ေက်ာက္မဲၿမိဳ႕ေပၚရပ္ကြက္ရိွ ေနအိမ္တစ္လံုးတြင္ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ား ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕ေပၚရပ္ကြက္ရိွ ေနအိမ္တစ္လံုးတြင္ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕ နမ့္ဟူးေတာင္းေက်းရြာအုပ္စု ပန္ေပါင္းေက်းရြာရိွ ေနအိမ္တစ္လံုးအား စက္တင္ဘာလ (၇)ရက္ေန႔ ေန႔လယ္က ရဲႏွင့္တပ္မေတာ္ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“မူးယစ္ေဆးဝါးနဲ႔ လက္နက္သတင္းအရ တပ္အဖြဲ႕နဲ႔ပူးေပါင္းေဆာင္ရြက္တဲ့အခါမွာ ဒူးေလးေသနတ္ပံုစံေပါ့ အဲဒါရယ္ ေနာက္ စကားေျပာစက္၊ လက္ပစ္ဗံုးတစ္လံုးရယ္ ၊ မူးယစ္ေဆးဝါးရယ္၊ ေသနတ္ရယ္ ဖမ္းဆီးရမိတာေပါ့။ တရားခံအမ်ိဳးသားက ပစ္ေျပး ေျပးသြားတယ္။ မမိလိုက္ဘူး။ အမ်ိဳးသမီးကိုေတာ့ အိမ္ထဲမွာ မိတယ္။ ေလာေလာဆယ္ေတာ့ ဆက္ၿပီးေဆာင္ရြက္ေနတုန္း ရိွပါေသးတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴး ဟန္ဝင္းလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေနအိမ္၏ ပတ္လည္တြင္ စီစီတီဗီမ်ား တပ္ဆင္ထားသည္ကို ေတြ႔ရကာ ေနအိမ္အတြင္းမွ ဗံုးသီး၊ ေသနတ္၊ တူမီး၊ ဓါး၊ လွံ၊ စကားေျပာစက္၊ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိထားၿပီး ထြက္ေျပးတရားခံ ဖမ္းဆီးရမိေရးကို ဆက္လက္ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း  ကနဦးသတင္းအရ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #kmm

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ
*******
ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့ နမ့်ဟူးတောင်းကျေးရွာအုပ်စု ပန်ပေါင်းကျေးရွာရှိ  နေအိမ်တစ်လုံးအား စက်တင်ဘာလ (၇)ရက်နေ့ နေ့လယ်က ရဲနှင့်တပ်မတော်ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနဲ့ လက်နက်သတင်းအရ တပ်အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဒူးလေးသေနတ်ပုံစံပေါ့ အဲဒါရယ် နောက် စကားပြောစက်၊ လက်ပစ်ဗုံးတစ်လုံးရယ် ၊ မူးယစ်ဆေးဝါးရယ်၊ သေနတ်ရယ် ဖမ်းဆီးရမိတာပေါ့။ တရားခံအမျိုးသားက ပစ်ပြေး ပြေးသွားတယ်။ မမိလိုက်ဘူး။ အမျိုးသမီးကိုတော့ အိမ်ထဲမှာ မိတယ်။ လောလောဆယ်တော့ ဆက်ပြီးဆောင်ရွက်နေတုန်း ရှိပါသေးတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနေအိမ်၏ ပတ်လည်တွင် စီစီတီဗီများ တပ်ဆင်ထားသည်ကို တွေ့ရကာ နေအိမ်အတွင်းမှ ဗုံးသီး၊ သေနတ်၊ တူမီး၊ ဓါး၊ လှံ၊ စကားပြောစက်၊ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိထားပြီး ထွက်ပြေးတရားခံ ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း  ကနဦးသတင်းအရ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #kmm

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~