ျပားအား စက္တင္ဘာလ (၂)ရက္ေန႔က ရွာေဖြ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရႈိးမွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔က ဘုံမြန္ေက်းရြာ ေညာင္ပင္အနီး၊ မူဆယ္-မႏၲေလး ျပည္ေထာင္စုကားလမ္းတြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ေရွာက္လၽွိုႏွင့္ အဆိုပါ ဆိုင္ကယ္ေနာက္တြင္ လုိက္ပါလာသည့္ ေက်ာ္ေဆြတို႔အား စက္တင္ဘာလ (၂)ရက္ေန႔ ေန႔လယ္ (၁၁)နာရီ (၁၅)မိနစ္ခန႔္က ရွာေဖြရာ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေရွာက္လွ်ိဳႏွင့္ ေက်ာ္ေဆြတို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ဘုံမွန်ကျေးရွာ ညောင်ပင်အနီး၊ မူဆယ် - မန္တလေး ပြည်ထောင်စု ကားလမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၉၂၅)ပြားအား စက်တင်ဘာလ (၂)ရက်နေ့က ရှာဖွေ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ဘုံမွန်ကျေးရွာ ညောင်ပင်အနီး၊ မူဆယ်-မန္တလေး ပြည်ထောင်စုကားလမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ရှောက်လျှိုနှင့် အဆိုပါ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ကျော်ဆွေတို့အား စက်တင်ဘာလ (၂)ရက်နေ့ နေ့လယ် (၁၁)နာရီ (၁၅)မိနစ်ခန့်က ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ရှောက်လျှိုနှင့် ကျော်ဆွေတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~