မိုင္းယုတြင္ ၁၀ ႀကိမ္ေျမာက္ အင္တာပိုလ္ ေဆးဝါးတုတုိက္ဖ်က္ေရးစစ္ဆင္ေရးျပဳလုပ္

မိုင္းယုတြင္ ၁၀ ႀကိမ္ေျမာက္ အင္တာပိုလ္ ေဆးဝါးတုတုိက္ဖ်က္ေရးစစ္ဆင္ေရးျပဳလုပ္
စက်တင်ဘာ 15, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းေယာင္းၿမိဳ႕နယ္၊ မုိင္းယုနယ္ေျမအတြင္း (၁၀)ႀကိမ္ေျမာက္ အင္တာပိုလ္ ေဆးဝါးတုတုိက္ဖ်က္ေရးစစ္ဆင္ေရးအျဖစ္ မိုင္းယုၿမိဳ႕ရိွ ေဆးဆိုင္(၄)ဆိုင္အား စက္တင္ဘာလ (၁၄)ရက္ေန႔က ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးေၾကာင္း သိရသည္။

“မိုင္းယုမွာ ေဆးဆုိင္ ေလးဆိုင္ပဲရိွပါတယ္။ FDA က ထုတ္ျပန္ေပးထားတဲ့ မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါး၊ ေဆးဝါးအတု၊ စံမညီေဆးဝါးေတြနဲ႔ ပတ္သက္တာေတြကို ေဆးဆိုင္ေတြသိေအာင္ ေၾကညာခ်က္ မိတၱဴေတြ ေပးခဲ့တာပါ။ မုိင္းယုကအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္တာပါ”ဟု မိုင္းေယာင္းၿမိဳ႕နယ္ ေခတၱရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ေအာင္ႏိုင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးဆိုင္မ်ားတြင္ မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါးမ်ား၊ ေဆးဝါးအတုမ်ား၊ စံမညီေဆးဝါးမ်ား ေရာင္းခ်ျခင္းရိွမရိွ စစ္ေဆးျခင္းျဖစ္ၿပီး ယင္းကဲ့သိုု႔ သံသယျဖစ္ဖြယ္ ေဆးဝါးမ်ား ေတြ႔ရိွပါက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ထံ အေၾကာင္းၾကားရန္ႏွင့္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္ပံုတင္ထားျခင္းမရိွသည့္ ေဆးဝါးမ်ား၊ ေဆးဝါးအတုမ်ား၊ စံမညီေဆးဝါးမ်ားႏွင့္ပတ္သက္၍ အမ်ားျပည္သူအား အသိေပးေၾကညာခ်က္မ်ားကို ေဆးဆိုင္မ်ားထံ ျဖန္႔ေဝေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕တြင္ မိုင္းယုနယ္ေျမရဲစခန္းမွ နယ္ထိန္းအရာရိွ ရဲအုပ္ စိုင္းခမ္းဒီးႏြဲ႕ႏွင့္အဖြဲ႕၊ မုိင္းယုၿမိဳ႕ က်န္းမာေရးဥိးစီးဌာနမွ အထက္တန္းသူနာျပဳ ေဒၚက်ိန္ဇနမ္းႏွင့္အဖြဲ႕၊ မိုင္းယုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာန၊ မိုင္းယုၿမိဳ႕စည္ပင္သာယာေရးေကာ္မတီ၊ မိုင္းယုၿမိဳ႕မရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတို႔ ပါဝင္သည့္အဖြဲ႕ႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္ ေခတၱရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ေအာင္ႏိုင္ဝင္းႏွင့္အဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယုတွင် ၁၀ ကြိမ်မြောက် အင်တာပိုလ် ဆေးဝါးတုတိုက်ဖျက်ရေးစစ်ဆင်ရေးပြုလုပ်
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၊ မိုင်းယုနယ်မြေအတွင်း (၁၀)ကြိမ်မြောက် အင်တာပိုလ် ဆေးဝါးတုတိုက်ဖျက်ရေးစစ်ဆင်ရေးအဖြစ် မိုင်းယုမြို့ရှိ ဆေးဆိုင်(၄)ဆိုင်အား စက်တင်ဘာလ (၁၄)ရက်နေ့က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးကြောင်း သိရသည်။

“မိုင်းယုမှာ ဆေးဆိုင် လေးဆိုင်ပဲရှိပါတယ်။ FDA က ထုတ်ပြန်ပေးထားတဲ့ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါး၊ ဆေးဝါးအတု၊ စံမညီဆေးဝါးတွေနဲ့ ပတ်သက်တာတွေကို ဆေးဆိုင်တွေသိအောင် ကြေညာချက် မိတ္တူတွေ ပေးခဲ့တာပါ။ မိုင်းယုကအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာပါ”ဟု မိုင်းယောင်းမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းဖြစ်ပြီး ယင်းကဲ့သိုု့ သံသယဖြစ်ဖွယ် ဆေးဝါးများ တွေ့ရှိပါက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများနှင့်ပတ်သက်၍ အများပြည်သူအား အသိပေးကြေညာချက်များကို ဆေးဆိုင်များထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွင် မိုင်းယုနယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ် စိုင်းခမ်းဒီးနွဲ့နှင့်အဖွဲ့၊ မိုင်းယုမြို့ ကျန်းမာရေးဥိးစီးဌာနမှ အထက်တန်းသူနာပြု ဒေါ်ကျိန်ဇနမ်းနှင့်အဖွဲ့၊ မိုင်းယုမြို့နယ်အုပ်ချုပ်ရေးဌာန၊ မိုင်းယုမြို့စည်ပင်သာယာရေးကော်မတီ၊ မိုင်းယုမြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့်အဖွဲ့နှင့် မိုင်းယောင်းမြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်နိုင်ဝင်းနှင့်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~