တာချီလိတ်မြို့လယ် ၊ ရှမ်းရိုးမကွင်းရှေ့ နှင့် ဆေးရုံဟောင်းရှေ့တွင် လေလွင့်လူများ စည်းကမ်းမဲ့နေထိုင်သည့်အတွက် ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဖယ်ရှား

တာချီလိတ်မြို့လယ် ၊ ရှမ်းရိုးမကွင်းရှေ့ နှင့် ဆေးရုံဟောင်းရှေ့တွင် လေလွင့်လူများ စည်းကမ်းမဲ့နေထိုင်သည့်အတွက် ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဖယ်ရှား
စကျတငျဘာ 5, 2017
By Tachileik News Agency




အဆိုပါ နေရာသည် တာချီလိတ်မြို့လယ်တွင် တည်ရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် ရှိသည့်အပြင် နိုင်ငံခြားသား ခရီးသွားများ ၀င်ထွက်သွားလာသည့် မြို့ဖြစ်သည့်အတွက် မြို့ပုံရိပ်ကို ညှိုးနွမ်းစေကြောင်း ဒေသခံများ၏ ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

"စိတ်မနှံ့တဲ့သူတွေကို စာရင်းကောက်ပြီး  ကျိုင်းတုံကို ပို့ဖို့တော့ အစီအစဉ်ရှိပေမဲ့ ဒီလို ပကတိကောင်းနေပြီး လေလွှင့်သွားလာနေတဲ့သူတွေက များတော့ သူတို့အတွက် စီစဉ်ပေးဖို့ဆိုတာ မရှိသေးပါဘူး၊ တစ်ချို့ လေလွှင့်သွားလာနေသူတွေထဲက ပုံမှန်ဖြစ်နေသူတွေကိုတော့ အချို့ လူမှုရေးအသင်းအဖွဲ့တွေက ကားခပေးပြီး ပြန်ပို့ပေးတာတွေတော့ ရှိတယ်"ဟု မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် တစ်ဖက် ထိုင်းနိုင်ငံမှ လေလွှင့် ရောက်ရှိ လာသူများလည်း ရှိရာ မြို့တွင်း လမ်းဘေးများတွင် ညပိုင်း၌ အိပ်သူများ များလာသော်လည်း ဒေသအုပ်ချုပ်ရေးများ အနေဖြင့် ၎င်းတို့အတွက် စီမံပေးနိုင်မှု အစီအစဉ်များ မရှိသေးသော်လည်း လတ်တလောတွင် စိတ်မနှံ့သူများအား ကျိုင်းတုံတွင် ဆေးကုသပေးနိုင်ရန်အတွက် စာရင်းများကို ကောက်ခံနေလျက်ရှိရာ၊ စိတ်မနှံ့သူများ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သွားရောက် ပေးသွင်းနိုင်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့လယ်၊ ရှမ်းရိုးမကွင်းရှေ့နှင့် ဆေးရုံဟောင်းရှေ့ရှိ လိုင်းကားရပ်စောင့်သည့် နေရာ (၂)ခုတွင် လေလွင့်လူများ စည်းကမ်းမဲ့စွာ ရက်ရှည်ကြာ နေထိုင်နေမှုကြောင့် မြို့ပုံရိပ် ထိခိုက်သည့်အတွက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ၂၀၁၇ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ နေ့လယ်ပိုင်းက ရှင်းလင်းဖယ်ရှားလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါနေရာများအား ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"စည်ပင်၊ ရပ်ကွက် နဲ့ နယ်ထိန်း ပူးပေါင်းပြီးတော့ နေရာ(၂)နေရာကို ရှင်းလင်းဖယ်ရှားရေးလုပ်တော့ သူတို့လည်း သူတို့ ပစ္စည်းတွေ အကုန်သယ်ပြီး ပြေးကုန်ပြီ၊"ဟု ရှင်းလင်းရေးတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ နေရာသည် တာချီလိတ်မြို့လယ်တွင် တည်ရှိနပြေီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် ရှိသည့်အပြင် နိုင်ငံခြားသား ခရီးသွားများ ဝင်ထွက်သွားလာသည့် မြို့ဖြစ်သည့်အတွက် မြို့ပုံရိပ်ကို ညှိုးနွမ်းစေကြောင်း ဒေသခံများ၏ေဝဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

"စိတ်မနှံ့တဲ့သူတွေကို စာရင်းကောက်ပြီး ကျိုင်းတုံကို ပို့ဖို့တော့ အစီအစဉ်ရှိပေမဲ့ ဒီလို ပကတိကောင်းနပြေီး လေလွှင့်သွားလာနေတဲ့သူတွေက များတော့ သူတို့အတွက် စီစဉ်ပေးဖို့ဆိုတာ မရှိသေးပါဘူး၊ တစ်ချို့ လေလွှင့်သွားလာနေသူတွေထဲက ပုံမှန်ဖြစ်နေသူတွေကိုတော့ အချို့ လူမှုရေးအသင်းအဖွဲ့တွေက ကားခပေးပြီး ပြန်ပို့ပေးတာတွေတော့ ရှိတယ်"ဟု မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် တစ်ဖက် ထိုင်းနိုင်ငံမှ လေလွှင့် ရောက်ရှိ လာသူများလည်း ရှိရာ မြို့တွင်း လမ်းဘေးများတွင် ညပိုင်း၌ အိပ်သူများ များလာသော်လည်း ဒေသအုပ်ချုပ်ရေးများ အနဖြေင့်၎င်းတို့အတွက် စီမံပေးနိုင်မှု အစီအစဉ်များ မရှိသေးသော်လည်း လတ်တလောတွင် စိတ်မနှံ့သူများအား ကျိုင်းတုံတွင် ဆေးကုသပေးနိုင်ရန်အတွက် စာရင်းများကို ကောက်ခံနေလျက်ရှိရာ၊ စိတ်မနှံ့သူများ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သွားရောက် ပေးသွင်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~