ေက်ာက္မဲတြင္ လမ္းေဘးသစ္ပင္မ်ားခုတ္ျခင္းႏွင့္ လွ်ပ္စစ္ဌာနမွျပဳျပင္မႈအခ်ိဳ႕လုပ္ေဆာင္ေန၍ ညေန (၄)နာရီအထိ မီးျပတ္မည္

ေက်ာက္မဲတြင္ လမ္းေဘးသစ္ပင္မ်ားခုတ္ျခင္းႏွင့္ လွ်ပ္စစ္ဌာနမွျပဳျပင္မႈအခ်ိဳ႕လုပ္ေဆာင္ေန၍ ညေန (၄)နာရီအထိ မီးျပတ္မည္
စက်တင်ဘာ 24, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၇)ရပ္ကြက္ လမ္းေပၚတြင္မိုးေနသည့္ သစ္ပင္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းနွင့္ ထရန္စေဖာ္မာတိုင္အသစ္လဲလွယ္ျခင္းမ်ား ေဆာင္ရြက္ေန၍ စက္တင္ဘာလ (၂၄)ရက္ေန႔ ညေန (၄)နာရီအထိ လွ်ပ္စစ္မီးျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

ပင္လံုလမ္း ႏွင့္ စာတိုက္လမ္းဆံုအနီးရွိ လမ္းမႀကီးေပၚတြင္အုပ္ေနသည့္ သစ္ပင္မ်ားရွင္းလင္းျခင္းအား ေအာင္မဂၤလာက်န္းမာေရးေစာင့္ေရွာက္မႈ ပရဟိတအသင္းက ေဆာင္ရြက္ေနသျဖင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာန မွတပ္ဖြဲ႔ဝင္မ်ားႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ပူးေပါင္းေဆာင္ရြက္ေနၿပီး ပင္လံုလမ္းႏွင့္ ေက်ာက္မဲ-မိုးကုတ္လမ္းဆံုမွ  ထရန္စေဖၚမာတိုင္အသစ္ေျပာင္းလဲတပ္ဆင္ျခင္း လွ်ပ္စစ္ဌာနက ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု  #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲတွင် လမ်းဘေးသစ်ပင်များခုတ်ခြင်းနှင့် လျှပ်စစ်ဌာနမှပြုပြင်မှုအချို့လုပ်ဆောင်နေ၍ ညနေ (၄)နာရီအထိ မီးပြတ်မည်
*****
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၇)ရပ်ကွက် လမ်းပေါ်တွင်မိုးနေသည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထရန်စဖော်မာတိုင်အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်နေ၍ စက်တင်ဘာလ (၂၄)ရက်နေ့ ညနေ (၄)နာရီအထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
ပင်လုံလမ်း နှင့် စာတိုက်လမ်းဆုံအနီးရှိ လမ်းမကြီးပေါ်တွင်အုပ်နေသည့် သစ်ပင်များရှင်းလင်းခြင်းအား အောင်မင်္ဂလာကျန်းမာရေးစောင့်ရှောက်မှု ပရဟိတအသင်းက ဆောင်ရွက်နေသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန မှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနက ပူးပေါင်းဆောင်ရွက်နေပြီး ပင်လုံလမ်းနှင့် ကျောက်မဲ-မိုးကုတ်လမ်းဆုံမှ  ထရန်စဖေါ်မာတိုင်အသစ်ပြောင်းလဲတပ်ဆင်ခြင်း လျှပ်စစ်ဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ  #နေဖြိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~