ေက်ာက္မဲ သခ်ႋဳင္းေဟာင္းတြင္ မူးယစ္ေဆးသံုးစြဲေနသူ(၃)ဦးအား ဖမ္းဆီးရမိ

ေက်ာက္မဲ သခ်ႋဳင္းေဟာင္းတြင္ မူးယစ္ေဆးသံုးစြဲေနသူ(၃)ဦးအား ဖမ္းဆီးရမိ
စက်တင်ဘာ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၊ ရပ္ကြက္(၁)၊ နယ္ေျမ (၆)၊ရွိ ဗမာသခ်ႋဳင္းေဟာင္းဝန္းအတြင္း မူးယစ္ေဆးသံုးစြဲေနသူ (၃)ဦးအား စက္တင္ဘာလ (၄)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕မွ ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ အဆိုပါ သခ်ႋဳင္းေဟာင္းဝန္း အတြင္း စက္တင္ဘာလ (၄)ရက္ေန႔ ညေန (၃)နာရီ (၅၀)မိနစ္ခန္႔က ဝင္ေရာက္ရွာေဖြရာ ဇရပ္ေဟာင္းတြင္ လူ(၃)ဦးအား ေတြ႔ရွိရၿပီး ၎တို႔အနီးတြင္ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴဝါေရာင္အမႈန္႔ (၀.၂)ဂရမ္၊ စိတ္ၾကြရူးသြပ္ေဆးျပား (၂၆)ျပား၊ ေဆးထိုးအပ္သံုးေခ်ာင္းႏွင့္ မူးယစ္ေဆးသံုးရာတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားကို စစ္ေဆးေတြ႕ရိွရသျဖင့္ ၎တို႔၏ ေနအိမ္မ်ားအား ဆက္လက္ရွာေဖြရာ မူးယစ္ေဆးဝါးေတြ႔ရွိရျခင္း မရိွေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးနွင့္ မူးယစ္ေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ အတူ ဖမ္းဆီးရမိသည့္ စြမ္းထက္ေအာင္ဝင္း၊ ေနလင္းေဇာ္ (ခ) ကိုေဇာ္ႏွင့္ ေရႊေအာင္(ခ)တရုတ္ႀကီးတုိ႔အား ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၂၅/၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(၈)/၂၁အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ (၆)၊ရှိ ဗမာသင်္ချိုင်းဟောင်းဝန်းအတွင်း မူးယစ်ဆေးသုံးစွဲနေသူ (၃)ဦးအား စက်တင်ဘာလ (၄)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ကျောက်မဲမြို့မှ ရဲတပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ သင်္ချိုင်းဟောင်းဝန်း အတွင်း စက်တင်ဘာလ (၄)ရက်နေ့ ညနေ (၃)နာရီ (၅၀)မိနစ်ခန့်က ဝင်ရောက်ရှာဖွေရာ ဇရပ်ဟောင်းတွင် လူ(၃)ဦးအား တွေ့ရှိရပြီး၎င်းတို့အနီးတွင် ဘိန်းဖြူဟု ယူဆရသည့် ဖြူဝါရောင်အမှုန့် (ဝ.၂)ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၆)ပြား၊ ဆေးထိုးအပ်သုံးချောင်းနှင့် မူးယစ်ဆေးသုံးရာတွင် အသုံးပြုသည့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိရသဖြင့်၎င်းတို့၏ နေအိမ်များအား ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးတွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိသည့် စွမ်းထက်အောင်ဝင်း၊ နေလင်းဇော် (ခ) ကိုဇော်နှင့် ရွှေအောင်(ခ)တရုတ်ကြီးတို့အား ကျောက်မဲမြို့မ ရဲစခန်းတွင် မယ(ပ)၂၅/၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(၈)/၂၁အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~