လားရိႈးၿမိဳ႕နယ္အတြင္းရိွ ေျမလြတ္ေျမရိုင္းတြင္ ေနထိုင္သူမ်ားဖယ္ရွားရန္ ႏို႔တစ္စာသံုးႀကိမ္ပို႔ၿပီး၍ ဥပေဒအရ အေရးယူေတာ့မည္

လားရိႈးၿမိဳ႕နယ္အတြင္းရိွ ေျမလြတ္ေျမရိုင္းတြင္ ေနထိုင္သူမ်ားဖယ္ရွားရန္ ႏို႔တစ္စာသံုးႀကိမ္ပို႔ၿပီး၍ ဥပေဒအရ အေရးယူေတာ့မည္
စက်တင်ဘာ 29, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္၊ မန္ပ်ဥ္ေက်းရြာအုပ္စု၊ မုိင္းေမာေက်းရြာ၊ ေကာ္နာစတုန္းစက္ရံု အနီးရိွ ႏုိင္ငံေတာ္မွ စီမံခန္႔ခြဲခြင့္ရိွေသာ ေျမလြတ္ေျမရိုင္းမ်ားတြင္ ဝင္ေရာက္ေနထုိင္သူမ်ားအား ဖယ္ရွားရန္ ႏို႔တစ္စာသံုးႀကိမ္ထုတ္ေပးၿပီးျဖစ္၍ ဥပေဒႏွင့္အညီ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“စစခ်င္း (၁၆)ဦးကို ႏို႔တစ္စာထုတ္ထားတယ္။ သူတို႔ကထြက္သြားၿပီးမွ ေနာက္ထပ္ (၃၄) ဦးထပ္ေရာက္ၿပီး လာေနေနလို႔ ထပ္ထုတ္ရတယ္။ အခုအဲဒါေတြ ထြက္သြားေတာ့မွ ေနာက္ထပ္ (၁၄) ေယာက္ ထပ္လာေန ေနတဲ့အတြက္ ႏို႔တစ္ထပ္ထုတ္ထားပါတယ္။ ဥပေဒနဲ႔အညီ ဆက္လက္လုပ္ေဆာင္ေပးသြားဖို႔ လုပ္ေနပါတယ္” ဟု လားရႈိးၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးအရာရွိ ဦးဝင္းႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၂၉)ရက္ေန႔တြင္ ေျပာသည္။

အဆိုပါေျမမ်ားတြင္ လားရႈိးၿမိဳ႕နယ္ရွိ ေက်းရြာ(၃)ခုမွ ေဒသခံမ်ားက စိုက္ပ်ိဳးလုပ္ကိုင္ေနၾကျခင္းျဖစ္ၿပီး လူတစ္ဦးက ေဒသခံေတာင္သူမ်ားအား စိုက္ပ်ိဳးေျမမ်ားအပိုင္ရရိွရန္ လုပ္ေဆာင္ေပးမည္ဟုဆိုကာ အျခားေဒသမွ လူမ်ားအားေခၚလာကာ ေနထိုင္ေစသျဖင့္ လားရိႈးၿမိဳ႕နယ္ ေျမစာရင္းဦးစီးဌာနမွ ႏို႔တစ္စာထုတ္၍ ဖယ္ရွားခုိင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ကန္႔ကြက္ေမာင္းထုတ္လိုက္တဲ့ ေလးျမင့္ကေတာ့ မရွိေတာ့ပါဘူး။ ဒါေပမဲ့ ေျမစာရင္းဌာနက အခုထိ အခ်ိန္ဆြဲေနတုန္းပဲ။ ဘယ္လိုမွ လာမလုပ္ေပးေသးဘူး။ ဥပေဒအေၾကာင္းနဲ႔အညီ လုပ္ေပးမယ္လို႔ ေျပာတဲ့အတြက္ ကြ်န္ေတာ္တို႔က ေစာင့္ၾကည့္ေနတာ။ အဲဒီေျမမွာ လာေနေနတဲ့သူေတြကိုလည္း မေမာင္းထုတ္ေပးေသးဘူး။ ေျမစာရင္းကိုသြားေျပာလည္း လုပ္ထံုးလုပ္နည္းအတိုင္း လုပ္ေပးပါ့မယ္ပဲေျပာတာ” ဟု ဦးစိုင္းဟန္က ေျပာသည္။

ေက်းရြာပိုင္ေျမမ်ားအား အကြက္ရိုက္၊ တဲမ်ားေဆာက္လုပ္ၿပီး အျခားေဒသမွလူမ်ား လာေရာက္ေနထုိင္ေစသူ ကိုေလးျမင့္အား ေဒသခံမ်ားက ဆႏၵထုတ္ေဖၚမႈျပဳလုပ္ၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

“ကိုေလးျမင့္ကလည္း မရွိေတာ့ဘူး။ ရြာေဒသခံေတြက ဝိုင္းၿပီးႏွင္ထုတ္လိုက္လို႔ သူကေျပးသြားၿပီ။ အဲဒီမွာ က်န္ေနတဲ့ အခုေနေနတဲ့သူေတြကိုေတာ့ ဖယ္ရွားဖို႔ေျပာထားတယ္။ လံုးဝမဖယ္ရွားဘူးဆိုရင္ တရားစြဲဖို႔ လုပ္ရမွာေပ့ါ။ အဲဒီအပိုင္းေလးပဲရွိေတာ့တယ္။ သူတို႔ကိုလည္း ဥပေဒနဲ႔မညီတဲ့အတြက္ မေနသင့္ဘူးလို႔ ေျပာထားပါတယ္။ ေျဖရွင္းေပးဖို႔ လုပ္ေနပါတယ္”ဟု လားရႈိးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရႈိးၿမိဳ႕ႏွင့္ (၁၆) မိုင္ခန္႔ေဝးကြာသည့္ ကုန္းရုန္းေက်းရြာ၊ မိုင္းေမာေက်းရြာႏွင့္ မိုင္းပ်ဥ္းေက်းရြာသံုးခုမွ ေက်းရြာပိုင္စိုက္ပ်ိဳးေနသည့္ေျမမ်ားတြင္ စက္တင္ဘာလ (၂၉)ရက္ေန႔အထိ ေဆာက္လုပ္ထားဆဲ တဲအိမ္(၁၆)လံုးခန္႔ရွိေနၿပီး အဆိုပါတဲအိမ္မ်ားတြင္ လာေရာက္ေနထိုင္ေနသူမ်ားလည္းရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ခမ္းဦး

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ်အတွင်းရှိ မြေလွတ်မြေရိုင်းတွင် နေထိုင်သူများဖယ်ရှားရန် နို့တစ်စာသုံးကြိမ်ပို့ပြီး၍ ဥပဒေအရ အရေးယူတော့မည်
*********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မန်ပျဉ်ကျေးရွာအုပ်စု၊ မိုင်းမောကျေးရွာ၊ ကော်နာစတုန်းစက်ရုံ အနီးရှိ နိုင်ငံတော်မှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်မြေရိုင်းများတွင် ဝင်ရောက်နေထိုင်သူများအား ဖယ်ရှားရန် နို့တစ်စာသုံးကြိမ်ထုတ်ပေးပြီးဖြစ်၍ ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“စစချင်း (၁၆)ဦးကို နို့တစ်စာထုတ်ထားတယ်။ သူတို့ကထွက်သွားပြီးမှ နောက်ထပ် (၃၄) ဦးထပ်ရောက်ပြီး လာနေနေလို့ ထပ်ထုတ်ရတယ်။ အခုအဲဒါတွေ ထွက်သွားတော့မှ နောက်ထပ် (၁၄) ယောက် ထပ်လာနေ နေတဲ့အတွက် နို့တစ်ထပ်ထုတ်ထားပါတယ်။ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်ပေးသွားဖို့ လုပ်နေပါတယ်” ဟု လားရှိုးမြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂၉)ရက်နေ့တွင် ပြောသည်။

အဆိုပါမြေများတွင် လားရှိုးမြို့နယ်ရှိ ကျေးရွာ(၃)ခုမှ ဒေသခံများက စိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်ပြီး လူတစ်ဦးက ဒေသခံတောင်သူများအား စိုက်ပျိုးမြေများအပိုင်ရရှိရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ အခြားဒေသမှ လူများအားခေါ်လာကာ နေထိုင်စေသဖြင့် လားရှိုးမြို့နယ် မြေစာရင်းဦးစီးဌာနမှ နို့တစ်စာထုတ်၍ ဖယ်ရှားခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကန့်ကွက်မောင်းထုတ်လိုက်တဲ့ လေးမြင့်ကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ မြေစာရင်းဌာနက အခုထိ အချိန်ဆွဲနေတုန်းပဲ။ ဘယ်လိုမှ လာမလုပ်ပေးသေးဘူး။ ဥပဒေအကြောင်းနဲ့အညီ လုပ်ပေးမယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့က စောင့်ကြည့်နေတာ။ အဲဒီမြေမှာ လာနေနေတဲ့သူတွေကိုလည်း မမောင်းထုတ်ပေးသေးဘူး။ မြေစာရင်းကိုသွားပြောလည်း လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပေးပါ့မယ်ပဲပြောတာ” ဟု ဦးစိုင်းဟန်က ပြောသည်။

ကျေးရွာပိုင်မြေများအား အကွက်ရိုက်၊ တဲများဆောက်လုပ်ပြီး အခြားဒေသမှလူများ လာရောက်နေထိုင်စေသူ ကိုလေးမြင့်အား ဒေသခံများက ဆန္ဒထုတ်ဖေါ်မှုပြုလုပ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

“ကိုလေးမြင့်ကလည်း မရှိတော့ဘူး။ ရွာဒေသခံတွေက ဝိုင်းပြီးနှင်ထုတ်လိုက်လို့ သူကပြေးသွားပြီ။ အဲဒီမှာ ကျန်နေတဲ့ အခုနေနေတဲ့သူတွေကိုတော့ ဖယ်ရှားဖို့ပြောထားတယ်။ လုံးဝမဖယ်ရှားဘူးဆိုရင် တရားစွဲဖို့ လုပ်ရမှာပေ့ါ။ အဲဒီအပိုင်းလေးပဲရှိတော့တယ်။ သူတို့ကိုလည်း ဥပဒေနဲ့မညီတဲ့အတွက် မနေသင့်ဘူးလို့ ပြောထားပါတယ်။ ဖြေရှင်းပေးဖို့ လုပ်နေပါတယ်”ဟု လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နှင့် (၁၆) မိုင်ခန့်ဝေးကွာသည့် ကုန်းရုန်းကျေးရွာ၊ မိုင်းမောကျေးရွာနှင့် မိုင်းပျဉ်းကျေးရွာသုံးခုမှ ကျေးရွာပိုင်စိုက်ပျိုးနေသည့်မြေများတွင် စက်တင်ဘာလ (၂၉)ရက်နေ့အထိ ဆောက်လုပ်ထားဆဲ တဲအိမ်(၁၆)လုံးခန့်ရှိနေပြီး အဆိုပါတဲအိမ်များတွင် လာရောက်နေထိုင်နေသူများလည်းရှိနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ခမ်းဦး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~