
စကျတငျဘာ 9, 2017
By 🌸


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)မှစ၍ မြို့ပြင်ရပ်ကွက်၊ကျေးရွာများအထိ လျှပ်စစ်လိုင်းတစ်လျှောက် ရှင်းလင်းပြုပြင်ခြင်းများ လုပ်ဆောင်နေ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှ မြို့ပြင်ရပ်ကွက်၊ ကျေးရွာများအထိ စက်တင်ဘာလ (၉)ရက်နေ့တွင် လျှပ်စစ်မီးလိုင်းများနှင့် မလွတ်သည့် သစ်ပင်များခုတ်ခြင်း၊ မီးတိုင်များလဲခြင်းတို့အား မီးလင်းရေးရုံးခွဲ (တာဝေ)က လုပ်ဆောင်နေသည်ကို တွေ့ရသည်။
မီးလိုင်းများတစ်လျှောက် ရှင်းလင်းပြုပြင်ခြင်းများ လုပ်ဆောင်နေသဖြင့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှ မြို့ပြင်ရပ်ကွက်၊ ကျေးရွာများအထိ နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ လျှပ်စစ်မီး ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~