ရခိုင္ျပည္နယ္ေျမာက္ျခမ္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသမ်ားမွ အၾကမ္းဖက္မႈေၾကာင့္ သတင္းထုတ္ျပန္ေရးေကာ္မတီက စြန္႔ခြာ/ပ်က္စီး/ေသဆံုး စာရင္းမ်ား ထုတ္ျပန္

ရခိုင္ျပည္နယ္ေျမာက္ျခမ္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသမ်ားမွ အၾကမ္းဖက္မႈေၾကာင့္ သတင္းထုတ္ျပန္ေရးေကာ္မတီက စြန္႔ခြာ/ပ်က္စီး/ေသဆံုး စာရင္းမ်ား ထုတ္ျပန္
စက်တင်ဘာ 5, 2017
By Tachileik News Agency

ရခိုင္ျပည္နယ္ေျမာက္ျခမ္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသမ်ား၌ ARSA အစြန္းေရာက္ အၾကမ္းဖက္သမားမ်ား၏ အႀကမ္းဖက္ ျဖစ္စဥ္မ်ားေၾကာင့္ ျဖစ္ေပၚခဲ့ရသည့္ မီးေလာင္ပ်က္စီးဆံုးရႈံးမႈမ်ား၊ ေနရပ္စြန္႔ခြာရသူမ်ားစာရင္းခ်ဳပ္ ႏွင့္ အစိုးရအဖြဲ႔မွ အေရးေပၚ ေထာက္ပံ့မႈ အေျခအေနမ်ားအား သတင္းထုတ္ျပန္ေရးေကာ္မတီက ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၅)ရက္ေန႔ ညပိုင္းတြင္ သတင္းထုတ္ျပန္ထားရွိသည္။

၂၅-၈-၂၀၁၇ ရက္ေန႔ မွ ၅-၉-၂၀၁၇ ရက္ေန႔အထိ လံုျခံဳေရးတပ္ဖြဲ႔ဝင္မ်ားႏွင့္ Arakan Rohingya Salvation Army (ARSA) အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား ထိေတြ႔ တိုက္ခိုက္မႈေပါင္း (၉၇) ႀကိမ္ ျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႔ဝင္ (၁၃) ဦး ၊ ႏုိင္ငံ့ဝန္ထမ္း (၂) ဦး၊ စုစုေပါင္း (၁၅)ဦး က်ဆုံးခဲ့ရေၾကာင္းႏွင့္ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ ေဒသခံတိုင္းရင္းသား (၁၄) ဦး၊ ေဒသခံဟိႏၵဴဘာသာဝင္ (၇)ဦး၊ ဘဂၤါလီ (၇)ဦး စုစုေပါင္း(၂၈)ဦး ေသဆုံးခဲ့ရသည့္အျပင္ ARSA အစြန္းေရာက္အၾကမ္းဖက္သမား (၃၇၁) ဦး (ဇစ္ျမစ္- တပ္မေတာ္) အေသရရွိခဲ့ကာ (၃၈) ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Arakan Rohingya Salvation Army (ARSA) အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈေၾကာင့္ လံုျခံဳေရးတပ္ဖြဲ႔ဝင္ (၁၅) ဦး ၊ ႏုိင္င့ံဝန္ထမ္း(၃)ဦး ၊ ေဒသခံတုိင္းရင္းသား (၄) ဦး၊ စုစုေပါင္း (၂၂) ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္းႏွင့္ ေက်းရြာေပါင္း (၅၉) ရြာ၊ အိမ္အလံုးေရ ( ၆၈၄၂) လံုး မီးရွိဳ႕ဖ်က္ဆီးခံခဲ႔ရၿပီး တံတား (၈ ) စင္း မိုင္းေထာင္ ဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္းအျပင္  စက္တင္ဘာလ(၅)ရက္ေန႔အထိ အၾကမ္းဖက္မႈေၾကာင့္ ျပည္တြင္းေနရပ္စြန္႔ခြာရသူ တိုင္းရင္းသား (၂၆၇၄၇) ဦး ရွိေနျပီ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

Source - Information Committee  ( https://goo.gl/59dekt )



~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်မြောက်ခြမ်း ဘူးသီးတောင်၊ မောင်တောဒေသများ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဖြစ်ပေါ်ခဲ့ရသည့် မီးလောင်ပျက်စီးဆုံးရှုံးမှုများ၊ နေရပ်စွန့်ခွာရသူများစာရင်းချုပ် နှင့် အစိုးရအဖွဲ့မှ အရေးပေါ် ထောက်ပံ့မှု အခြေအနေများအား သတင်းထုတ်ပြန်ရေးကော်မတီက ၂၀၁၇ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။

၂၅-၈-၂၀၁၇ ရက်နေ့ မှ ၅-၉-၂၀၁၇ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ထိတွေ့ တိုက်ခိုက်မှုပေါင်း (၉၇) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊ စုစုပေါင်း (၁၅)ဦး ကျဆုံးခဲ့ရကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား (၁၄) ဦး၊ ဒေသခံဟိန္ဒူဘာသာဝင် (၇)ဦး၊ ဘင်္ဂါလီ (၇)ဦး စုစုပေါင်း(၂၈)ဦး သေဆုံးခဲ့ရသည့်အပြင် ARSA အစွန်းရောက်အကြမ်းဖက်သမား (၃၇၁) ဦး (ဇစ်မြစ်- တပ်မတော်) အသေရရှိခဲ့ကာ (၃၈) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Arakan Rohingya Salvation Army (ARSA) အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅) ဦး၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး၊ ဒေသခံတိုင်းရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရကြောင်းအပြင် စက်တင်ဘာလ(၅)ရက်နေ့အထိ အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနပြေီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Source - Information Committee  ( https://goo.gl/59dekt )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~