ေက်ာက္မဲတြင္ မူးယစ္သတင္းအရဝင္ဖမ္းသည့္ပူးေပါင္းအဖြဲ႕အား ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသူ လြတ္ေျမာက္ေနဆဲ

ေက်ာက္မဲတြင္ မူးယစ္သတင္းအရဝင္ဖမ္းသည့္ပူးေပါင္းအဖြဲ႕အား ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသူ လြတ္ေျမာက္ေနဆဲ
စက်တင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕ နမ့္ဟူးေတာင္းေက်းရြာအုပ္စု ပန္ေပါင္းေက်းရြာတြင္ စက္တင္ဘာလ(၇)ရက္ေန႔ ေန႔လယ္(၁၂)နာရီ ေက်ာ္က ရဲတပ္ဖြဲ႕ႏွင့္ တပ္မေတာ္ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြစဥ္ ပစ္ခတ္ထြက္ေျပးသြားသူမွာ မူးယစ္ေဆးဝါး သံုးစြဲ၊ေရာင္းခ်ရန္ ေရာက္ရိွေနသူျဖစ္ၿပီး ယခုအခ်ိန္ထိ လြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“အဲဒီမွာ အိမ္ရွင္ျဖစ္သူအမ်ိဳးသားက ေသနတ္နဲ႔စတင္ပစ္ခတ္ၿပီး ေနအိမ္အေနာက္ဖက္ကို ထြက္ေျပးတယ္။ စစ္တပ္အဖြဲ႔က လိုက္လံဖမ္းဆီးေပမဲ့ အဲဒီအမ်ိဳးသားက ပစ္ခတ္ထြက္ေျပးသြားတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴးဟန္ဝင္းလႈိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေဘးရိွ  နမ့္ဟူးေတာင္း ေက်းရြာအုပ္စု၊ ပန္ေပါင္းေက်းရြာ မေအးေနာ္၏ ေနအိမ္တြင္ လက္နက္ကိုင္ေဆာင္၍ မူးယစ္ေဆးဝါးေရာင္းခ်မႈမ်ား ျပဳလုပ္ေနေၾကာင္း သတင္းအရ အမွတ္(၅၀၆)ေျချမန္တပ္မွ အရာရိွစစ္သည္မ်ား၊ ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ နယ္ထိန္းတပ္ဖြဲ႔မ်ား၊ အမွတ္(၄၄၆) သတင္းတပ္ဖြဲ႔စုႏွင့္ နမ့္ဟူးေတာင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္  ဝင္ေရာက္ရွာေဖြရာ ေနအိမ္တြင္းမွ အမ်ိဳးသားတစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္၍ ခုခံထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ရွာေဖြရာ WY စိတ္ၾကြရူးသြပ္ေဆးျပား (၁၇၇)ျပား၊ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလေသနတ္တစ္လက္၊ မွန္ေျပာင္းပါ တရုတ္ႏိုင္ငံလုပ္ ဒူးေလး (၁)လက္၊ ဒူးေလး ကိုယ္ထည္တစ္ခု၊ ဒူးေလးတြင္ထည့္သြင္းပစ္ခတ္ရသည့္ ခဲဖူးတပ္ျမႇား(၁၇)ေခ်ာင္း၊ MG-1 ပလပ္စတစ္လက္ပစ္ဗံုး(၁)လံုးႏွင့္ ဗံုးတြင္တပ္ဆင္ အသံုးျပဳရသည့္ ျဖဴး(၁)ေခ်ာင္း၊ 9-mm ပစၥတိုက်ည္(၅)ေတာင့္၊ ပလပ္စတစ္က်ည္အိမ္(၁)ခု၊ စကားေျပာစက္(၁)လံုး၊ အရိုးအသြား (၂)ေပ(၅)လက္မခန္႔ ဓါး (၁)ေခ်ာင္း၊ အရိုးအသြား(၃)ေပ(၁)လက္မခန္႔ရွိ ဓါး (၁)ေခ်ာင္း၊ အရိုး အသြား (၄)ေပ(၉)လက္မခန္႔ရွိ လွံ(၁)ေခ်ာင္းတို႔ႏွင့္အတူ YGN 1H/ 6896 နံပါတ္တပ္ဆင္ထားသည့္ HONDA CRV အမ်ိဳးအစား ခဲေရာင္ကား(၁)စီး တို႔ကို သိမ္းဆည္းရမိခဲ့ၿပီး ေနအိမ္ဝန္းက်င္တြင္ စီစီတီဗီမ်ား တပ္ဆင္ထားေၾကာင္း သိရသည္။

ထြက္ေျပးေနသည့္ အသက္(၃၅)ႏွစ္အရြယ္ ထြန္းဦးဆိုသူသည္ ေက်ာက္မဲၿမိဳ႕နယ္ လြယ္ေခၚေက်းရြာမွျဖစ္ၿပီး မူးယစ္ေဆးသံုးစြဲရန္ႏွင့္ ေရာငး္ဝယ္ရန္ေရာက္ရိွေနသူျဖစ္ေၾကာင္း သိရသည္ဟု ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

ထြက္ေျပးတိမ္းေရွာင္ေနသည့္ ထြန္းဦးႏွင့္ ေနအိမ္ပိုင္ရွင္ မေအးေနာ္တို႔အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၆/၂၀၁၇ အရ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၁၅/ ၁၉(က )/၂၂ (ခ)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္းသိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေက်ာက္မဲၿမိဳ႕မရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲတွင် မူးယစ်သတင်းအရဝင်ဖမ်းသည့်ပူးပေါင်းအဖွဲ့အား သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသူ လွတ်မြောက်နေဆဲ
*******
ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့ နမ့်ဟူးတောင်းကျေးရွာအုပ်စု ပန်ပေါင်းကျေးရွာတွင် စက်တင်ဘာလ(၇)ရက်နေ့ နေ့လယ်(၁၂)နာရီ ကျော်က ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေစဉ် ပစ်ခတ်ထွက်ပြေးသွားသူမှာ မူးယစ်ဆေးဝါး သုံးစွဲ၊ရောင်းချရန် ရောက်ရှိနေသူဖြစ်ပြီး ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

“အဲဒီမှာ အိမ်ရှင်ဖြစ်သူအမျိုးသားက သေနတ်နဲ့စတင်ပစ်ခတ်ပြီး နေအိမ်အနောက်ဖက်ကို ထွက်ပြေးတယ်။ စစ်တပ်အဖွဲ့က လိုက်လံဖမ်းဆီးပေမဲ့ အဲဒီအမျိုးသားက ပစ်ခတ်ထွက်ပြေးသွားတယ်”ဟု ကျောက်မဲမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးဟန်ဝင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးဘေးရှိ  နမ့်ဟူးတောင်း ကျေးရွာအုပ်စု၊ ပန်ပေါင်းကျေးရွာ  မအေးနော်၏ နေအိမ်တွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါးရောင်းချမှုများ ပြုလုပ်နေကြောင်း သတင်းအရ အမှတ်(၅၀၆)ခြေမြန်တပ်မှ အရာရှိစစ်သည်များ၊ ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့များ၊ အမှတ်(၄၄၆) သတင်းတပ်ဖွဲ့စုနှင့် နမ့်ဟူးတောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်  ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်းမှ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်၍ ခုခံထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင်ရှာဖွေရာ WY စိတ်ကြွရူးသွပ်ဆေးပြား (၁၇၇)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လေသေနတ်တစ်လက်၊ မှန်ပြောင်းပါ တရုတ်နိုင်ငံလုပ် ဒူးလေး (၁)လက်၊ ဒူးလေး ကိုယ်ထည်တစ်ခု၊ ဒူးလေးတွင်ထည့်သွင်းပစ်ခတ်ရသည့် ခဲဖူးတပ်မြှား(၁၇)ချောင်း၊ MG-1 ပလပ်စတစ်လက်ပစ်ဗုံး(၁)လုံးနှင့် ဗုံးတွင်တပ်ဆင် အသုံးပြုရသည့် ဖြူး(၁)ချောင်း၊ 9-mm ပစ္စတိုကျည်(၅)တောင့်၊ ပလပ်စတစ်ကျည်အိမ်(၁)ခု၊ စကားပြောစက်(၁)လုံး၊ အရိုးအသွား (၂)ပေ(၅)လက်မခန့် ဓါး (၁)ချောင်း၊ အရိုးအသွား(၃)ပေ(၁)လက်မခန့်ရှိ ဓါး (၁)ချောင်း၊ အရိုး အသွား (၄)ပေ(၉)လက်မခန့်ရှိ လှံ(၁)ချောင်းတို့နှင့်အတူ YGN 1H/ 6896 နံပါတ်တပ်ဆင်ထားသည့် HONDA CRV အမျိုးအစား ခဲရောင်ကား(၁)စီး တို့ကို သိမ်းဆည်းရမိခဲ့ပြီး နေအိမ်ဝန်းကျင်တွင် စီစီတီဗီများ တပ်ဆင်ထားကြောင်း သိရသည်။

ထွက်ပြေးနေသည့် အသက်(၃၅)နှစ်အရွယ် ထွန်းဦးဆိုသူသည် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာမှဖြစ်ပြီး မူးယစ်ဆေးသုံးစွဲရန်နှင့် ရောငး်ဝယ်ရန်ရောက်ရှိနေသူဖြစ်ကြောင်း သိရသည်ဟု ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ထွန်းဦးနှင့် နေအိမ်ပိုင်ရှင် မအေးနော်တို့အား ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၂၆/၂၀၁၇ အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က )/၂၂ (ခ)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကျောက်မဲမြို့မရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~