တာခ်ီလိတ္ေရသန္႔လုပ္ငန္းအားလံုး FDA ေထာက္ခံခ်က္ရယူေရးအတြက္ အသစ္ဖြဲ႔စည္းလိုက္သည့္ ေရသန္႔လုပ္ငန္းရွင္အသင္းက ေဆာင္ရြက္မည္

တာခ်ီလိတ္ေရသန္႔လုပ္ငန္းအားလံုး FDA ေထာက္ခံခ်က္ရယူေရးအတြက္ အသစ္ဖြဲ႔စည္းလိုက္သည့္ ေရသန္႔လုပ္ငန္းရွင္အသင္းက ေဆာင္ရြက္မည္
စက်တင်ဘာ 17, 2017
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အသစ္ဖြဲ႔လုိက္သည့္ ေရသန္႔လုပ္ငန္းရွင္မ်ား အသင္းက ေရသန္႔ထုတ္လုပ္မႈအား စားသံုးကုန္ထုတ္လုပ္မႈဆိုင္ရာ ဥပေဒ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ျဖစ္ေစေရးႏွင့္ လုပ္ငန္းမ်ား၏ အခက္အခဲမ်ားကို ပူးေပါင္းေျဖရွင္း သြားမည္ျဖစ္ေၾကာင္း သိရသည္။

“လဆန္း (၃)ရက္ေန႔တုိင္း အစည္းအေဝးလုပ္ပါမယ္။ ေရသန္႔ထုတ္လုပ္မႈေတြကိုလည္း FDA ေထာက္ခံခ်က္တို႔ လိုအပ္တာေတြ စည္းမ်ဥ္းစည္းကမ္းနဲ႔အညီျဖစ္ဖို႔ လုပ္သြားၾကမွာပါ။ FDA ကလည္း ဟိုဘက္ကမ္း(ထုိင္းႏုိင္ငံ)က ေရသန္႔ေတြ ဒီဘက္ကို မတင္ဖို႔ ပိတ္သြားမယ္လို႔ သိရတယ္။ ထုိင္းဘက္သြားရင္ ဒီဘက္ကေန ေရသန္႔ကို ကဒ္နဲ႔တစ္ကဒ္ေတာင္ ယူသြား လုိ႔မရဘူး။ တစ္ဘူးပဲ ယူခြင့္ရိွတယ္။ ဟိုဘက္ကေတာ့ ေရသန္႔တင္သြင္းေနတယ္။ ဒီေတာ့ ဒီဘက္က စက္ရံုေတြအေနနဲ႔ ရုန္းကန္ေနရတဲ့ အေနအထားမွာ ရိွတယ္။ ဒါေၾကာင့္ ဒီလို အခက္အခဲေတြကို ေျဖရွင္းေပးဖို႔ ဒီအသင္းကို ဖြဲ႕စည္းလုိက္တာပါ။ ဒီအသင္းဖြဲ႕ၿပီးေနာက္ပိုင္းမွာ ေရသန္႔ထုတ္တဲ့သူေတြလည္း အားလံုး စည္းကမ္းနဲ႔အညီ ထုတ္လုပ္ဖို႔ လိုအပ္တာေတြ ပူးေပါင္းေျဖရွင္းၾကဖို႔ပါ”ဟု တာခ်ီလိတ္ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠဌ(၂)ျဖစ္သူ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လက္ရိွ ထုတ္လုပ္ေနသည့္ ေရသန္႔လုပ္ငန္း (၄၂)ခုအနက္ ေထာက္ခံခ်က္ရၿပီးလုပ္ငန္း (၂၄) ခုႏွင့္ ေလွ်ာက္ထားဆဲလုပ္ငန္း (၂၀)ရိွေနၿပီး FDA ေထာက္ခံခ်က္ အပါအဝင္ လိုအပ္သည့္ ေထာက္ခံခ်က္မ်ား ရရိွေရးကို FDA၊ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕တို႔ျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း အသင္းတာဝန္ရိွသူထံမွ သိရသည္။

အဆိုပါအသင္းတြင္ တာခ်ီလိတ္ၿမိဳ႕မွ ေရသန္႔လုပ္ငန္း (၂၄)ခုမွ လုပ္ငန္းရွင္မ်ားႏွင့္ FDA(အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန)တို႔၏ စက္တင္ဘာလ (၁၅)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပသည့္ ေရသန္႔လုပ္ငန္းမ်ား အလုပ္ရံုေဆြးေႏြးပြဲတြင္ ေရသန္႔လုပ္ငန္းရွင္ (၁၁)ဦးပါဝင္သည့္အဖြဲ႕ကို ဖြဲ႕စည္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းအဖြဲ႔တြင္ ဥကၠဌအျဖစ္ ဦးၾကည္ျမင့္၊ ဒုဥကၠဌ(၁)အျဖစ္ ေဒၚမားမား၊ ဒုဥကၠဌ(၂)အျဖစ္ ဦးတင့္ေဆြ၊ အတြင္းေရးမွဴးအျဖစ္ ဦးျမင့္ေဇာ္၊ ဘ႑ာေရးမွဴးအျဖစ္ ဦးအားလို၊ စာရင္းစစ္အျဖစ္ ဦးစိုင္းခမ္ရွမ္၊ ျပန္ၾကားေရးအျဖစ္ ေဒၚမားမားႏွင့္အဖြဲ႕၊ အမႈေဆာင္မ်ားအျဖစ္ ဦးဝင္းျမင့္၊ ဦးဇာနည္၊ ေဒၚနန္းေအာင္ႏွင့္ ဦးညြန္႔ေဆြတို႔က တာဝန္ယူထားေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - UTS


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသစ်ဖွဲ့လိုက်သည့် ရေသန့်လုပ်ငန်းရှင်များ အသင်းက ရေသန့်ထုတ်လုပ်မှုအား စားသုံးကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရသည်။

“လဆန်း (၃)ရက်နေ့တိုင်း အစည်းအဝေးလုပ်ပါမယ်။ ရေသန့်ထုတ်လုပ်မှုတွေကိုလည်း FDA ထောက်ခံချက်တို့ လိုအပ်တာတွေ စည်းမျဉ်းစည်းကမ်းနဲ့အညီဖြစ်ဖို့ လုပ်သွားကြမှာပါ။ FDA ကလည်း ဟိုဘက်ကမ်း(ထိုင်းနိုင်ငံ)က ရေသန့်တွေ ဒီဘက်ကို မတင်ဖို့ ပိတ်သွားမယ်လို့ သိရတယ်။ ထိုင်းဘက်သွားရင် ဒီဘက်ကနေ ရေသန့်ကို ကဒ်နဲ့တစ်ကဒ်တောင် ယူသွား လို့မရဘူး။ တစ်ဘူးပဲ ယူခွင့်ရှိတယ်။ ဟိုဘက်ကတော့ ရေသန့်တင်သွင်းနေတယ်။ ဒီတော့ ဒီဘက်က စက်ရုံတွေအနေနဲ့ ရုန်းကန်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဒါကြောင့် ဒီလို အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဒီအသင်းကို ဖွဲ့စည်းလိုက်တာပါ။ ဒီအသင်းဖွဲ့ပြီးနောက်ပိုင်းမှာ ရေသန့်ထုတ်တဲ့သူတွေလည်း အားလုံး စည်းကမ်းနဲ့အညီ ထုတ်လုပ်ဖို့ လိုအပ်တာတွေ ပူးပေါင်းဖြေရှင်းကြဖို့ပါ”ဟု တာချီလိတ်ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ(၂)ဖြစ်သူ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင် လက်ရှိ ထုတ်လုပ်နေသည့် ရေသန့်လုပ်ငန်း (၄၂)ခုအနက် ထောက်ခံချက်ရပြီးလုပ်ငန်း (၂၄) ခုနှင့် လျှောက်ထားဆဲလုပ်ငန်း (၂၀)ရှိနပြေီး FDA ထောက်ခံချက် အပါအဝင် လိုအပ်သည့် ထောက်ခံချက်များ ရရှိရေးကို FDA၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တို့ဖြင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူထံမှ သိရသည်။

အဆိုပါအသင်းတွင် တာချီလိတ်မြို့မှ ရေသန့်လုပ်ငန်း (၂၄)ခုမှ လုပ်ငန်းရှင်များနှင့် FDA(အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)တို့၏ စက်တင်ဘာလ (၁၅)ရက်နေ့က တာချီလိတ်မြို့တွင် ကျင်းပသည့် ရေသန့်လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ရေသန့်လုပ်ငန်းရှင် (၁၁)ဦးပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေသန့်လုပ်ငန်းရှင်များအသင်းအဖွဲ့တွင် ဥက္ကဌအဖြစ် ဦးကြည်မြင့်၊ ဒုဥက္ကဌ(၁)အဖြစ် ဒေါ်မားမား၊ ဒုဥက္ကဌ(၂)အဖြစ် ဦးတင့်ဆွေ၊ အတွင်းရေးမှူးအဖြစ် ဦးမြင့်ဇော်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအားလို၊ စာရင်းစစ်အဖြစ် ဦးစိုင်းခမ်ရှမ်၊ ပြန်ကြားရေးအဖြစ် ဒေါ်မားမားနှင့်အဖွဲ့၊ အမှုဆောင်များအဖြစ် ဦးဝင်းမြင့်၊ ဦးဇာနည်၊ ဒေါ်နန်းအောင်နှင့် ဦးညွန့်ဆွေတို့က တာဝန်ယူထားကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - UTS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~