မယ္ဆုိင္ၿမိဳ႕ ဘုန္းဗိဟန္အေရးေပၚကူညီမႈအသင္းက မိုင္းျဖတ္ႏွင့္ မုိင္းဆတ္ နာေရးကူညီမႈအသင္းမ်ားသို႔ ေခါင္းတလား ၃၀ ေပးပို႔လႈဒါန္း

မယ္ဆုိင္ၿမိဳ႕ ဘုန္းဗိဟန္အေရးေပၚကူညီမႈအသင္းက မိုင္းျဖတ္ႏွင့္ မုိင္းဆတ္ နာေရးကူညီမႈအသင္းမ်ားသို႔ ေခါင္းတလား ၃၀ ေပးပို႔လႈဒါန္း
စက်တင်ဘာ 7, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ႏွင့္ မုိင္းဆတ္ၿမိဳ႕မ်ားမွ နာေရးကူညီမႈအသင္းမ်ားသို႔ ထိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕အေျခစိုက္ ဘုန္းဗိဟန္အေရးေပၚကူညီမႈအသင္းက ေခါင္းတလားအလံုး(၃၀)အား စက္တင္ဘာလ (၇)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ေပးပို႔လႈဒါန္းေၾကာင္း သိရသည္။

“ထိုင္းအဖြဲ႔က ကၽြန္ေတာ့္ကို ဆက္သြယ္လာတာနဲ႔ ဒီဘက္ကို ခ်ိတ္ဆက္ၿပီး လႈေပးတာပါ။ မိုင္းဆတ္အတြက္ (၂၀)၊ မိုင္းျဖတ္အတြက္ (၁၀) လံုး လႈေပးတာပါ”ဟု မယ္ဆုိင္ၿမိဳ႕မွ ဦးထြန္းက ေျပာသည္။

နာေရးကူညီမႈလုပ္ငန္းမ်ားတြင္ ကူညီေပးေနသည့္ မဇၩိမလူမႈကူညီေရးအသင္း (မိုင္းဆတ္)ႏွင့္ မိုင္းျဖတ္ၿမိဳ႕မွ သဂၤဟလူမႈကူညီေရးအသင္းတို႔သို႔ ခ်ိတ္ဆက္လႈဒါန္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ မယ္ဆိုင္ကေန အခုဆုိရင္ တတိယအႀကိမ္ေျမာက္ ျဖစ္ပါၿပီ။ အခုကုန္ခါနီး ကြက္တိျဖစ္သြားတယ္။ တစ္ႏွစ္ကို ႏွစ္ခါေလာက္ သူတို႔ လွဴတာ။ ဒါေတြကို အသင္းနာယက ဆရာေတာ္ဘုန္းႀကီးေက်ာင္းက အသင္းအေဆာက္အဦးမွာ ထားထားၿပီးေတာ့ နာေရးအတြက္ အခမဲ့ျပန္လႈေပးတာပါ”ဟု မိုင္းျဖတ္ၿမိဳ႕မွ သဂၤဟလူမႈကူညီေရးအသင္း ဥကၠဌ ဦးလွေမာင္သာက ေျပာသည္။

အဆိုပါေခါင္းတလားမ်ား သယ္ယူႏုိင္ေရးအတြက္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွ ႏွစ္ႏုိင္ငံတာဝန္႐ွိသူမ်ားႏွင့္ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံနယ္ျခားေကာ္မတီမွ တာဝန္႐ွိသူမ်ားက ကူညီေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

ဓါတ္ပံု #ဦးထြန္း(မယ္ဆုိင္)

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်မြို့ ဘုန်းဗိဟန်အရေးပေါ်ကူညီမှုအသင်းက မိုင်းဖြတ်နှင့် မိုင်းဆတ် နာရေးကူညီမှုအသင်းများသို့ ခေါင်းတလား ၃၀ ပေးပို့လှုဒါန်း
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်နှင့် မိုင်းဆတ်မြို့များမှ နာရေးကူညီမှုအသင်းများသို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အခြေစိုက် ဘုန်းဗိဟန်အရေးပေါ်ကူညီမှုအသင်းက ခေါင်းတလားအလုံး(၃၀)အား စက်တင်ဘာလ (၇)ရက်နေ့တွင် တာချီလိတ်မြို့မှတစ်ဆင့် ပေးပို့လှုဒါန်းကြောင်း သိရသည်။

“ထိုင်းအဖွဲ့က ကျွန်တော့်ကို ဆက်သွယ်လာတာနဲ့ ဒီဘက်ကို ချိတ်ဆက်ပြီး လှုပေးတာပါ။ မိုင်းဆတ်အတွက် (၂၀)၊ မိုင်းဖြတ်အတွက် (၁၀) လုံး လှုပေးတာပါ”ဟု မယ်ဆိုင်မြို့မှ ဦးထွန်းက ပြောသည်။

နာရေးကူညီမှုလုပ်ငန်းများတွင် ကူညီပေးနေသည့် မဇ္ဈိမလူမှုကူညီရေးအသင်း (မိုင်းဆတ်)နှင့် မိုင်းဖြတ်မြို့မှ သင်္ဂဟလူမှုကူညီရေးအသင်းတို့သို့ ချိတ်ဆက်လှုဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ မယ်ဆိုင်ကနေ အခုဆိုရင် တတိယအကြိမ်မြောက် ဖြစ်ပါပြီ။ အခုကုန်ခါနီး ကွက်တိဖြစ်သွားတယ်။ တစ်နှစ်ကို နှစ်ခါလောက် သူတို့ လှူတာ။ ဒါတွေကို အသင်းနာယက ဆရာတော်ဘုန်းကြီးကျောင်းက အသင်းအဆောက်အဦးမှာ ထားထားပြီးတော့ နာရေးအတွက် အခမဲ့ပြန်လှုပေးတာပါ”ဟု မိုင်းဖြတ်မြို့မှ သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာက ပြောသည်။

အဆိုပါခေါင်းတလားများ သယ်ယူနိုင်ရေးအတွက် နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၁)မှ နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်ခြားကော်မတီမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ #ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~