ေက်ာက္မဲၿမိဳ႕တြင္ ပူးေပါင္းအဖြဲ႕ျဖင့္ လံုၿခံဳေရးကင္းလွည့္ေဆာင္ရြက္မႈလုပ္ေဆာင္ေန

ေက်ာက္မဲၿမိဳ႕တြင္ ပူးေပါင္းအဖြဲ႕ျဖင့္ လံုၿခံဳေရးကင္းလွည့္ေဆာင္ရြက္မႈလုပ္ေဆာင္ေန
စက်တင်ဘာ 13, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ စက္တင္ဘာလ(၁၂)ရက္ေန႔ ညပိုင္းက ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ၿမိဳ႕မရဲတပ္ဖြဲ႔၊ အမွတ္(၁)စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္အင္အား၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔အင္အားတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ နယ္ေျမေအးခ်မ္းေရး၊ ပိတ္ဆို႔ေရးႏွင့္ လွည့္ကင္းေဆာင္ရြက္မႈလုပ္ငန္း လုပ္ေဆာင္ခဲ့သည္။

အဆိုပါပူးေပါင္းအဖြဲ႕တြင္ အမွတ္(၁)စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ ဗိုလ္ႀကီးေသာ္ဇင္ေအာင္ဦးစီးသည့္ အင္အား(၁၁)ဦး၊ ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ ဒုတိယၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး သန္းေဇာ္ေထြး ဦးစီးသည့္ အင္အား(၇)ဦး၊ ၿမိဳ႕မရဲတပ္ဖြဲ႔မွ စခန္းမွဴး ဒုရဲမွဴး ဟန္ဝင္းလႈိင္ဦးစီးသည့္ အင္အား (၇)ဦး၊ ၿမိဳ႕မရဲတပ္ဖြဲ႔ နယ္ထိန္းေခါင္းေဆာင္ ဦးစီးသည့္ အင္အား (၆)ဦး၊ ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔မွ လက္ေထာက္ဦးစီးမွဴး ေဝလြင္ဦး ဦးစီးသည့္ အင္အား(၅)ဦး ပါဝင္သည့္အဖြဲ႔ျဖင့္ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕တြင္း ၿမိဳ႕ျပင္ နယ္ေျမေအးခ်မ္းေရး၊ ပိတ္ဆို႔ေရးႏွင့္ လွည့္ကင္းေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

ေက်ာက္မဲၿမိဳ႕ေပၚရပ္ကြက္(၇)ခုမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားလည္းပူးေပါင္းပါဝင္ခဲ့ၿပီး စက္တင္ဘာလ (၁၂)ရက္ေန႔ ည(၈)နာရီမွစ၍ ၿမိဳ႕တြင္း လမ္းမႀကီးမ်ားအပါအဝင္ ၿမိဳ႕အဝင္ရွိ Oriental Highway တိုးဂိတ္ တြင္လည္း ပိတ္ဆို႔ရွာေဖြေရးႏွင့္ လွည့္ကင္းေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် လုံခြုံရေးကင်းလှည့်ဆောင်ရွက်မှုလုပ်ဆောင်နေ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် စက်တင်ဘာလ(၁၂)ရက်နေ့ ညပိုင်းက ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲတပ်ဖွဲ့၊ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အင်အား၊ မြို့နယ်မီးသတ်တပ်ဖွဲ့အင်အားတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေအေးချမ်းရေး၊ ပိတ်ဆို့ရေးနှင့် လှည့်ကင်းဆောင်ရွက်မှုလုပ်ငန်း လုပ်ဆောင်ခဲ့သည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်ကြီးသော်ဇင်အောင်ဦးစီးသည့် အင်အား(၁၁)ဦး၊ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး သန်းဇော်ထွေး ဦးစီးသည့် အင်အား(၇)ဦး၊ မြို့မရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်ဦးစီးသည့် အင်အား (၇)ဦး၊ မြို့မရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဦးစီးသည့် အင်အား (၆)ဦး၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး ဝေလွင်ဦး ဦးစီးသည့် အင်အား(၅)ဦး ပါဝင်သည့်အဖွဲ့ဖြင့် ကျောက်မဲမြို့ မြို့တွင်း မြို့ပြင် နယ်မြေအေးချမ်းရေး၊ ပိတ်ဆို့ရေးနှင့် လှည့်ကင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့ပေါ်ရပ်ကွက်(၇)ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းပူးပေါင်းပါဝင်ခဲ့ပြီး စက်တင်ဘာလ (၁၂)ရက်နေ့ ည(၈)နာရီမှစ၍ မြို့တွင်း လမ်းမကြီးများအပါအဝင် မြို့အဝင်ရှိ Oriental Highway တိုးဂိတ် တွင်လည်း ပိတ်ဆို့ရှာဖွေရေးနှင့် လှည့်ကင်းဆောင်ရွက်မှုများ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~