ကယားျပည္နယ္တြင္ ဌာေနတုိင္းရင္းသားမ်ား၏ ေျမယာပိုင္ဆိုင္ခြင့္အတြက္ ဓေလ့ထံုးတမ္းဥပေဒက်င့္သံုးေရး အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းေဆာင္ရြက္ေန

ကယားျပည္နယ္တြင္ ဌာေနတုိင္းရင္းသားမ်ား၏ ေျမယာပိုင္ဆိုင္ခြင့္အတြက္ ဓေလ့ထံုးတမ္းဥပေဒက်င့္သံုးေရး အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းေဆာင္ရြက္ေန
စက်တင်ဘာ 4, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ ဌာေနတိုင္းရင္းသားမ်ား၏ ေျမယာပိုင္ဆိုင္ခြင့္အား အကာအကြယ္ျဖစ္ႏိုင္မည့္ ရုိးရာ ဓေလ့ထုံးတမ္း ဥပေဒက်င့္ သုံုးႏုိင္ေရး ျပည္နယ္အတြင္းရွိ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္း ေရးဆြဲေနေၾကာင္း ကရင္နီျပည္ ေတာင္သူလယ္သမားသမဂၢမွ သိရသည္။

“ဒီ ၂၀၁၂ လယ္ေျမဥပေဒေပါ့။ ေတာင္သူေတြအတြက္ ကၽြန္ေတာ္တို႔ ျပည္နယ္ထဲက ဌာေန တိုင္းရင္းသားေတြရဲ႕ အခြင့္အေရး၊ ရုိးရာဓေလ့ထုံးတမ္းေတြကို လုံးဝမကာကြယ္ေပးႏိုင္ဘူး။ ကၽြန္ေတာ္တို႔ ျပည္နယ္ထဲက ေတာင္သူေတြနဲ႔လည္း ဒီဥပေဒက သဟဇာတ မျဖစ္ဘူး။ ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္တို႔ ဌာေနတိုင္းရင္းသားေတြက ရုိးရာဓေလ့ထုံးတမ္းေတြနဲ႔ ေနလာခဲ့တာ။ ကၽြန္ေတာ္တို႕အတြက္ အကာအကြယ္ ျဖစ္ရင္ ဒီဥပေဒကို လိုက္နာမွာပဲ။ အခုက ဒုကၡေပးတဲ့ ဥပေဒတစ္ခုလိုပဲ ျဖစ္ေနတယ္ ”ဟု ကရင္နီျပည္ ေတာင္သူလယ္သမား သမဂၢဥကၠဌ ခူးတူရယ္က ေျပာသည္။

လက္ရွိက်င့္သုံးေနသည့္ လယ္ယာေျမဥပေဒမ်ားမွာ ျပည္နယ္တြင္း ေတာင္သူမ်ားႏွင့္ သဟဇာတ မျဖစ္သည့္ အခ်က္မ်ား ရိွသျဖင့္ ယင္းကဲ့သို႔ေရးဆြဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ေတြက ဒီေျမေတြမွာ ဘိုးဘြားစဥ္ဆက္ကတည္းက ေနထိုင္လုပ္ကိုင္လာၾကတယ္။ စီမံကိန္းေတြလာေတာ့ ကၽြန္ေတာ္တို႔ ခဏဖယ္ေပးရျပန္တယ္။ စီမံကိန္းၿပီးေတာ့လည္း ဒီေျမေတြမွာ အဲဒီ စီမံကိန္းမွာလုပ္တဲ့ ဝန္ထမ္းေတြက အကုန္စိုက္စားကုန္တယ္။ စီမံကိန္းၿပီးၿပီျဖစ္လို႔ ကၽြန္ေတာ္တို႔ေျမကို ကၽြန္ေတာ္တို႔ ျပန္ေတာင္းတယ္။ ျပန္လုပ္စားတယ္။ ဒါကို သူတို႔က ကၽြန္ေတာ္တို႔ကို ပိုင္နက္က်ဴးလြန္မႈနဲ႔ တရားစြဲတယ္။ ရင္နာစရာေပါ့။ ကၽြန္ေတာ္တို႔ကပိုင္ရွင္ေလ။ ေျပာင္းျပန္ျဖစ္ေနတာေပါ့။ ဒါကိ္ု တရားဥပေဒ ကလည္း အကာအကြယ္မေပးတဲ့အျပင္ သူတို႔ဖက္ကို လိုက္ေနတဲ့သေဘာမ်ိဳး ျဖစ္ေနတာေပါ့။ ဒီလို ဥပေဒမ်ိဳးဆိုကၽြန္ေတာ္တို႕နဲ႕ လုံးဝမကိုက္ဘူး ”ဟု ေလာပိတေက်းရြာမွ ဦးေဆာ္ရယ္ကေျပာသည္။

လက္ရွိျပဌာန္းထားေသာ လယ္ယာေျမဥပေဒအားက်င့္သံုးရာတြင္ သက္ဆိုင္ရာဌာနမ်ား၊ အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းအခ်ိဳ႕၏ ဘက္လိုက္ေဆာင္ရြက္မႈမ်ားကလည္း ဥပေဒအေပၚ ဌာေန တုိင္းရင္းသားမ်ား အယံုအၾကည္မဲ့လာျခင္းျဖစ္သည္ဟု ကယားျပည္နယ္ ေျပာင္းစိုက္ပ်ိဳး ထုတ္လုပ္သူမ်ား အသင္း တာဝန္ခံ ဦးျမင့္ေအာင္က သံုးသပ္သည္။

“ ေတာင္သူေတြအတြက္ေပ့ါေနာ္။ ပုံစံ (၇) ေတြထုတ္ေပးဖို႔ ေလွ်ာက္ၾကဆိုျပန္ေတာ့လည္း တကယ့္ ဘိုးဘြားပိုင္ေျမေတြရဲ႕ ပိုင္ရွင္ ေတာင္သူေတြကို တလြဲေတြလုပ္ေပးတယ္။ တခ်ိဳ႕ကိုမလုပ္ေပးဘူး။ က်ဴးေက်ာ္ၿပီး လုပ္တဲ့သူေတြကိုက်ေတာ့ အကုန္လုပ္ေပးတယ္ ။ အစိုးရဌာနေတြက အလုပ္သိပ္မလုပ္တာ ေပၚလြင္ေနတယ္ ။ တရားစြဲခံရျပန္ေတာ့ ပိုင္ရွင္ကိုတရားျပန္စြဲတယ္။ ဒီေတာင္သူေတြက ဥပေဒဆိုတာ ဘာလဲေတာင္ မသိနားမလည္တဲ့သူေတြေလ ”ဟု ကယားျပည္နယ္ ေျပာင္းစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း တာဝန္ခံ ဦးျမင့္ေအာင္က ေျပာသည္။

လက္ရွိတြင္ ျပည္နယ္တြင္း ဌာေနတိုင္းရင္းသားမ်ား၏ ေျမယာမ်ားသိမ္းဆည္းခံရမႈႏွင့္အတူ ဌာေနတိုင္းရင္းသား ေျမပိုင္ရွင္မ်ား တရားစြဲဆိုခံရျခင္းမ်ားျဖင့္ ႀကံဳေတြ႔ေနရျခင္းမ်ားကို လက္ရိွဥပေဒက အကာအကြယ္မေပးႏိုင္ဟု ယူဆသျဖင့္ ေဒသခံမ်ားအေနျဖင့္ ဓေလ့ထံုးတမ္းဥပေဒကို အသံုးျပဳလိုျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ဌာနေတိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်ခွင့်အား အကာအကွယ်ဖြစ်နိုင်မည့် ရိုးရာ ဓလေ့ထုံးတမ်း ဥပဒေကျင့် သုံးနိုင်ရေး ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်း ရေးဆွဲနေကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

“ဒီ ၂၀၁၂ လယ်မြေဥပဒေပေါ့။ တောင်သူတွေအတွက် ကျွန်တော်တို့ ပြည်နယ်ထဲက ဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ရိုးရာဓလေ့ထုံးတမ်းတွေကို လုံးဝမကာကွယ်ပေးနိုင်ဘူး။ ကျွန်တော်တို့ ပြည်နယ်ထဲက တောင်သူတွေနဲ့လည်း ဒီဥပဒေက သဟဇာတ မဖြစ်ဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေက ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ နေလာခဲ့တာ။ ကျွန်တော်တို့အတွက် အကာအကွယ် ဖြစ်ရင် ဒီဥပဒေကို လိုက်နာမှာပဲ။ အခုက ဒုက္ခပေးတဲ့ ဥပဒေတစ်ခုလိုပဲ ဖြစ်နေတယ် ”ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ခူးတူရယ်က ပြောသည်။

လက်ရှိကျင့်သုံးနေသည့် လယ်ယာမြေဥပဒေများမှာ ပြည်နယ်တွင်း တောင်သူများနှင့် သဟဇာတ မဖြစ်သည့် အချက်များ ရှိသဖြင့် ယင်းကဲ့သို့ရေးဆွဲနခြေင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေက ဒီမြေတွေမှာ ဘိုးဘွားစဉ်ဆက်ကတည်းက နေထိုင်လုပ်ကိုင်လာကြတယ်။ စီမံကိန်းတွေလာတော့ ကျွန်တော်တို့ ခဏဖယ်ပေးရပြန်တယ်။ စီမံကိန်းပြီးတော့လည်း ဒီမြေတွေမှာ အဲဒီ စီမံကိန်းမှာလုပ်တဲ့ ဝန်ထမ်းတွေက အကုန်စိုက်စားကုန်တယ်။ စီမံကိန်းပြီးပြီဖြစ်လို့ ကျွန်တော်တို့မြေကို ကျွန်တော်တို့ ပြန်တောင်းတယ်။ ပြန်လုပ်စားတယ်။ ဒါကို သူတို့က ကျွန်တော်တို့ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်။ ရင်နာစရာပေါ့။ ကျွန်တော်တို့ကပိုင်ရှင်လေ။ ပြောင်းပြန်ဖြစ်နေတာပေါ့။ ဒါကို် တရားဥပဒေ ကလည်း အကာအကွယ်မပေးတဲ့အပြင် သူတို့ဖက်ကို လိုက်နေတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ ဒီလို ဥပဒေမျိုးဆိုကျွန်တော်တို့နဲ့ လုံးဝမကိုက်ဘူး ”ဟု လောပိတကျေးရွာမှ ဦးဆော်ရယ်ကပြောသည်။

လက်ရှိပြဌာန်းထားသော လယ်ယာမြေဥပဒေအားကျင့်သုံးရာတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းအချို့၏ ဘက်လိုက်ဆောင်ရွက်မှုများကလည်း ဥပဒေအပေါ် ဌာနေ တိုင်းရင်းသားများ အယုံအကြည်မဲ့လာခြင်းဖြစ်သည်ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများ အသင်း တာဝန်ခံ ဦးမြင့်အောင်က သုံးသပ်သည်။

“ တောင်သူတွေအတွက်ပေါ့နော်။ ပုံစံ (၇) တွေထုတ်ပေးဖို့ လျှောက်ကြဆိုပြန်တော့လည်း တကယ့် ဘိုးဘွားပိုင်မြေတွေရဲ့ ပိုင်ရှင် တောင်သူတွေကို တလွဲတွေလုပ်ပေးတယ်။ တချို့ကိုမလုပ်ပေးဘူး။ ကျူးကျော်ပြီး လုပ်တဲ့သူတွေကိုကျတော့ အကုန်လုပ်ပေးတယ်။ အစိုးရဌာနတွေက အလုပ်သိပ်မလုပ်တာ ပေါ်လွင်နေတယ်။ တရားစွဲခံရပြန်တော့ ပိုင်ရှင်ကိုတရားပြန်စွဲတယ်။ ဒီတောင်သူတွေက ဥပဒေဆိုတာ ဘာလဲတောင် မသိနားမလည်တဲ့သူတွေလေ ”ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ခံ ဦးမြင့်အောင်က ပြောသည်။

လက်ရှိတွင် ပြည်နယ်တွင်း ဌာနေတိုင်းရင်းသားများ၏ မြေယာများသိမ်းဆည်းခံရမှုနှင့်အတူ ဌာနေတိုင်းရင်းသား မြေပိုင်ရှင်များ တရားစွဲဆိုခံရခြင်းများဖြင့် ကြုံတွေ့နေရခြင်းများကို လက်ရှိဥပဒေက အကာအကွယ်မပေးနိုင်ဟု ယူဆသဖြင့် ဒေသခံများအနဖြေင့် ဓလေ့ထုံးတမ်းဥပဒေကို အသုံးပြုလိုခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~