တာခ်ီလိတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားမွ လူမႈေရးပင္စင္ခံစားခြင့္ရဘိုးဘြားမ်ားအား ဒုတိယသံုးလပတ္စာ ႀကိဳတင္ေပးအပ္ေန

တာခ်ီလိတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားမွ လူမႈေရးပင္စင္ခံစားခြင့္ရဘိုးဘြားမ်ားအား ဒုတိယသံုးလပတ္စာ ႀကိဳတင္ေပးအပ္ေန
စက်တင်ဘာ 14, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ တာခ်ီလိတ္ၿမိဳ႕နယ္ႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္မ်ားမွ လူမႈေရး ပင္စင္ ခံစားခြင့္ရသည့္ ဘိုးဘြားမ်ား၏ ဒုတိယသံုးလစာ လူမႈေရးပင္စင္မ်ားကို လူမႈဝန္ထမ္းဦးစီးဌာနက အိမ္တုိင္ရာေရာက္ေပးအပ္ျခင္းကို စက္တင္ဘာလ (၁၃)ရက္ေန႔မွစ၍ စတင္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

 “အမွန္တကယ္ေပးရမွာက စက္တင္ဘာလ (၁၅)ရက္ေန႔မွ စေပးရမွာပါ။ ဒါေပမဲ့ တာခ်ီလိတ္မွာက (၁၅)ရက္ေန႔မွာ တစ္ျခားအစီအစဥ္တစ္ခုနဲ႔တုိက္ေနေတာ့ စက္တင္ဘာလ (၁၃)ရက္ေန႔မွာ ေပးလုိက္တယ္။ မုိင္းေယာင္းမွာကလည္း ဒီေန႔(စက္တင္ဘာလ ၁၄ ရက္ေန႔)မွာ ရပ္ကြက္ေတြေတြ႔ဖို႔ရိွေတာ့ ေပးလုိက္တယ္။ က်န္တဲ့ (၇)ၿမိဳ႕နယ္ကေတာ့ စက္တင္ဘာလ (၁၅)ရက္ေန႔မွာ ေပးသြားမွာပါ”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း တာခ်ီလိတ္ၿမိဳ႕နယ္ တာခ်ီလိတ္၊ က်ိဳင္းလပ္ႏွင့္ တာေလၿမိဳ႕မ်ားတြင္ ဘိုးဘြား (၆၅)ဦး၊ မုိင္းေယာင္းၿမိဳ႕နယ္တြင္ ဘိုးဘြား (၁၁)ႏွင့္ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ ဘိုးဘြား (၁၀) ဦးစုစုေပါင္း ဘိုးဘြား (၈၆)ဦးအား ဒုတိယသံုးလပတ္အတြက္ လူမႈေရးပင္စင္ေပးအပ္ထားေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့ သံုးလပတ္ထက္ ၿမိဳ႕နယ္တုိင္းမွာ ထပ္တိုးလာပါတယ္။ ပထမသံုးလပတ္တုန္းက လူမႈေရးပင္စင္ခံစားခြင့္ရခဲ့တဲ့ ဘိုးဘြားေတြထဲက (၁၀) ဦးေလာက္ေတာ့ ေသသြားေတာ့ ေလ်ာ့သြားတာလည္း ရိွတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ ဘိုးဘြားအေရအတြက္ နည္းေနရတာက တစ္ခ်ိဳ႕ဆို ကိုယ့္အသက္ကိုယ္ ဘယ္ေလာက္မွန္း မသိၾကဘူး။ တစ္ခ်ိဳ႕လည္း အတည္ျပဳဖို႔ရာကို ကိုယ့္မိဘက ဘယ္သူမွန္းမသိတာမ်ိဳး ေတြလည္း ေတြ႔ရတယ္။ အသက္ျပည့္ေၾကာင္း အတည္ျပဳဖို႔အတြက္ အခက္အခဲကေတာ့ အမ်ိဳးမ်ိဳးႀကံဳရပါတယ္”ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္မွ အသက္(၉၀)ႏွစ္အထက္ ဘိုးဘြားမ်ား လူမႈေရးပင္စင္ ခံစားခြင့္ရရွိသူဦးေရ ၂၀၁၇ ခုႏွစ္ ဧၿပီ၊ ေမႏွင့္ ဇြန္ ပထမသံုးလပတ္တြင္ (၁၉၀)ဦးရိွခဲ့ရာမွ ဇူလိုင္၊ ၾသဂုတ္ႏွင့္ စက္တင္ဘာ ဒုတိယသံုးလပတ္တြင္ (၂၂၇)ဦးအထိ တိုုးလာေၾကာင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။

 “ဘိုးဘြားေတြစာရင္းကို တင္စရာရိွရင္ ဆက္ၿပီး တင္ထားေပးလို႔ရပါတယ္။ လက္ခံထားေပးပါမယ္။ အၿမဲတမ္း သံုးလတစ္ျဖတ္ေပးေနမွာဆိုေတာ့ အနီးစပ္ဆံုး သံုးလပတ္မွာ ပါလာမွာျဖစ္ပါတယ္။ အခ်ိန္မေရြးဆက္သြယ္ၿပီး စာရင္းေတြ ပို႔ထားေပးလို႔ ရပါတယ္” ဟု လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏုိင္က ေျပာသည္။
ႏိုင္ငံေတာ္အစိုးရက အသက္(၉၀)ႏွစ္ႏွင့္အထက္ ဘိုးဘြားမ်ားအား လူမႈေရးပင္စင္အျဖစ္ တစ္လလွ်င္ က်ပ္တစ္ေသာင္းႏႈန္းျဖင့္ သံုးလတစ္ႀကိမ္ လူမႈဝန္ထမ္းဦးစီးဌာနမ်ားမွ ေပးအပ္ျခင္းကို ၂၀၁၇ ခုႏွစ္အတြင္း တစ္ႏုိင္ငံလံုးအတုိင္းအတာျဖင့္ စတင္ေဆာင္ရြက္လာျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ၿမိဳ႕နယ္ေပါင္း (၉)ၿမိဳ႕နယ္မွ အသက္(၉၀)ေက်ာ္ဘိုးဘြားမ်ား လစဥ္ ေထာက္ပံ့ေၾကးရရွိမည့္ အခြင့္အေရး မဆံုးရံႈးေစရန္ နီးစပ္ရာ ၿမိဳ႕နယ္/ရပ္ကြက္/ေက်းရြာ အေထြေထြ အုပ္ခ်ဳပ္ေရးရံုးမ်ားအျပင္ က်ိဳင္းတံုၿမိဳ႕ရိွ လူမႈဝန္ထမ္းဦးစီးဌာနရံုးသို႔လည္း ဆက္သြယ္စာရင္း ေပးသြင္းႏိုင္ေၾကာင္း သိရသည္။

ဘိုးဘြားမ်ား လူမႈေရးပင္စင္အတြက္ စာရင္းေပးသြင္းရန္ သန္းေခါင္စာရင္းမိတၱဴ ၊ မွတ္ပံုတင္မိတၱဴတို႔ လိုအပ္ေသာ္လည္း အဆိုပါ အေထာက္အထားမ်ား မရိွပါက သက္ဆုိင္ရာရပ္/ေက်းအဖြဲ႕မွ ေထာက္ခံခ်က္ျဖင့္ တင္ျပႏုိင္ၿပီး လိုအပ္သည္မ်ား ဆက္သြယ္ေမးျမန္းလိုပါက ရွမ္းျပည္နယ္ (အေရွ႕ပိုင္း )လူမႈဝန္ထမ္းဦးစီးဌာနရံုး ဖုန္း ၀၈၄ - ၂၂၅၂၉ သို႔ ဆက္သြယ္စံုစမ္းႏုိင္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထိုက္
ဓါတ္ပံု #လူမႈဝန္ထမ္းဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်များမှ လူမှုရေးပင်စင်ခံစားခွင့်ရဘိုးဘွားများအား ဒုတိယသုံးလပတ်စာ ကြိုတင်ပေးအပ်နေ
********
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်များမှ လူမှုရေး ပင်စင် ခံစားခွင့်ရသည့် ဘိုးဘွားများ၏ ဒုတိယသုံးလစာ လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာနက အိမ်တိုင်ရာရောက်ပေးအပ်ခြင်းကို စက်တင်ဘာလ (၁၃)ရက်နေ့မှစ၍ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 “အမှန်တကယ်ပေးရမှာက စက်တင်ဘာလ (၁၅)ရက်နေ့မှ စပေးရမှာပါ။ ဒါပေမဲ့ တာချီလိတ်မှာက (၁၅)ရက်နေ့မှာ တစ်ခြားအစီအစဉ်တစ်ခုနဲ့တိုက်နေတော့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ပေးလိုက်တယ်။ မိုင်းယောင်းမှာကလည်း ဒီနေ့(စက်တင်ဘာလ ၁၄ ရက်နေ့)မှာ ရပ်ကွက်တွေတွေ့ဖို့ရှိတော့ ပေးလိုက်တယ်။ ကျန်တဲ့ (၇)မြို့နယ်ကတော့ စက်တင်ဘာလ (၁၅)ရက်နေ့မှာ ပေးသွားမှာပါ”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့နယ် တာချီလိတ်၊ ကျိုင်းလပ်နှင့် တာလေမြို့များတွင် ဘိုးဘွား (၆၅)ဦး၊ မိုင်းယောင်းမြို့နယ်တွင် ဘိုးဘွား (၁၁)နှင့် မိုင်းဖြတ်မြို့နယ်တွင် ဘိုးဘွား (၁၀) ဦးစုစုပေါင်း ဘိုးဘွား (၈၆)ဦးအား ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ပေးအပ်ထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့ သုံးလပတ်ထက် မြို့နယ်တိုင်းမှာ ထပ်တိုးလာပါတယ်။ ပထမသုံးလပတ်တုန်းက လူမှုရေးပင်စင်ခံစားခွင့်ရခဲ့တဲ့ ဘိုးဘွားတွေထဲက (၁၀) ဦးလောက်တော့ သေသွားတော့ လျော့သွားတာလည်း ရှိတယ်။ တစ်ချို့နေရာတွေမှာ ဘိုးဘွားအရေအတွက် နည်းနေရတာက တစ်ချို့ဆို ကိုယ့်အသက်ကိုယ် ဘယ်လောက်မှန်း မသိကြဘူး။ တစ်ချို့လည်း အတည်ပြုဖို့ရာကို ကိုယ့်မိဘက ဘယ်သူမှန်းမသိတာမျိုး တွေလည်း တွေ့ရတယ်။ အသက်ပြည့်ကြောင်း အတည်ပြုဖို့အတွက် အခက်အခဲကတော့ အမျိုးမျိုးကြုံရပါတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၉)မြို့နယ်မှ အသက်(၉၀)နှစ်အထက် ဘိုးဘွားများ လူမှုရေးပင်စင် ခံစားခွင့်ရရှိသူဦးရေ ၂၀၁၇ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် ပထမသုံးလပတ်တွင် (၁၉၀)ဦးရှိခဲ့ရာမှ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ ဒုတိယသုံးလပတ်တွင် (၂၂၇)ဦးအထိ တိုုးလာကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 “ဘိုးဘွားတွေစာရင်းကို တင်စရာရှိရင် ဆက်ပြီး တင်ထားပေးလို့ရပါတယ်။ လက်ခံထားပေးပါမယ်။ အမြဲတမ်း သုံးလတစ်ဖြတ်ပေးနေမှာဆိုတော့ အနီးစပ်ဆုံး သုံးလပတ်မှာ ပါလာမှာဖြစ်ပါတယ်။ အချိန်မရွေးဆက်သွယ်ပြီး စာရင်းတွေ ပို့ထားပေးလို့ ရပါတယ်” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြောသည်။
နိုင်ငံတော်အစိုးရက အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် လူမှုဝန်ထမ်းဦးစီးဌာနများမှ ပေးအပ်ခြင်းကို ၂၀၁၇ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်ပေါင်း (၉)မြို့နယ်မှ အသက်(၉၀)ကျော်ဘိုးဘွားများ လစဉ် ထောက်ပံ့ကြေးရရှိမည့် အခွင့်အရေး မဆုံးရှုံးစေရန် နီးစပ်ရာ မြို့နယ်/ရပ်ကွက်/ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးရုံးများအပြင် ကျိုင်းတုံမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့လည်း ဆက်သွယ်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ဘိုးဘွားများ လူမှုရေးပင်စင်အတွက် စာရင်းပေးသွင်းရန် သန်းခေါင်စာရင်းမိတ္တူ ၊ မှတ်ပုံတင်မိတ္တူတို့ လိုအပ်သော်လည်း အဆိုပါ အထောက်အထားများ မရှိပါက သက်ဆိုင်ရာရပ်/ကျေးအဖွဲ့မှ ထောက်ခံချက်ဖြင့် တင်ပြနိုင်ပြီး လိုအပ်သည်များ ဆက်သွယ်မေးမြန်းလိုပါက ရှမ်းပြည်နယ် (အရှေ့ပိုင်း )လူမှုဝန်ထမ်းဦးစီးဌာနရုံး ဖုန်း ၀၈၄ - ၂၂၅၂၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #လူမှုဝန်ထမ်းဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~