လူ႔ဂုဏ္သိကၡာထိခိုက္ေစသည့္ပံုမ်ား အသံုးျပဳျခင္းနွင့္ ခြင့္ျပဳခ်က္မရမီ အလွဴခံသည့္အဖြဲ႕အား လားရိႈးတြင္ ခံဝန္ကတိေရးထိုးခိုင္းထား

လူ႔ဂုဏ္သိကၡာထိခိုက္ေစသည့္ပံုမ်ား အသံုးျပဳျခင္းနွင့္ ခြင့္ျပဳခ်က္မရမီ အလွဴခံသည့္အဖြဲ႕အား လားရိႈးတြင္ ခံဝန္ကတိေရးထိုးခိုင္းထား
စက်တင်ဘာ 9, 2017
By 🌸

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕တြင္ အလွဴခံအဖြဲ႔တစ္ခုက ရခိုင္ေဒသရွိ ဒုကၡသည္မ်ားအား ကူညီေထာက္ပံ့ေရးအတြက္ အလွဴခံရာတြင္ အမ်ားအျမင္မသင့္ေတာ္သည့္ပံုမ်ား အသံုးျပဳေနျခင္းႏွင့္ ခြင့္ျပဳခ်က္မရေသးဘဲ အလွဴခံျခင္းတုိ႔ေၾကာင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုးက စက္တင္ဘာလ (၈)ရက္ေန႔တြင္ ေခၚယူသတိေပးထားေၾကာင္း သိရသည္။

“မသင့္ေတာ္တဲ့ပံုေတြ သံုးထားတဲ့အတြက္ ဒါေတြက လူတစ္ဦးရဲ့ဂုဏ္သိကၡာအေနနဲ႔ မသင့္ေတာ္ဘူး။ ေနာက္ၿပီး ေတာ့ သူတို႔သံုးထားတဲ့ပံုေတြက တိုင္းရင္းသားေတြအခ်င္းခ်င္းၾကားထဲမွာ စိတ္ဝမ္းကြဲေစႏိုင္တဲ့ ပံုေတြပါတယ္။ လူမ်ိဳးအခ်င္းခ်င္းၾကားထဲမွာ မလိုလားအပ္တဲ့ေနာက္ဆက္တြဲျပသနာေတြ ျဖစ္ေစလာႏိုင္တယ္။ ဒါေၾကာင့္ အဲဒီလို မသင့္ေလ်ာ္တဲ့ပံုေတြကို အသံုးမျပဳဖို႔၊ ေမတၱာရပ္ခံလိုက္တာပါ။ ေနာက္တစ္ခ်က္က သူတို႔အလွဴခံအဖြဲ႔က အလွဴခံခြင့္ျပဳမိန္႔တင္ထားေပမဲ့ ခြင့္ျပဳခ်က္မက်ေသးဘဲ အလွဴခံေနတာလည္းျဖစ္တယ္” ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အလွဴခံသည့့္ ဗီြႏိုင္းပိုစတာတြင္ ရက္စက္စြာ အသတ္ခံထားရသည့္ပံုမ်ားႏွင့္ လူမ်ိဳးဘာသာအရ ဂုဏ္သိကၡာ ထိခိုက္ေစသည့္ပံုမ်ားအား အသံုးမျပဳရန္ အလွဴခံအဖြဲ႔မွ တာဝန္ခံျဖစ္သူအား ခံဝန္ကတိေရးထိုးေစခဲ့ေၾကာင္း သိရသည္။

“ လားရိႈးမွာရွိတဲ့ တိုင္းရင္းသားေတြက ရခိုင္ေဒသမွာရွိတဲ့ ဒုကၡသည္ေတြအတြက္ သေဘာရိုးနဲ႔ အလွဴခံဖို႔အတြက္ လုပ္ေနတာ ေတြ႔ရွိရတယ္။ တိုင္းရင္းသားအခ်င္းခ်င္း စာနာေထာက္ထားတဲ့အေနနဲ႔ လုပ္တာေပါ့။ သို႔ေပမဲ့ မသင့္ေလ်ာ္တဲ့ပံုေတြအသံုးျပဳျခင္းနဲ႔ လူမ်ိဳးေရးၾကားမွာ စိတ္သေဘာထားကြဲေစႏိုင္ၿပီး လႈံ႔ေဆာ္တဲ့ အသံုးအႏႈန္းေတြ၊ ဓါတ္ပံုေတြကို အသံုးျပဳထားတာျဖစ္တဲ့အတြက္ အခုလို သတိေပးရတာ ျဖစ္ပါတယ္။ သူတို႔ကလည္း ရိုးသားစြာ မွားယြင္းမႈျဖစ္ပါတယ္လို႔ ဝန္ခံပါတယ္”ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက ေျပာသည္။

အလွဴခံအဖြဲ႕မ်ားအေနျဖင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနတြင္ ခြင့္ျပဳခ်က္ရယူရန္ႏွင့္ အလွဴခံရာတြင္ သတ္မွတ္စည္းမ်ဥ္းစည္းကမ္းမ်ား လိုက္နာရန္၊ လူ႔ဂုဏ္သိကၡာထိခိုက္ေစသည့္ အသံုးအႏႈန္းမ်ားကို အသံုးျပဳျခင္းမျပဳရန္လိုအပ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေရႊမင္းသား

~~~~~~~~⊰❂ unicode ~~~~~~~~
လူ့ဂုဏ်သိက္ခာထိခိုက်စေသည့်ပုံများ အသုံးပြုခြင်းနှင့် ခွင့်ပြုချက်မရမီ အလှူခံသည့်အဖွဲ့အား လားရှိုးတွင် ခံဝန်ကတိရေးထိုးခိုင်းထား
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အလှူခံအဖွဲ့တစ်ခုက ရခိုင်ဒေသရှိ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးအတွက် အလှူခံရာတွင် အများအမြင်မသင့်တော်သည့်ပုံများ အသုံးပြုနေခြင်းနှင့် ခွင့်ပြုချက်မရသေးဘဲ အလှူခံခြင်းတို့ကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက စက်တင်ဘာလ (၈)ရက်နေ့တွင် ခေါ်ယူသတိပေးထားကြောင်း သိရသည်။
“မသင့်တော်တဲ့ပုံတွေ သုံးထားတဲ့အတွက် ဒါတွေက လူတစ်ဦးရဲ့ဂုဏ်သိက္ခာအနေနဲ့ မသင့်တော်ဘူး။ နောက်ပြီး တော့ သူတို့သုံးထားတဲ့ပုံတွေက တိုင်းရင်းသားတွေအချင်းချင်းကြားထဲမှာ စိတ်ဝမ်းကွဲစေနိုင်တဲ့ ပုံတွေပါတယ်။ လူမျိုးအချင်းချင်းကြားထဲမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြသနာတွေ ဖြစ်စေလာနိုင်တယ်။ ဒါကြောင့် အဲဒီလို မသင့်လျော်တဲ့ပုံတွေကို အသုံးမပြုဖို့၊ မေတ္တာရပ်ခံလိုက်တာပါ။ နောက်တစ်ချက်က သူတို့အလှူခံအဖွဲ့က အလှူခံခွင့်ပြုမိန့်တင်ထားပေမဲ့ ခွင့်ပြုချက်မကျသေးဘဲ အလှူခံနေတာလည်းဖြစ်တယ်” ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အလှူခံသည့့် ဗွီနိုင်းပိုစတာတွင် ရက်စက်စွာ အသတ်ခံထားရသည့်ပုံများနှင့် လူမျိုးဘာသာအရ ဂုဏ်သိက္ခာ ထိခိုက်စေသည့်ပုံများအား အသုံးမပြုရန် အလှူခံအဖွဲ့မှ တာဝန်ခံဖြစ်သူအား ခံဝန်ကတိရေးထိုးစေခဲ့ကြောင်း သိရသည်။
“ လားရှိုးမှာရှိတဲ့ တိုင်းရင်းသားတွေက ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေအတွက် သဘောရိုးနဲ့ အလှူခံဖို့အတွက် လုပ်နေတာ တွေ့ရှိရတယ်။ တိုင်းရင်းသားအချင်းချင်း စာနာထောက်ထားတဲ့အနေနဲ့ လုပ်တာပေါ့။ သို့ပေမဲ့ မသင့်လျော်တဲ့ပုံတွေအသုံးပြုခြင်းနဲ့ လူမျိုးရေးကြားမှာ စိတ်သဘောထားကွဲစေနိုင်ပြီး လှုံ့ဆော်တဲ့ အသုံးအနှုန်းတွေ၊ ဓါတ်ပုံတွေကို အသုံးပြုထားတာဖြစ်တဲ့အတွက် အခုလို သတိပေးရတာ ဖြစ်ပါတယ်။ သူတို့ကလည်း ရိုးသားစွာ မှားယွင်းမှုဖြစ်ပါတယ်လို့ ဝန်ခံပါတယ်”ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။
အလှူခံအဖွဲ့များအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတွင် ခွင့်ပြုချက်ရယူရန်နှင့် အလှူခံရာတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်၊ လူ့ဂုဏ်သိက္ခာထိခိုက်စေသည့် အသုံးအနှုန်းများကို အသုံးပြုခြင်းမပြုရန်လိုအပ်ကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရွှေမင်းသား 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~