တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ တိုးလာေနသည့္ အိမ္ေျခမဲ့မ်ားအေရး ဌာနဆိုင္ရာမ်ား ပူးေပါင္းေျဖရွင္းႏိုင္ေရး လုပ္ေဆာင္ေန

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ တိုးလာေနသည့္ အိမ္ေျခမဲ့မ်ားအေရး ဌာနဆိုင္ရာမ်ား ပူးေပါင္းေျဖရွင္းႏိုင္ေရး လုပ္ေဆာင္ေန
စက်တင်ဘာ 12, 2017
By 🌸
ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕ေပၚရပ္ကြက္ လမ္းေဘးဝဲယာမ်ား၌ လွည့္လည္ေနထိုင္ေနသည့္ အိမ္ေျခမဲ့မ်ားအား ခရီးစရိတ္ေထာက္ပံ့ၿပီး ေနရပ္ျပန္ပို႔ေပးခဲ့ေသာ္လည္း လက္ရိွတြင္ ထပ္တိုးေရာက္လာေနသျဖင့္ ဌာနေပါင္းစံုပူးေပါင္းေျဖရွင္းႏုိင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

“ဒီမွာက နယ္စပ္ၿမိဳ႕ျဖစ္ေတာ့ ေရႊ႕ေျပာင္းလာေရာက္ အလုပ္လုပ္ကိုင္သူေတြထဲက တစ္ခ်ဳိ႕လည္း မျပန္ႏုိင္ၾကဘူး။ တစ္ခ်ိဳ႕လည္း တစ္ဖက္ႏုိင္ငံကို အလုပ္သြားလုပ္တယ္။ အလုပ္မရိွတဲ့အခါ ျပန္စရာ လမ္းစရိတ္က မရိွဘူး။ ဒီၿမိဳ႕မွာ လာေသာင္တင္ေနတယ္။ တစ္ခ်ိဳ႕လည္း ေရာက္ေအာင္ ျပန္ပို႔ေပးပါတယ္။ တစ္ခ်ိဳ႕လည္း ျပန္ပို႔ေပးတာေတာင္ မသြားၾကေတာ့ဘူး။ ဒီကိစၥကို ဒီၿမိဳ႕မွာရိွတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႔အစည္း တစ္ခုတည္းအေနနဲ႔ ေျဖရွင္းေပးဖို႔ၾကေတာ့လည္း မျဖစ္ႏုိင္ဘူး။ ဌာနဆိုင္ရာအားလံုး၊ ၿမိဳ႕မိၿမိဳ႕ဖအားလံုးပါရမယ္။ ကာယကံရွင္ေတြ ကိုယ္တိုင္ကလည္း ျပန္ခ်င္စိတ္ရိွမွ ရမွာေပါ့”ဟု တာခ်ီလိိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္မွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕လယ္မွ လိုင္းကားေစာင့္သည့္ေနရာႏွစ္ခုတြင္ ရက္ရွည္ေနထုိင္ေနသည့္ အိမ္ေျခမဲ့ေနထုိင္သူ အခ်ိဳ႕အား စည္ပင္သာယာေရးဌာနက စက္တင္ဘာလ(၅)ရက္ေန႔တြင္ ရွင္းလင္းဖယ္ရွားခဲ့ရၿပီး ယခင္ကလည္း အိမ္ေျခမဲ့မ်ားအား ဌာနဆုိင္ရာမ်ား၊ အရပ္ဖက္အဖြဲ႕မ်ားပူးေပါင္း၍ ခရီးစရိတ္ပံ့ပိုးၿပီး ေနရပ္ျပန္ပို႔ေပးခဲ့ေသာ္လည္း အိမ္ေျခမဲ့ေနထုိင္သူမ်ားမွာ လတ္တေလာတြင္ ထပ္တိုးလာေနျခင္းျဖစ္သည္ဟု ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီထံမွ သိရသည္။

“ကၽြန္ေတာ္ထင္တာကေတာ့ ေနာက္ထပ္ ထပ္ေရာက္လာတာေတြအျပင္ ဟိုအရင္ျပန္ပို႔လုိက္တဲ့ တစ္သုတ္ကလည္း ျပန္ေရာက္လာျပန္ၿပီထင္တယ္။ အခုရက္ပိုင္းေတြမွာ ပိုမ်ားလာတာေပါ့။ အရင္ကလည္း ရိွေတာ့ရိွပါတယ္။ အခုေတာ့ ဘာျဖစ္လို႔လဲမသိဘူး လမ္းေဘးထြက္လာၾကတယ္။ ၿမိဳ႕ထဲလူျမင္ကြင္းမွာက်ေတာ့ အျမင္မသင့္ေတာ္တဲ့အတြက္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးနဲ႔ စည္ပင္တို႔ကိုေတာ့ အဲဒီလိုမေနဖို႔ဆိုၿပီး ဖယ္ရွားေပးခုိင္းထား ပါတယ္” တာခ်ီလိိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္မွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းေဘးဝဲယာတြင္ အိမ္ေျခရာမဲ့မ်ား ေနထုိင္ျခင္းေၾကာင့္ ရပ္ကြက္ေနလူထုႏွင့္ လမ္းသြားလမ္းလာမ်ား အေႏွာင့္အယွက္ျဖစ္ရသျဖင့္ စည္ပင္သာယာဥပေဒအရ လူျမင္ကြင္းမွ ဖယ္ရွားေပးေသာ္လည္း ၎တို႔အား ပို႔ေဆာင္ရန္ေနရာမရိွသျဖင့္ အဆိုပါကိစၥေျဖရွင္းေရးမွာ ဌာနတစ္ခုတည္းျဖင့္ ေျဖရွင္းမရႏုိင္ျဖစ္ေန၍ ပူးေပါင္းအေျဖရွာရန္ ဌာနဆုိင္ရာမ်ားက ျပင္ဆင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီလူေတြကို ဖမ္းၿပီးအခ်ဳပ္ထဲထည့္ဖို႔ကလည္း မျဖစ္ဘူး။ သူတို႔သည္ ျပစ္မႈတစ္စံုတစ္ရာမက်ဴးလြန္ရင္ေတာ့ ဖမ္းလို႔မရဘူးေပါ့။ ဒါေပမဲ့ စည္ပင္သာယာနယ္နမိတ္အတြင္းမွာဆိုေတာ့ စည္ပင္ဥပေဒအရေတာ့ အေရးယူလို႔ရတာေပါ့။ အမ်ားျပည္သူအသံုးျပဳတဲ့ေနရာမွာ အျမင္မသင့္ေတာ္ေအာင္ ေနထုိင္ျခင္းအရ ဖယ္ရွားလို႔ရပါတယ္။ ဒီလိုဖယ္ရွားတဲ့အခါမွာ ဥပေဒအရ စည္ပင္သာယာေရးဝန္ထမ္းနဲ႔ သက္ဆုိင္ရာရပ္ေက်းေတြက ေကာင္းေကာင္းမြန္မြန္ ဖယ္ရွားေပးတာပါ။ ရဲဌာနက နယ္ထိန္းလိုမ်ိဳးေတြ လုိက္တယ္ဆိုတာက ဒီလိုဖယ္ရွားတဲ့အခါမွာ မလိုလားအပ္တဲ့အေျခအေနေလးေတြ မျဖစ္ဖို႔ လုိက္လံၾကည့္ရႈေပးတဲ့သေဘာပါပဲ။ ဒါေၾကာင့္ ဒီအေရးကိစၥကို ေျဖရွင္းဖို႔က ဌာနတစ္ခုရဲ႕ ဥပေဒတစ္ခုနဲ႔ ေျဖရွင္းလုိ႔ မရပါဘူး။ ဌာနေပါင္းစံုနဲ႔ ၿမိဳ႕မိၿမိဳ႕ဖေတြေပါင္းၿပီး သူတို႔အတြက္လည္း အေကာင္းဆံုး ေျဖရွင္းႏုိင္မယ့္နည္းေတြကို ရွာေဖြဖို႔ေတာ့ လိုပါလိမ့္မယ္”ဟု တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ခုအနက္ ၿမိဳ႕မသုသာန္ႏွင့္နီးသည့္ ဝမ္ေကာင္းႏွင့္ ပုန္းထြန္ ရပ္ကြက္တို႔တြင္ အိမ္ေျခမဲ့ေနထုိင္သူအမ်ားစုရိွေနၿပီး အိမ္ေျခမဲ့ေနထိုင္သူမ်ားတြင္ စိတ္ေဝဒနာရွင္အခ်ိဳ႕လည္း ပါဝင္ေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕မွ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးအခ်ိဳ႕ထံမွ သိရသည္။

" တစ္ၿမိဳ႕လံုး လိုလိုပဲ။ လမ္းေပၚလည္း ေလွ်ာက္သြားေနတာ။ အမ်ားဆံုးကေတာ့ သခ်ဳႋင္းနဲ႔နီးတဲ့ ကၽြန္ေတာ္တုိ႔ ရပ္ကြက္နဲ႔ ပုန္းထြန္မွာပဲ။ အရင္ကဆို သုသာန္မွာ ခိုေအာင္းေနတာေတြမ်ားေတာ့ သူတို႔ကို အနီးအနား အိမ္ေတြက အေႏွာင့္အယွက္ျဖစ္လို႔ တုိင္ၾကလို႔ ႏွစ္ခါရွင္းလိုက္ရေသးတယ္။ ေဆးေၾကာင္ေနတာေတြကေန စိတ္မႏွံ႕ေတာ့တာေတြေပါ့။ လက္ထဲမွာလည္း ဓားေတြဘာေတြလည္း ပါလာတတ္တယ္ေလ"ဟု ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အတြင္း အိမ္ေျခမဲ့ေနထုိင္သူမ်ားမွ စိတ္က်န္းမာေရးမေကာင္းသူမ်ားအား စိတ္က်န္းမာေရး ဆရာဝန္ရိွသည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္၍ ကုသမႈခံယူ ႏုိင္ေသာ္လည္း အဆိုပါလူနာအတြက္ အုပ္ထိန္းသူ သို႔မဟုတ္ သက္ဆုိင္ရာ ရပ္/ေက်းအဖြဲ႕အေနျဖင့္ အုပ္ထိန္းသူအျဖစ္ တာဝန္ခံ၍ ပို႔ေဆာင္ေပးရန္ လိုအပ္ေၾကာင္း သိရသည္။

“ဒီလိုလူနာေတြကို မိသားစုေတြ၊ အုပ္ထိန္းသူေတြက လာပို႔ေပးတာေတြ မ်ားပါတယ္။ အိမ္ေျခမဲ့လူေတြထဲက စိတၱဇျဖစ္တယ္ ပတ္ဝန္းက်င္ကို ထိခိုက္ေစတယ္ဆိုရင္ သက္ဆုိင္ရာနယ္ေျမက ရဲတပ္ဖြဲ႕နဲ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက ေဆးရံုလာပို႔ေပးရတယ္။ ေဆးရံုျဖစ္ၿပီး ေဂဟာမဟုတ္တဲ့အတြက္ ေဆးေသာက္လုိ႔ ေကာင္းသြားၿပီဆိုရင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက လက္မွတ္ထိုးၿပီး ျပန္လာေခၚရတယ္။ သူတို႔ စိတ္ျပန္ေဖါက္လာရင္ ေဆးျပန္လာတုိက္ေပါ့ေနာ္။ အဲဒီလို လုပ္ရပါတယ္။ စိတ္က်န္းမာေရးေဆးရံုအေနနဲ႔က ရန္ကုန္နဲ႔ မႏၱေလးမွာပဲရိွၿပီး က်န္တဲ့ၿမိဳ႕ႀကီးတစ္ခ်ိဳ႕မွာေတာ့ ေဆးရံုေတြမွာပဲ စိတ္က်န္းမာေရးဆရာဝန္ေတြ ရိွပါတယ္။ ရွမ္းေရွ႕မွာဆို က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးမွာ စိတ္က်န္းမာေရးဆရာဝန္ ရိွပါတယ္။ ပတ္ဝန္းက်င္လူထုအတြက္ အေႏွာင့္အယွက္ျဖစ္ေစၿပီး အႏၱရာယ္ျဖစ္ေစၿပီဆိုရင္ေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက အုပ္ထိန္းသူအျဖစ္ ေနေကာင္းရင္ ျပန္ေခၚပါမယ္ဆိုတဲ့ လက္မွတ္ထိုးၿပီး လာပို႔ေပးလို႔ရပါတယ္။ ေဆးရံုက ေဆးကုေပးရံုပဲျဖစ္ၿပီး ဒီမွာေဂဟာလို လာထားလို႔ေတာ့ မရဘူးေပါ့ေနာ္”ဟု စိတ္က်န္းမာေရးဆရာဝန္တစ္ဦးျဖစ္သည့္ ေဒါက္တာေစာၿဖိဳးေဝလင္းက ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕တြင္ တိုးလာေနသည့္ အိမ္ေျခမဲ့မ်ားအား ေနရပ္ျပန္ပို႔ေသာ္လည္း ျပန္ေရာက္လာျခင္း၊ ၎တို႔အားထားရိွရန္ ေဂဟာမရိွျခင္း၊ အလုပ္လက္မဲ့ ျဖစ္သူမ်ားအား သင့္ေလ်ာ္သင့္ အလုပ္အကိုင္ဖန္တီးမေပးႏိုင္ျခင္း၊ အိမ္ေျခမဲ့ေနထုိင္သူမ်ားကိုယ္တိုင္ ေနရပ္မျပန္လိုျခင္းမ်ားေၾကာင့္ ဖယ္ရွားရန္ အခက္အခဲျဖစ္ေနရေၾကာင္း သိရသည္။

“ဒီၿမိဳ႕မွာ ဒီအဖြဲ႕ေတြကို အလုပ္မရိွတဲ့သူေတြကို အလုပ္ေပးဖို႔ဆိုတာကလည္း သူတို႔နဲ႔ကိုက္ညီတဲ့အလုပ္လည္း ရိွအံုးမွ။ သူတို႔ကိုခိုင္းေပးႏုိင္မယ့္ အလုပ္ရွင္လည္း ရိွအံုးမွ။ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပမွ ရတာကိုး။ အခုလို ဘယ္မွလည္း ပို႔စရာမရိွ လမ္းေပၚမွာအိပ္ လမ္းေပၚမွာစားေနတာကေတာ့ ေနာက္ပိုင္းမွာ တစ္ျဖည္းျဖည္း ပိုမ်ားလာေနတယ္။ သူတို႔အတြက္ ေနရာက မရိွဘူးခင္ဗ်။ ဒီလူေတြကို ထားစရာေဂဟာလည္းမရိွ။ ဒီမွာရိွတဲ့ မူးယစ္ေဆးျဖတ္စခန္းေနရာကို ေခၚေတာ့လည္း မလုိက္ဘူး။ သူတို႔မေနခ်င္ဘူး။ စိတ္မႏွံ႔တဲ့သူလည္းရိွတယ္။ စိတ္ႏွံ႔တယ္သူလည္းရိွတယ္”ဟု တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ေျပာသည္။

အဆိုပါ အိမ္ေျခမဲ့ေနထိုင္ေနသူမ်ားမွာ နယ္စပ္မွျပန္ဝင္လာသည့္ ေရႊ႕ေျပာင္းလုပ္သားမ်ားအျပင္ တာခ်ီလိတ္ခရိုင္ႏွင့္ အနီးဝန္းက်င္ေဒသမ်ားမွ မူးယစ္ေဆးေၾကာင့္ အိမ္ေျခမဲ့ေနထုိင္သူမ်ားလည္း ပါဝင္သည္ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ဆိုသည္။

“ကၽြန္ေတာ္တို႔ေဒသက နယ္စပ္ကျဖစ္ေနေတာ့ နယ္စပ္ကျပန္ဝင္လာတာ မ်ားတယ္လို႔လည္း ေျပာၾကတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ျမင္တာကေတာ့ ဒီဝန္းက်င္က လူေတြပဲမ်ားတယ္။ အဓိကကေတာ့ မူးယစ္ေဆးေၾကာင့္ ျဖစ္တာမ်ားတယ္လို႔ ကၽြန္ေတာ္ကေတာ့ ျမင္ပါတယ္။ ဒါေတြက ျပႆနာျဖစ္ေနတယ္လို႔ ေျပာလို႔မရေပမဲ့ ျပႆနာေတြရဲ႕အစလို႔ေတာ့ ရႈျမင္တယ္။ လုပ္သင့္တာကေတာ့ စာရင္းေတြ ေသခ်ာေကာက္ယူမယ္။ သူတို႔ေတြ ဘယ္ကလဲ၊ ေနရပ္ျပန္ခ်င္လားဆိုတာေတြ ေသခ်ာလုပ္ဖို႔ လိုပါတယ္။ ၿပီးစလြယ္ေတာ့ လုပ္လို႔မရဘူး ဒီကိစၥက။ အရင္ကလည္း ဌာနဆိုင္ရာအဖြဲ႕ေတြနဲ႕ အရပ္ဖက္အဖြဲ႕ေတြေပါင္းၿပီး ကၽြန္ေတာ္တို႔ စာရင္းေကာက္ၿပီး ျပန္မယ့္သူေတြကို ျပန္ပို႔ေပးပါတယ္။ ဒါေပမဲ့ လမ္းမွာတင္ ဆင္းၿပီးေနခဲ့ၾကတယ္။ ကၽြန္ေတာ္တို႔ဆီမွာ ဒီလိုကူညီေပးဖို႔ ထဲထဲဝင္ဝင္လုပ္ေပးတဲ့ လူမႈကူညီေရးအဖြဲ႕ေတြလည္း မရိွဘူး။ မဇၨ်ိမတစ္ဖြဲ႕ေတာ့ ရိွေပမဲ့ သူတို႔လည္း အတိုင္းအတာရိွေနတာေပါ့။ ကၽြန္ေတာ္တို႔ေတြေရာ၊ ဌာနဆိုင္ရာေတြေရာ၊ အရပ္ဖက္အဖြဲ႕ေတြေရာ၊ ၿမိဳ႕မိၿမိဳ႕ဖေတြေရာ အားလံုးပူးေပါင္းၿပီး စနစ္တက်လုပ္ေဆာင္ဖို႔ လိုမယ္လို႔ယူဆပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕၌ အိမ္ေျခမဲ့မ်ားအေရး ဌာနဆုိင္ရာမ်ားက ေျဖရွင္းႏုိင္မည့္နည္းလမ္း ေဆြးေႏြးညိႇႏိႈင္းေနၾကဆဲျဖစ္ၿပီး ဥပေဒႏွင့္အညီျဖစ္ေစေရးအတြက္ ဥပေဒအႀကံျပဳခ်က္မ်ားလည္း ေတာင္းခံထားေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ပေါ်တွင် တိုးလာနေသည့် အိမ်ခြေမဲ့များအရေး ဌာနဆိုင်ရာများ ပူးပေါင်းဖြေရှင်းနိုင်ရေး လုပ်ဆောင်နေ
***********
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ပေါ်ရပ်ကွက် လမ်းဘေးဝဲယာများ၌ လှည့်လည်နေထိုင်နေသည့် အိမ်ခြေမဲ့များအား ခရီးစရိတ်ထောက်ပံ့ပြီး နေရပ်ပြန်ပို့ပေးခဲ့သော်လည်း လက်ရှိတွင် ထပ်တိုးရောက်လာနေသဖြင့် ဌာနပေါင်းစုံပူးပေါင်းဖြေရှင်းနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ဒီမှာက နယ်စပ်မြို့ဖြစ်တော့ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူတွေထဲက တစ်ချို့လည်း မပြန်နိုင်ကြဘူး။ တစ်ချို့လည်း တစ်ဖက်နိုင်ငံကို အလုပ်သွားလုပ်တယ်။ အလုပ်မရှိတဲ့အခါ ပြန်စရာ လမ်းစရိတ်က မရှိဘူး။ ဒီမြို့မှာ လာသောင်တင်နေတယ်။ တစ်ချို့လည်း ရောက်အောင် ပြန်ပို့ပေးပါတယ်။ တစ်ချို့လည်း ပြန်ပို့ပေးတာတောင် မသွားကြတော့ဘူး။ ဒီကိစ္စကို ဒီမြို့မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း တစ်ခုတည်းအနေနဲ့ ဖြေရှင်းပေးဖို့ကြတော့လည်း မဖြစ်နိုင်ဘူး။ ဌာနဆိုင်ရာအားလုံး၊ မြို့မိမြို့ဖအားလုံးပါရမယ်။ ကာယကံရှင်တွေ ကိုယ်တိုင်ကလည်း ပြန်ချင်စိတ်ရှိမှ ရမှာပေါ့”ဟု တာချီလိိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်မှူး ဦးတင်ဝင်းရွှေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့လယ်မှ လိုင်းကားစောင့်သည့်နေရာနှစ်ခုတွင် ရက်ရှည်နေထိုင်နေသည့် အိမ်ခြေမဲ့နေထိုင်သူ အချို့အား စည်ပင်သာယာရေးဌာနက စက်တင်ဘာလ(၅)ရက်နေ့တွင် ရှင်းလင်းဖယ်ရှားခဲ့ရပြီး ယခင်ကလည်း အိမ်ခြေမဲ့များအား ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့များပူးပေါင်း၍ ခရီးစရိတ်ပံ့ပိုးပြီး နေရပ်ပြန်ပို့ပေးခဲ့သော်လည်း အိမ်ခြေမဲ့နေထိုင်သူများမှာ လတ်တလောတွင် ထပ်တိုးလာနေခြင်းဖြစ်သည်ဟု ခရိုင်စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

“ကျွန်တော်ထင်တာကတော့ နောက်ထပ် ထပ်ရောက်လာတာတွေအပြင် ဟိုအရင်ပြန်ပို့လိုက်တဲ့ တစ်သုတ်ကလည်း ပြန်ရောက်လာပြန်ပြီထင်တယ်။ အခုရက်ပိုင်းတွေမှာ ပိုများလာတာပေါ့။ အရင်ကလည်း ရှိတော့ရှိပါတယ်။ အခုတော့ ဘာဖြစ်လို့လဲမသိဘူး လမ်းဘေးထွက်လာကြတယ်။ မြို့ထဲလူမြင်ကွင်းမှာကျတော့ အမြင်မသင့်တော်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးနဲ့ စည်ပင်တို့ကိုတော့ အဲဒီလိုမနေဖို့ဆိုပြီး ဖယ်ရှားပေးခိုင်းထား ပါတယ်” တာချီလိိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်မှူး ဦးတင်ဝင်းရွှေက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းဘေးဝဲယာတွင် အိမ်ခြေရာမဲ့များ နေထိုင်ခြင်းကြောင့် ရပ်ကွက်နေလူထုနှင့် လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်ရသဖြင့် စည်ပင်သာယာဥပဒေအရ လူမြင်ကွင်းမှ ဖယ်ရှားပေးသော်လည်း ၎င်းတို့အား ပို့ဆောင်ရန်နေရာမရှိသဖြင့် အဆိုပါကိစ္စဖြေရှင်းရေးမှာ ဌာနတစ်ခုတည်းဖြင့် ဖြေရှင်းမရနိုင်ဖြစ်နေ၍ ပူးပေါင်းအဖြေရှာရန် ဌာနဆိုင်ရာများက ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရသည်။

“ဒီလူတွေကို ဖမ်းပြီးအချုပ်ထဲထည့်ဖို့ကလည်း မဖြစ်ဘူး။ သူတို့သည် ပြစ်မှုတစ်စုံတစ်ရာမကျူးလွန်ရင်တော့ ဖမ်းလို့မရဘူးပေါ့။ ဒါပေမဲ့ စည်ပင်သာယာနယ်နမိတ်အတွင်းမှာဆိုတော့ စည်ပင်ဥပဒေအရတော့ အရေးယူလို့ရတာပေါ့။ အများပြည်သူအသုံးပြုတဲ့နေရာမှာ အမြင်မသင့်တော်အောင် နေထိုင်ခြင်းအရ ဖယ်ရှားလို့ရပါတယ်။ ဒီလိုဖယ်ရှားတဲ့အခါမှာ ဥပဒေအရ စည်ပင်သာယာရေးဝန်ထမ်းနဲ့ သက်ဆိုင်ရာရပ်ကျေးတွေက ကောင်းကောင်းမွန်မွန် ဖယ်ရှားပေးတာပါ။ ရဲဌာနက နယ်ထိန်းလိုမျိုးတွေ လိုက်တယ်ဆိုတာက ဒီလိုဖယ်ရှားတဲ့အခါမှာ မလိုလားအပ်တဲ့အခြေအနေလေးတွေ မဖြစ်ဖို့ လိုက်လံကြည့်ရှုပေးတဲ့သဘောပါပဲ။ ဒါကြောင့် ဒီအရေးကိစ္စကို ဖြေရှင်းဖို့က ဌာနတစ်ခုရဲ့ ဥပဒေတစ်ခုနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဌာနပေါင်းစုံနဲ့ မြို့မိမြို့ဖတွေပေါင်းပြီး သူတို့အတွက်လည်း အကောင်းဆုံး ဖြေရှင်းနိုင်မယ့်နည်းတွေကို ရှာဖွေဖို့တော့ လိုပါလိမ့်မယ်”ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ခုအနက် မြို့မသုသာန်နှင့်နီးသည့် ဝမ်ကောင်းနှင့် ပုန်းထွန် ရပ်ကွက်တို့တွင် အိမ်ခြေမဲ့နေထိုင်သူအများစုရှိနေပြီး အိမ်ခြေမဲ့နေထိုင်သူများတွင် စိတ်ဝေဒနာရှင်အချို့လည်း ပါဝင်နေကြောင်း တာချီလိတ်မြို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။

" တစ်မြို့လုံး လိုလိုပဲ။ လမ်းပေါ်လည်း လျှောက်သွားနေတာ။ အများဆုံးကတော့ သချုႋင်းနဲ့နီးတဲ့ ကျွန်တော်တို့ ရပ်ကွက်နဲ့ ပုန်းထွန်မှာပဲ။ အရင်ကဆို သုသာန်မှာ ခိုအောင်းနေတာတွေများတော့ သူတို့ကို အနီးအနား အိမ်တွေက အနှောင့်အယှက်ဖြစ်လို့ တိုင်ကြလို့ နှစ်ခါရှင်းလိုက်ရသေးတယ်။ ဆေးကြောင်နေတာတွေကနေ စိတ်မနှံ့တော့တာတွေပေါ့။ လက်ထဲမှာလည်း ဓားတွေဘာတွေလည်း ပါလာတတ်တယ်လေ"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

တာချီလိတ်မြို့အတွင်း အိမ်ခြေမဲ့နေထိုင်သူများမှ စိတ်ကျန်းမာရေးမကောင်းသူများအား စိတ်ကျန်းမာရေး ဆရာဝန်ရှိသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူ နိုင်သော်လည်း အဆိုပါလူနာအတွက် အုပ်ထိန်းသူ သို့မဟုတ် သက်ဆိုင်ရာ ရပ်/ကျေးအဖွဲ့အနေဖြင့် အုပ်ထိန်းသူအဖြစ် တာဝန်ခံ၍ ပို့ဆောင်ပေးရန် လိုအပ်ကြောင်း သိရသည်။

“ဒီလိုလူနာတွေကို မိသားစုတွေ၊ အုပ်ထိန်းသူတွေက လာပို့ပေးတာတွေ များပါတယ်။ အိမ်ခြေမဲ့လူတွေထဲက စိတ္တဇဖြစ်တယ် ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်ဆိုရင် သက်ဆိုင်ရာနယ်မြေက ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆေးရုံလာပို့ပေးရတယ်။ ဆေးရုံဖြစ်ပြီး ဂေဟာမဟုတ်တဲ့အတွက် ဆေးသောက်လို့ ကောင်းသွားပြီဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးပြီး ပြန်လာခေါ်ရတယ်။ သူတို့ စိတ်ပြန်ဖေါက်လာရင် ဆေးပြန်လာတိုက်ပေါ့နော်။ အဲဒီလို လုပ်ရပါတယ်။ စိတ်ကျန်းမာရေးဆေးရုံအနေနဲ့က ရန်ကုန်နဲ့ မန္တလေးမှာပဲရှိပြီး ကျန်တဲ့မြို့ကြီးတစ်ချို့မှာတော့ ဆေးရုံတွေမှာပဲ စိတ်ကျန်းမာရေးဆရာဝန်တွေ ရှိပါတယ်။ ရှမ်းရှေ့မှာဆို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ စိတ်ကျန်းမာရေးဆရာဝန် ရှိပါတယ်။ ပတ်ဝန်းကျင်လူထုအတွက် အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ်ဖြစ်စေပြီဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အုပ်ထိန်းသူအဖြစ် နေကောင်းရင် ပြန်ခေါ်ပါမယ်ဆိုတဲ့ လက်မှတ်ထိုးပြီး လာပို့ပေးလို့ရပါတယ်။ ဆေးရုံက ဆေးကုပေးရုံပဲဖြစ်ပြီး ဒီမှာဂေဟာလို လာထားလို့တော့ မရဘူးပေါ့နော်”ဟု စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာစောဖြိုးဝေလင်းက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့တွင် တိုးလာနေသည့် အိမ်ခြေမဲ့များအား နေရပ်ပြန်ပို့သော်လည်း ပြန်ရောက်လာခြင်း၊ ၎င်းတို့အားထားရှိရန် ဂေဟာမရှိခြင်း၊ အလုပ်လက်မဲ့ ဖြစ်သူများအား သင့်လျော်သင့် အလုပ်အကိုင်ဖန်တီးမပေးနိုင်ခြင်း၊ အိမ်ခြေမဲ့နေထိုင်သူများကိုယ်တိုင် နေရပ်မပြန်လိုခြင်းများကြောင့် ဖယ်ရှားရန် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

“ဒီမြို့မှာ ဒီအဖွဲ့တွေကို အလုပ်မရှိတဲ့သူတွေကို အလုပ်ပေးဖို့ဆိုတာကလည်း သူတို့နဲ့ကိုက်ညီတဲ့အလုပ်လည်း ရှိအုံးမှ။ သူတို့ကိုခိုင်းပေးနိုင်မယ့် အလုပ်ရှင်လည်း ရှိအုံးမှ။ နှစ်ဦးနှစ်ဖက်အဆင်ပြေမှ ရတာကိုး။ အခုလို ဘယ်မှလည်း ပို့စရာမရှိ လမ်းပေါ်မှာအိပ် လမ်းပေါ်မှာစားနေတာကတော့ နောက်ပိုင်းမှာ တစ်ဖြည်းဖြည်း ပိုများလာနေတယ်။ သူတို့အတွက် နေရာက မရှိဘူးခင်ဗျ။ ဒီလူတွေကို ထားစရာဂေဟာလည်းမရှိ။ ဒီမှာရှိတဲ့ မူးယစ်ဆေးဖြတ်စခန်းနေရာကို ခေါ်တော့လည်း မလိုက်ဘူး။ သူတို့မနေချင်ဘူး။ စိတ်မနှံ့တဲ့သူလည်းရှိတယ်။ စိတ်နှံ့တယ်သူလည်းရှိတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

အဆိုပါ အိမ်ခြေမဲ့နေထိုင်နေသူများမှာ နယ်စပ်မှပြန်ဝင်လာသည့် ရွှေ့ပြောင်းလုပ်သားများအပြင် တာချီလိတ်ခရိုင်နှင့် အနီးဝန်းကျင်ဒေသများမှ မူးယစ်ဆေးကြောင့် အိမ်ခြေမဲ့နေထိုင်သူများလည်း ပါဝင်သည်ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဆိုသည်။

“ကျွန်တော်တို့ဒေသက နယ်စပ်ကဖြစ်နေတော့ နယ်စပ်ကပြန်ဝင်လာတာ များတယ်လို့လည်း ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ ဒီဝန်းကျင်က လူတွေပဲများတယ်။ အဓိကကတော့ မူးယစ်ဆေးကြောင့် ဖြစ်တာများတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ဒါတွေက ပြဿနာဖြစ်နေတယ်လို့ ပြောလို့မရပေမဲ့ ပြဿနာတွေရဲ့အစလို့တော့ ရှုမြင်တယ်။ လုပ်သင့်တာကတော့ စာရင်းတွေ သေချာကောက်ယူမယ်။ သူတို့တွေ ဘယ်ကလဲ၊ နေရပ်ပြန်ချင်လားဆိုတာတွေ သေချာလုပ်ဖို့ လိုပါတယ်။ ပြီးစလွယ်တော့ လုပ်လို့မရဘူး ဒီကိစ္စက။ အရင်ကလည်း ဌာနဆိုင်ရာအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေပေါင်းပြီး ကျွန်တော်တို့ စာရင်းကောက်ပြီး ပြန်မယ့်သူတွေကို ပြန်ပို့ပေးပါတယ်။ ဒါပေမဲ့ လမ်းမှာတင် ဆင်းပြီးနေခဲ့ကြတယ်။ ကျွန်တော်တို့ဆီမှာ ဒီလိုကူညီပေးဖို့ ထဲထဲဝင်ဝင်လုပ်ပေးတဲ့ လူမှုကူညီရေးအဖွဲ့တွေလည်း မရှိဘူး။ မဇ္ဇျိမတစ်ဖွဲ့တော့ ရှိပေမဲ့ သူတို့လည်း အတိုင်းအတာရှိနေတာပေါ့။ ကျွန်တော်တို့တွေရော၊ ဌာနဆိုင်ရာတွေရော၊ အရပ်ဖက်အဖွဲ့တွေရော၊ မြို့မိမြို့ဖတွေရော အားလုံးပူးပေါင်းပြီး စနစ်တကျလုပ်ဆောင်ဖို့ လိုမယ်လို့ယူဆပါတယ်”ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့၌ အိမ်ခြေမဲ့များအရေး ဌာနဆိုင်ရာများက ဖြေရှင်းနိုင်မည့်နည်းလမ်း ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်ပြီး ဥပဒေနှင့်အညီဖြစ်စေရေးအတွက် ဥပဒေအကြံပြုချက်များလည်း တောင်းခံထားကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~