
စကျတငျဘာ 8, 2017
By 🌸


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ်(၂)မှ မြို့ပြင်ရပ်ကွက်၊ကျေးရွာများအထိ လျှပ်စစ်မီး တစ်နေကုန်ဖြတ်တောက်မည်
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှ မြို့ပြင်ရပ်ကွက် ၊ကျေးရွာများအထိ စက်တင်ဘာလ (၉)ရက်နေ့တွင် နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ လျှပ်စစ်မီး ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတစ်လျှောက်ရှိ လျှပ်စစ်မီးလိုင်းများနှင့် မလွတ်သည့် သစ်ပင်များခုတ်ခြင်း၊ မီးတိုင်များလဲခြင်းတို့အား မီးလင်းရေးရုံးခွဲ (တာဝေ)က လုပ်ဆောင်မည်ဖြစ်သဖြင့်  လျှပ်စစ်မီးဖြတ်တောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~