တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက် လူသွားပလက်ဖောင်း ဧရိယာပေါ် ကျူးကျော်မှုများ စတင် တိုင်းတာ စာရင်းကောက်နေ

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက် လူသွားပလက်ဖောင်း ဧရိယာပေါ် ကျူးကျော်မှုများ စတင် တိုင်းတာ စာရင်းကောက်နေ
စကျတငျဘာ 22, 2017
By Tachileik News Agency



ဗိုလ်ချုပ်လမ်းမကြီး ဘေးဝဲယာတစ်လျှောက် အိမ်များနှင့် ဆိုင်ခန်းများက လမ်းဘေးဧရိယာများတွင် ကျူးကျော်ခြင်းကြောင့် လမ်းအသုံးပြုသူများ အနှောင့်အယှက် မဖြစ်စေရေး ဆောင်ရွက်ရန် ခရိုင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တိုင်းတာမှုများ စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရုံးအဖွဲ့ဝင်များက လိုက်လံ စစ်ဆေးကာ စာရင်းကောက်ယူမှုများကို စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက စ၍ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးတစ်လျှောက် လူသွားလမ်းဖြစ်သည့် ပလက်ဖောင်း နယ်နိမိတ်တွင် ဈေးရောင်းချင်မှုနှင့်အတူ အမိုးများ ပြုလုပ်ထားမှုများကို ဖယ်ရှားရန် စက်တင်ဘာလ (၂၂)ရက်နေ့မှစ၍ စည်ပင်သာယာရေးဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။

“လမ်းသွားလမ်းလာ ဧရိယာမှာ ဈေးရောင်းနေတာတွေ၊ ပစ္စည်းတွေတင်ထားတာ တွေကိုတော့ ချက်ချင်း ဖယ်ရှားခိုင်းထားပါတယ်။ အမိုးတွေ ထုတ်ထားတာကိုတော့ တိုင်းတာနေပါတယ်။ တချို့က အခိုင်အမာ လုပ်ထားပြီး တချို့ကတော့ မိုးကာလိုမျိုးနဲ့ ယာယီလုပ်ထားတာတွေရှိတယ်။ အားလုံးကို တိုင်းတာမှုတွေ အရင် လုပ်နေပါတယ်။ အားလုံးကို ခရိုင်အဆင့်အစည်းအဝေးမှာ တင်ပြပြီးတော့ ဘာလုပ်မယ်ဆိုတာတော့ အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်မှာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်ချုပ်လမ်းမကြီး ဘေးဝဲယာတစ်လျှောက် အိမ်များနှင့် ဆိုင်ခန်းများက လမ်းဘေးဧရိယာများတွင် ကျူးကျော်ခြင်းကြောင့် လမ်းအသုံးပြုသူများ အနှောင့်အယှက် မဖြစ်စေရေး ဆောင်ရွက်ရန် ခရိုင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တိုင်းတာမှုများ စတင်လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်တွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရုံးအဖွဲ့ဝင်များက လိုက်လံ စစ်ဆေးကာ စာရင်းကောက်ယူမှုများကို စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက စ၍ လုပ်ဆောင်နကြခြေင်း ဖြစ်သည်။

ဓာတ်ပုံ - စိုးကျော်အောင်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~