ဆိုင္ကယ္လိုင္စင္ျပဳလုပ္သူနည္းသည့္ ေက်ာက္မဲတြင္ တစ္ေနရာတည္း လုိင္စင္အၿပီးအစီးထုတ္ေပးျခင္းႏွင့္ ဒဏ္ေၾကးေလွ်ာ့ေပါ့ျခင္းျဖင့္ ေဆာင္ရြက္ေပးေန

ဆိုင္ကယ္လိုင္စင္ျပဳလုပ္သူနည္းသည့္ ေက်ာက္မဲတြင္ တစ္ေနရာတည္း လုိင္စင္အၿပီးအစီးထုတ္ေပးျခင္းႏွင့္ ဒဏ္ေၾကးေလွ်ာ့ေပါ့ျခင္းျဖင့္ ေဆာင္ရြက္ေပးေန
စက်တင်ဘာ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ မွတ္ပံုတင္မဲ့ ဆုိင္ကယ္မ်ား ေဒသလိုင္စင္ထုတ္ေပးျခင္းအား ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ေက်ာက္မဲခရိုင္ရံုးတြင္ တစ္ေနရာတည္း အၿပီးအစီး လုပ္ေဆာင္ေပးျခင္းကို ရံုးဖြင့္ရက္မ်ားအတြင္း စက္တင္ဘာလ (၁)ရက္ေန႔မွစ၍ လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

“ရံုးဖြင့္ရက္တိုင္း လုပ္ေပးမွာ ျဖစ္ပါတယ္။ ဘယ္ေန႔အထိဆိုတာကို ကန္႔သတ္မထားေသးပါဘူး။ ေက်ာက္မဲခရိုင္ အတြင္းမွာ ေမာ္ေတာ္ဆိုင္ကယ္ လိုင္စင္ျပဳလုပ္တာ အရမ္းနည္းပါးတဲ့အတြက္ အခုလို ျပဳလုပ္ေပးတာျဖစ္ပါတယ္။ ကညနရံုးမွာပဲ One Stop Service စနစ္နဲ႔ အၿပီးလုပ္ေပးတာျဖစ္ပါတယ္”ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ မတ္လ(၁)ရက္ေန႔မွ စတင္၍ ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား တစ္ေနရာတည္း အၿပီးအစီး ေဒသလိုင္စင္ထုတ္ေပးျခင္းကို အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း ေဆာင္ရြက္ေပး ေနရာမွ ဇြန္လဆန္းတြင္ ေခတၱရပ္နားထားကာ စက္တင္ဘာလ (၁)ရက္ေန႔မွစ၍ တစ္ျပည္နယ္လံုး အတုိင္းအတာျဖင့္ ရံုးဖြင့္ရက္မ်ားတြင္ လိုင္စင္ထုတ္ေပးမည္ျဖစ္ေသာ္လည္း ယခင္ကဲ့သို႔ တစ္ေနရာတည္း အၿပီးအစီးေဆာင္ရြက္ေပးျခင္း မရိွေတာ့ေၾကာင္း သိရသည္။

အပတ္စဥ္ လုိင္စင္ထုတ္ေပးသည့္ သံုးလတာအတြင္း ေက်ာက္မဲၿမိဳ႕မွ လိုင္စင္လုပ္သည့္ ေမာ္ေတာ္ဆိုင္ကယ္ အစီးေရမွာ စုစုေပါင္း (၃၅)စီးသာရိွသျဖင့္ တစ္ေနရာတည္း အၿပီးအစီး လိုင္စင္ထုတ္ေပးျခင္းအား ဆက္လက္လုပ္ေဆာင္ေပးေနသည့္အျပင္ တရုတ္ႏိုင္ငံထုတ္ ၂၀၁၇ ခုႏွစ္ ေမာ္ဒယ္ဆိုင္ကယ္မ်ားအား ၂၀၁၆ ခုႏွစ္ ေမာ္ဒယ္ဒဏ္ေၾကးျဖင့္သာ ဒဏ္ေၾကးေလွ်ာ့၍ ျပဳလုပ္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕စည္ပင္သာယာနယ္နိမိတ္အတြင္း ေမာ္ေတာ္ဆိုင္ကယ္အေရာင္းဆိုင္မ်ားကိုလည္း လိုင္စင္ျပဳလုပ္ေပးျပီးဆိုင္ကယ္မ်ားသာ ေရာင္းခ်ရန္ သက္ဆုိင္ရာက ညိႇႏိႈင္းေဆြးေႏြးထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မှတ်ပုံတင်မဲ့ ဆိုင်ကယ်များ ဒေသလိုင်စင်ထုတ်ပေးခြင်းအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကျောက်မဲခရိုင်ရုံးတွင် တစ်နေရာတည်း အပြီးအစီး လုပ်ဆောင်ပေးခြင်းကို ရုံးဖွင့်ရက်များအတွင်း စက်တင်ဘာလ (၁)ရက်နေ့မှစ၍ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ရုံးဖွင့်ရက်တိုင်း လုပ်ပေးမှာ ဖြစ်ပါတယ်။ ဘယ်နေ့အထိဆိုတာကို ကန့်သတ်မထားသေးပါဘူး။ ကျောက်မဲခရိုင် အတွင်းမှာ မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်တာ အရမ်းနည်းပါးတဲ့အတွက် အခုလို ပြုလုပ်ပေးတာဖြစ်ပါတယ်။ ကညနရုံးမှာပဲ One Stop Service စနစ်နဲ့ အပြီးလုပ်ပေးတာဖြစ်ပါတယ်”ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် မတ်လ(၁)ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား တစ်နေရာတည်း အပြီးအစီး ဒေသလိုင်စင်ထုတ်ပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေး နေရာမှ ဇွန်လဆန်းတွင် ခေတ္တရပ်နားထားကာ စက်တင်ဘာလ (၁)ရက်နေ့မှစ၍ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ရုံးဖွင့်ရက်များတွင် လိုင်စင်ထုတ်ပေးမည်ဖြစ်သော်လည်း ယခင်ကဲ့သို့ တစ်နေရာတည်း အပြီးအစီးဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း သိရသည်။

အပတ်စဉ် လိုင်စင်ထုတ်ပေးသည့် သုံးလတာအတွင်း ကျောက်မဲမြို့မှ လိုင်စင်လုပ်သည့် မော်တော်ဆိုင်ကယ် အစီးရေမှာ စုစုပေါင်း (၃၅)စီးသာရှိသဖြင့် တစ်နေရာတည်း အပြီးအစီး လိုင်စင်ထုတ်ပေးခြင်းအား ဆက်လက်လုပ်ဆောင်ပေးနေသည့်အပြင် တရုတ်နိုင်ငံထုတ် ၂၀၁၇ ခုနှစ် မော်ဒယ်ဆိုင်ကယ်များအား ၂၀၁၆ ခုနှစ် မော်ဒယ်ဒဏ်ကြေးဖြင့်သာ ဒဏ်ကြေးလျှော့၍ ပြုလုပ်ပေးနခြေင်း ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်အရောင်းဆိုင်များကိုလည်း လိုင်စင်ပြုလုပ်ပေးပြီးဆိုင်ကယ်များသာ ရောင်းချရန် သက်ဆိုင်ရာက ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~