ကျောက်မဲမြို့နယ်အတွင်း ကြက်ဥကြက်သားဈေးနှုန်းကျဆင်း၍ ပြင်ဦးလွင်ဈေးကွက် တင်ပို့နေရ
ကျောက်မဲမြို့နယ်အတွင်း ကြက်ဥကြက်သားဈေးနှုန်းကျဆင်း၍ ပြင်ဦးလွင်ဈေးကွက် တင်ပို့နေရ
စကျတငျဘာ 6, 2017
By 🌸
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမည်ကို စိုးရိမ်မှုများကြောင့် ဇူလိုင်လမှစ၍ ကြက်ဥ၊ ကြက်သားဈေးနှုန်းကျဆင်းပြီး ရောင်းအားကျလာသဖြင့် ပြင်ဦးလွင်အထိပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
ကြက်ဥတစ်ပိဿဈေးနှုန်းမှာ ဇွန်လအတွင်းက ကျပ်(၂၄၀၀) ဝန်းကျင်အထိရှိခဲ့သော်လည်း သြဂုတ်လအတွင်း တစ်ပိဿလျှင် ကျပ်(၁၄၀၀)ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းသွားပြီး အများဆုံးမှာ ကျပ်(၂၀၀၀)နှုန်းသာ ရောင်းချရကြောင်း သိရသည်။
ဒေသတွင်း ကြက်သားဈေးနှုန်းများလည်း ကျဆင်းလျှက်ရှိပြီး ယခင်က အသားတိုးကြက်တစ်ပိဿလျှင် ကျပ် (၄၀၀၀)ဝန်းကျင်ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿလျှင် ကျပ် (၂၀၀၀)ခန့်သာရကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ်အတွင်း ကြက်ဥကြက်သားစျေးနှုန်းကျဆင်း၍ ပြင်ဦးလွင်စျေးကွက် တင်ပို့နေရ
******
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမည်ကို စိုးရိမ်မှုများကြောင့် ဇူလိုင်လမှစ၍ ကြက်ဥ၊ ကြက်သားစျေးနှုန်းကျဆင်းပြီး ရောင်းအားကျလာသဖြင့် ပြင်ဦးလွင်အထိပါ တင်ပို့ရောင်းချနေရကြောင်း သိရသည်။
“ကြက်ငှက်တုပ်ကွေးရောဂါက ဖြစ်ပွားမှုမရှိပါဘူး။ ဒါပေမဲ့ စားသုံးသူတွေက အဲဒီရောဂါစတင်လာတဲ့အချိန်ကစပြီး ကြက်ဥ၊ ကြက်သားဝယ်ယူမှုနှုန်း ကျဆင်းသွားတယ်။ စျေးတွေလည်း ခဏခဏကျတယ်။ ဒီနှစ် မိုးရာသီထဲမှာ ကြက်ဥစျေး တစ်ပိဿကို (၁၄၀၀) ကျပ်ဝန်းကျင်အထိ ကျထားတယ်။ လတ်တလောစျေးနှုန်းလည်း တည်ငြိမ်မှုမရှိဘူး။ တစ်ချို့လုပ်ငန်းရှင်တွေကတော့ ပြင်ဦးလွင်ဘက်ကို ဆင်းပြီး ရောင်းနေရတယ်” ဟု ကျောက်မဲရှိ တံခွန်စုပေါင်းမွေးမြူရေးဇုန်မှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမောင်ကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကြက်ဥတစ်ပိဿစျေးနှုန်းမှာ ဇွန်လအတွင်းက ကျပ်(၂၄၀၀) ဝန်းကျင်အထိရှိခဲ့သော်လည်း သြဂုတ်လအတွင်း တစ်ပိဿလျှင် ကျပ်(၁၄၀၀)ဝန်းကျင်အထိ စျေးနှုန်းကျဆင်းသွားပြီး အများဆုံးမှာ ကျပ်(၂၀၀၀)နှုန်းသာ ရောင်းချရကြောင်း သိရသည်။
“ကြက်ဥတစ်ပိဿရဲ့အရင်းက ကျပ်(၁၈၀၀)ရှိတယ်။ အခု တစ်ပိဿမှ (၂၀၀၀)ကျပ်ပဲရတာဆိုတော့ (၂၀၀) မြတ်တယ်ဆိုပေမဲ့ ဥစားကြက်ကို အရွယ်ရောက်တဲ့အထိမွေးထားရတဲ့ ကုန်ကျစရိတ်ကိုပြန်မရဘူး။ ရှုံးတယ် ဆိုပေမဲ့လည်း ရတဲ့စျေးနဲ့ပဲရောင်းရတာပဲ။ စျေးပြန်တက်လာမယ့်အချိန်ကိုပဲ မျှော်လင့်နေရတယ်” ဟု မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဒေသတွင်း ကြက်မွေးမြူရေးခြံများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စစ်ဆေးခြင်း၊ ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်ခြင်းတို့အား လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ဒေသတွင်း ကြက်သားစျေးနှုန်းများလည်း ကျဆင်းလျှက်ရှိပြီး ယခင်က အသားတိုးကြက်တစ်ပိဿလျှင် ကျပ် (၄၀၀၀)ဝန်းကျင်ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿလျှင် ကျပ် (၂၀၀၀)ခန့်သာရကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~