တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေက်ာက္လံုမွ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္အထိ လမ္းမ်ားအား ျပဳျပင္ရန္ ကြင္းဆင္းစစ္ေဆး

တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေက်ာက္လံုမွ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္အထိ လမ္းမ်ားအား ျပဳျပင္ရန္ ကြင္းဆင္းစစ္ေဆး
စက်တင်ဘာ 6, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္ ၀မ္ေက်ာက္လံုမွ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္အထိ ဆိုးရြားေနသည့္ လမ္းမ်ားအား ျပဳျပင္ရန္အတြက္ စက္တင္ဘာလ(၆)ရက္ေန႔ နံနက္ပိုင္းက ပူးေပါင္းအဖြဲ႔ျဖင့္ ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး လမ္းစတင္ျပဳျပင္မႈအား ရက္ပိုင္းအတြင္း ျပဳလုပ္မည္ျဖစ္ေၾကာင္း ႏွင့္ လမ္းအား စက္တင္ဘာလ(၂၀)ရက္ေန႔ မတိုင္မီအၿပီး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"မိုးမရြာဘူးဆိုရင္ ဒီလ (၈)ရက္ေန႔မွာ စလုပ္မယ္၊ မိုးရြာရင္ေတာ့ (၉)ရက္ေန႔မွ စလုပ္ျဖစ္မွာပါ။ ဒီမနက္ေတာ့ လမ္းျပင္ဖို႔အတြက္ ကြင္းဆင္းၾကည့္ရႈတာေတြ ျပဳလုပ္ခဲ့ပါတယ္"ဟု ဖန္မင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းအား ျပဳျပင္ရန္ အတြက္ ၿမိဳ႕နယ္ျပည္သူ႔ေဆာက္လုပ္ေရးလုပ္ငန္းမွ အင္ဂ်င္နီယာ  ဦးေဇာ္မိုးလြင္၊ ဖန္မင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးလွသိန္း ႏွင့္ ရံုးအဖြဲ႔၀င္မ်ား၊ ေသာ္တာဝင္းကုမၸဏီမွ မန္ေနဂ်ာ ဦးစိုင္းကမ္၊ ဦးသိန္းႂကြယ္တို႔ ပါ၀င္သည့္ အဖြဲ႔မွ ကြင္းဆင္းစစ္ေဆးၾကျခင္း ျဖစ္သည္။

အာဆီယံ ဖြဲ႔စည္းတည္ေထာင္မႈ ႏွစ္(၅၀)ျပည့္ ( ASEAN 50th Anniversary )အထိမ္းအမွတ္အျဖစ္ က်င္းပမည့္ Car Rally ၿပိဳင္ပြဲ၀င္ ႏိုင္ငံတကာမွ ကားမ်ားသည္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းတြင္ က်ဳိင္းတံုမွ တစ္ဆင့္ တာခ်ီလိတ္သို႔ လာေရာက္မည္ျဖစ္သည့္အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စုရွိ တိုးဂိတ္မွ ၀မ္ေက်ာက္လံု၊ ဧဒင္ရြာအထိ ဆိုးရြားေနသည့္ လမ္းမ်ားအား စက္တင္ဘာလ(၂၀)ရက္ေန႔ မတိုင္မီအတြင္း ျပဳျပင္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ဝမ်ကျောက်လုံမှ ဖန်မင်ကျေးရွာအုပ်စုရှိ တိုးဂိတ်အထိ ဆိုးရွားနေသည့် လမ်းများအား ပြုပြင်ရန်အတွက် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နပြေီး လမ်းစတင်ပြုပြင်မှုအား ရက်ပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နှင့် လမ်းအား စက်တင်ဘာလ(၂၀)ရက်နေ့ မတိုင်မီအပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"မိုးမရွာဘူးဆိုရင် ဒီလ (၈)ရက်နေ့မှာ စလုပ်မယ်၊ မိုးရွာရင်တော့ (၉)ရက်နေ့မှ စလုပ်ဖြစ်မှာပါ။ ဒီမနက်တော့ လမ်းပြင်ဖို့အတွက် ကွင်းဆင်းကြည့်ရှုတာတွေ ပြုလုပ်ခဲ့ပါတယ်"ဟု ဖန်မင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းအား ပြုပြင်ရန် အတွက် မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဦးဇော်မိုးလွင်၊ ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသိန်း နှင့် ရုံးအဖွဲ့ဝင်များ၊ သော်တာဝင်းကုမ္ပဏီမှ မန်နေဂျာ ဦးစိုင်းကမ်၊ ဦးသိန်းကြွယ်တို့ ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြခြင်း ဖြစ်သည်။

အာဆီယံ ဖွဲ့စည်းတည်ထောင်မှု နှစ်(၅၀)ပြည့် ( ASEAN 50th Anniversary )အထိမ်းအမှတ်အဖြစ် ကျင်းပမည့် Car Rally ပြိုင်ပွဲဝင် နိုင်ငံတကာမှ ကားများသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမှ တစ်ဆင့် တာချီလိတ်သို့ လာရောက်မည်ဖြစ်သည့်အတွက် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုရှိ တိုးဂိတ်မှ ဝမ်ကျောက်လုံ၊ ဧဒင်ရွာအထိ ဆိုးရွားနေသည့် လမ်းများအား စက်တင်ဘာလ(၂၀)ရက်နေ့ မတိုင်မီအတွင်း ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~