ေဒသတြင္း မတည္ၿငိမ္မႈမ်ားေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ တုိင္းရင္းဘာသာသင္ၾကားသူ ယခုႏွစ္အတြင္း ေလ်ာ့နည္းလာ

ေဒသတြင္း မတည္ၿငိမ္မႈမ်ားေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ တုိင္းရင္းဘာသာသင္ၾကားသူ ယခုႏွစ္အတြင္း ေလ်ာ့နည္းလာ
စက်တင်ဘာ 26, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း အေျခခံပညာသင္ေက်ာင္းမ်ားတြင္ ေက်ာင္းခ်ိန္ျပင္ပ တိုင္းရင္းသားဘာသာစကားသင္ၾကားမႈမွာ ေဒသတြင္းမတည္ၿငိမ္မႈမ်ားေၾကာင့္ ယခုႏွစ္တြင္ သင္ၾကားသည့္ ဆရာ၊ဆရာမဦးေရႏွင့္ ေက်ာင္းသား၊ေက်ာင္းသူဦးေရေလ်ာ့က်သြားေၾကာင္း သိရသည္။

“အခုက ဘာလို႔ေလ်ာ့သြားလဲဆိုေတာ့ ေတာ့ဆန္တို႔လိုေက်းရြာေတြမွာ နယ္ေျမမတည္ၿငိမ္တာေတြ ေရရွည္ ျဖစ္လာေတာ့ ေက်ာင္းသူ၊ေက်ာင္းသား အေရအတြက္လည္း ေလ်ာ့နည္းသြားတယ္။ ဆရာ၊ဆရာမေတြလည္း ေလ်ာ့သြားတယ္။ ၿပီးေတာ့ အခု ၂၀၁၇ ခုႏွစ္အထိ ေက်ာင္းခ်ိန္ျပင္ပိုင္း တိုင္းရင္းသားဘာသာသင္ၾကားတဲ့အခါ နံနက္(၇) နာရီေလာက္ကေနစရတာျဖစ္တဲ့အတြက္ ကေလးေတြက ရာသီဥတုအေနအထားေပၚမူတည္ၿပီး ေက်ာင္းမလာႏိုင္တာေတြ၊ အခ်ိန္မေပးႏိုင္တာေတြေၾကာင့္ တျဖည္းျဖည္းနဲ႔ လူဦးေရေလ်ာ့က်လာတာျဖစ္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီမွ အတြင္းေရးမွဴး ေဒၚနန္းခင္မာေအး (SLCA-ေက်ာင္းခ်ိန္ျပင္ပ ရွမ္းစာေပသင္ၾကားေရး) က တာခ်ီလိတ္ သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာသင္ေက်ာင္းေပါင္း(၈၅)ေက်ာင္းမွ ေက်ာင္းခ်ိန္ျပင္ပ တိုင္းရင္းသား ဘာသာစကားသင္ၾကားလိုသည့္ ေက်ာင္းသူ၊ေက်ာင္းသားမ်ားကို တိုင္းရင္းသာဘာသာစကားသင္ၾကားေပးမည့္ ဆရာ၊ဆရာမ (၁၄၅)ဦးမွ ရွမ္းဘာသာ၊ စကား သင္ၾကားေပးမႈကို ေက်ာင္းဖြင့္ရက္မ်ားတြင္ ၿမိဳ႕ေပၚေက်ာင္းမ်ား၌ နံနက္(၇)နာရီမွ (၈)နာရီ (၃၀)မိနစ္အထိလည္းေကာင္း၊ ေက်းရြာစာသင္ေက်ာင္းမ်ားတြင္ ညေန(၃)နာရီမွ (၄)နာရီအထိလည္းေကာင္း ေန႔စဥ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

“တိုင္းရင္းသားစာေပသင္ၾကားေရးဆိုၿပီး ႏိုင္ငံေတာ္က ခ်မွတ္ေပးထားတယ္ေလ။ ကေလးေတြကလည္း ေက်ာင္း ေတြမွာ အဆင္သင့္ရွိေနတာျဖစ္တဲ့အတြက္ ငယ္ရြယ္တဲ့အခ်ိန္ကတည္းက စၿပီးသင္ၾကားမယ္ဆိုရင္ ပိုၿပီး တတ္ကၽြမ္းလြယ္တာေပါ့။ ၿပီးေတာ့ ရွမ္းစာေပ၊ ဘာသာစကားသင္ၾကားမႈမွာ ဘယ္လူမ်ိဳးကိုမဆို မခြဲဲျခားဘဲ သင္ၾကားေပးေနတာလည္းျဖစ္ပါတယ္။ အဓိက ရည္ရြယ္ခ်က္ကေတာ့ တိုင္းရင္းသားဘာသာ၊ စကားကို မေပ်ာက္ပ်က္သြားေအာင္ က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိလာေအာင္ သင္ၾကားေပးတာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ရွိ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီမွ အတြင္းေရးမွဴး ေဒၚနန္းခင္မာေအး (SLCA-ေက်ာင္းခ်ိန္ျပင္ပ ရွမ္းစာေပသင္ၾကားေရး) က ေျပာသည္။

၂၀၁၄-၂၀၁၅ ပညာသင္ႏွစ္မွစ၍ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာသင္ေက်ာင္း (၁၂၅)ေက်ာင္း မွ ရွမ္းဘာသာစကားသင္ၾကားလိုသည့္ ေက်ာင္းသူ၊ေက်ာင္းသားမ်ားကို တိုင္းရင္းသားဘာသာစကားသင္ ဆရာ၊ ဆရာမ (၂၁၆) ဦးျဖင့္ သင္ၾကားေပးလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းခ်ိန္ျပင္ပ ရွမ္းစာေပႏွင့္ဘာသာစကားသင္ၾကားေပးသည့္ ဆရာ၊ ဆရာမ မ်ားအတြက္ တစ္လလွ်င္ က်ပ္ သံုးေသာင္း ေထာက္ပံ့ေငြခ်ီးျမႇင့္ေပးထားၿပီး ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ တိုင္းရင္းသား စာေပ သင္ၾကားရန္အတြက္ ေက်ာင္းခ်ိန္အတြင္း စာသင္ခ်ိန္တစ္ခ်ိန္ရရွိလာရန္ ပညာေရးဌာနမွ စီစဥ္ေပးေနေၾကာင္း ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ အတြင္းေရးမွဴးထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #SLCA ( KYAUKME )

~~~~~~~~⊰❂ unicode ~~~~~~~~
ဒေသတွင်း မတည်ငြိမ်မှုများကြောင့် ကျောက်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် တိုင်းရင်းဘာသာသင်ကြားသူ ယခုနှစ်အတွင်း လျော့နည်းလာ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း အခြေခံပညာသင်ကျောင်းများတွင် ကျောင်းချိန်ပြင်ပ တိုင်းရင်းသားဘာသာစကားသင်ကြားမှုမှာ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ယခုနှစ်တွင် သင်ကြားသည့် ဆရာ၊ဆရာမဦးရေနှင့် ကျောင်းသား၊ကျောင်းသူဦးရေလျော့ကျသွားကြောင်း သိရသည်။

“အခုက ဘာလို့လျော့သွားလဲဆိုတော့ တော့ဆန်တို့လိုကျေးရွာတွေမှာ နယ်မြေမတည်ငြိမ်တာတွေ ရေရှည် ဖြစ်လာတော့ ကျောင်းသူ၊ကျောင်းသား အရေအတွက်လည်း လျော့နည်းသွားတယ်။ ဆရာ၊ဆရာမတွေလည်း လျော့သွားတယ်။ ပြီးတော့ အခု ၂၀၁၇ ခုနှစ်အထိ ကျောင်းချိန်ပြင်ပိုင်း တိုင်းရင်းသားဘာသာသင်ကြားတဲ့အခါ နံနက်(၇) နာရီလောက်ကနေစရတာဖြစ်တဲ့အတွက် ကလေးတွေက ရာသီဥတုအနေအထားပေါ်မူတည်ပြီး ကျောင်းမလာနိုင်တာတွေ၊ အချိန်မပေးနိုင်တာတွေကြောင့် တဖြည်းဖြည်းနဲ့ လူဦးရေလျော့ကျလာတာဖြစ်ပါတယ် “ဟု ကျောက်မဲမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဒေါ်နန်းခင်မာအေး (SLCA-ကျောင်းချိန်ပြင်ပ ရှမ်းစာပေသင်ကြားရေး) က တာချီလိတ် သတင်း အေဂျင်စီ သို့ ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းပေါင်း(၈၅)ကျောင်းမှ ကျောင်းချိန်ပြင်ပ တိုင်းရင်းသား ဘာသာစကားသင်ကြားလိုသည့် ကျောင်းသူ၊ကျောင်းသားများကို တိုင်းရင်းသာဘာသာစကားသင်ကြားပေးမည့် ဆရာ၊ဆရာမ (၁၄၅)ဦးမှ ရှမ်းဘာသာ၊ စကား သင်ကြားပေးမှုကို ကျောင်းဖွင့်ရက်များတွင် မြို့ပေါ်ကျောင်းများ၌ နံနက်(၇)နာရီမှ (၈)နာရီ (၃၀)မိနစ်အထိလည်းကောင်း၊ ကျေးရွာစာသင်ကျောင်းများတွင် ညနေ(၃)နာရီမှ (၄)နာရီအထိလည်းကောင်း နေ့စဉ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“တိုင်းရင်းသားစာပေသင်ကြားရေးဆိုပြီး နိုင်ငံတော်က ချမှတ်ပေးထားတယ်လေ။ ကလေးတွေကလည်း ကျောင်း တွေမှာ အဆင်သင့်ရှိနေတာဖြစ်တဲ့အတွက် ငယ်ရွယ်တဲ့အချိန်ကတည်းက စပြီးသင်ကြားမယ်ဆိုရင် ပိုပြီး တတ်ကျွမ်းလွယ်တာပေါ့။ ပြီးတော့ ရှမ်းစာပေ၊ ဘာသာစကားသင်ကြားမှုမှာ ဘယ်လူမျိုးကိုမဆို မခွဲဲခြားဘဲ သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားဘာသာ၊ စကားကို မပျောက်ပျက်သွားအောင် ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် သင်ကြားပေးတာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အတွင်းရေးမှူး ဒေါ်နန်းခင်မာအေး (SLCA-ကျောင်းချိန်ပြင်ပ ရှမ်းစာပေသင်ကြားရေး) က ပြောသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်း (၁၂၅)ကျောင်း မှ ရှမ်းဘာသာစကားသင်ကြားလိုသည့် ကျောင်းသူ၊ကျောင်းသားများကို တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ (၂၁၆) ဦးဖြင့် သင်ကြားပေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းချိန်ပြင်ပ ရှမ်းစာပေနှင့်ဘာသာစကားသင်ကြားပေးသည့် ဆရာ၊ ဆရာမ များအတွက် တစ်လလျှင် ကျပ် သုံးသောင်း ထောက်ပံ့ငွေချီးမြှင့်ပေးထားပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တိုင်းရင်းသား စာပေ သင်ကြားရန်အတွက် ကျောင်းချိန်အတွင်း စာသင်ချိန်တစ်ချိန်ရရှိလာရန် ပညာရေးဌာနမှ စီစဉ်ပေးနေကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #SLCA ( KYAUKME )

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~