(၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုဝန္းအတြင္း စုေပါင္းသန္႔ရွင္းေရးျပဳလုပ္

(၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုဝန္းအတြင္း စုေပါင္းသန္႔ရွင္းေရးျပဳလုပ္
စက်တင်ဘာ 23, 2017
By 🌸
(၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္ အေနျဖင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ အမွတ္(၁၂၀)ယာဥ္ထိန္းရဲတပ္ဖြဲ႔စုႏွင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနတို႔ ပူးေပါင္းအင္အား(၁၀၀)ေက်ာ္ျဖင့္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုဝန္းအတြင္း စက္တင္ဘာလ(၂၃)ရက္ေန႔က လုပ္အားေပး စုေပါင္းသန္႔ရွင္းေရးျပဳလုပ္သည္။

ရဲတပ္ဖြဲ႕ႏွင့္ မီးသတ္တပ္ဖြဲ႕တို႔က ျပည္သူ႔ေဆးရံုဝန္းအတြင္း လူနာကုသေဆာင္မ်ားအနီးမွ ျမက္ပင္ၿခံဳႏြယ္မ်ားရွင္းလင္းျခင္းလုပ္ေဆာင္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနကလည္း အမိႈက္သယ္ယာဥ္မ်ားႏွင့္ အမႈိက္သိမ္းလုပ္သားမ်ား ပူးေပါင္းကူညီခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္မည့္ (၅၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔ကို ႀကိဳဆိုဂုဏ္ျပဳျခင္းအား လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျောက်မဲပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်
*************
(၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအင်အား(၁၀၀)ကျော်ဖြင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း စက်တင်ဘာလ(၂၃)ရက်နေ့က လုပ်အားပေး စုပေါင်းသန့်ရှင်းရေးပြုလုပ်သည်။

ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က ပြည်သူ့ဆေးရုံဝန်းအတွင်း လူနာကုသဆောင်များအနီးမှ မြက်ပင်ခြုံနွယ်များရှင်းလင်းခြင်းလုပ်ဆောင်ရာ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနကလည်း အမှိုက်သယ်ယာဉ်များနှင့် အမှိုက်သိမ်းလုပ်သားများ ပူးပေါင်းကူညီခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုခြင်းအား လုပ်ဆောင်နေကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~