တာခ်ီလိတ္ၿမိဳ႕ ၀မ္မိုင္ရြာရွိ ရဲစိုက္ခင္းအတြင္း ဓာတုပစၥည္းမ်ား ျမႇဳပ္ႏွံထားသည့္ ကိစၥႏွင့္ ပတ္သက္၍ အနီးေနျပည္သူမ်ားအေပၚ ဆိုးက်ဳိးတက္ေရာက္ႏိုင္သည့္အတြက္ ရွင္းလင္းေပးရန္ ကြင္းဆင္းစစ္ေဆး

တာခ်ီလိတ္ၿမိဳ႕ ၀မ္မိုင္ရြာရွိ ရဲစိုက္ခင္းအတြင္း ဓာတုပစၥည္းမ်ား ျမႇဳပ္ႏွံထားသည့္ ကိစၥႏွင့္ ပတ္သက္၍ အနီးေနျပည္သူမ်ားအေပၚ ဆိုးက်ဳိးတက္ေရာက္ႏိုင္သည့္အတြက္ ရွင္းလင္းေပးရန္ ကြင္းဆင္းစစ္ေဆး
စက်တင်ဘာ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္ ဝမ္မုိင္ရြာရိွ ရဲစိုက္ခင္းအတြင္း ျမႇဳပ္ႏွံထားသည့္ ဓာတုပစၥည္းမ်ားေၾကာင့္ ပတ္ဝန္းက်င္ လူေနရပ္ကြက္ စိုးရိမ္ေနရေၾကာင္း တင္ျပခ်က္အရ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ဌာနဆိုင္ရာမ်ား ပါဝင္သည့္အဖြဲ႔က စက္တင္ဘာလ (၂၂)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးေၾကာင္း သိရသည္။

“ဝမ္မိုင္ရြာလူထုေတြ႕ဆံုပြဲမွာ တင္ျပထားတဲ့ ကိစၥေတြကို အဖြဲ႕စံုနဲ႔ ဒီေန႔ ကြင္းဆင္းၾကတာပါ။ ရဲစိုက္ခင္းထဲမွာ ဓာတုပစၥည္းေပပါ (၂၇) လံုးကို ၂၀၀၂ ခုႏွစ္ကတည္းက ျမႇဳပ္ခဲ့တာကေန အခုေနာက္ပိုင္းမွာ ရာသီဥတု အေျခအေနေရာ၊ ႏွစ္ကာလၾကာလာတာေရာဆိုေတာ့ တခ်ဳိ႕ပစၥည္းေတြက ေပၚလာတယ္ေပါ့။ ေႏြရာသီမွာဆို အေငြ႕ထြက္တာ၊ မီးေတာက္တာ၊ အနံ႔ထြက္တာေတြေၾကာင့္ အနီး ဝန္းက်င္လူေတြမွာ က်န္းမာေရးထိခိုက္မႈရိွတယ္ဆိုေတာ့ ဘယ္လိုေျဖရွင္းမလဲဆိုတာ ကြင္းဆင္း စစ္ေဆးတာပါ။ ရဲဌာနကလည္း လုိက္စစ္ေဆးေပးပါတယ္။ ဒါက တရားရံုးနဲ႔သက္ဆုိင္တာဆိုေတာ့ မနက္ျဖန္မွာ တရားေရးအဖြဲ႕နဲ႔ သြားေဆြးေႏြးရမွာပါ။ လူေတြ အႏၱရာယ္လည္း မျဖစ္ေစေအာင္ ဓာတုပစၥည္းကၽြမ္းက်င္သူေတြဆီကလည္း အႀကံဥာဏ္ယူဖို႔ တုိက္တြန္းလုပ္ေဆာင္သြားမွာပါ”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားရံုးက ဖ်က္ဆီးရန္ အမိန္႔ခ်မွတ္ခဲ့သည့္ မူးယစ္ေဆးဝါးမႈမွ သိမ္းဆည္းရမိသည့္ ဓာတုပစၥည္းမ်ားအား ယခင္က လူေနရပ္ကြက္မ်ားႏွင့္ ေဝးသည့္ ရဲစိုက္ခင္းၿခံဝန္းအတြင္း ျမႇဳပ္ႏွံထားခဲ့ျခင္းျဖစ္ေသာ္လည္း လူေနရပ္ကြက္မ်ား တစ္ျဖည္းျဖည္းတိုးခ်ဲ႕လာရာမွ ရဲစိုက္ခင္းအနီးဝန္းက်င္တြင္ လူေန ရပ္ကြက္ျဖစ္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“အရင္က အဲဒီေနရာဝန္းက်င္မွာ လူေနအိမ္ေတြမရိွတဲ့ ရဲစိုက္ခင္းၿခံကြက္ေပ့ါ။ အဲဒီမွာ ျမႇဳပ္ထားတာ။ အခုခ်ိန္မွာက်ေတာ့ လူေနရပ္ကြက္ေတြ တိုးလာေတာ့ အဲဒီေနရာက ရပ္ကြက္ထဲမွာလို ျဖစ္သြားေတာ့ ေႏြရာသီမွာဆို အေငြ႕ထြက္တယ္ဆိုၿပီး သတင္းေတြထြက္ေနတာ ေတာ္ေတာ္ၾကာၿပီ။ အဲဒီကိစၥကို ဝမ္မုိင္ရြာမွာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ေဒသခံေတြ ေတြ႔ဆံုပြဲလုပ္ေတာ့ ေဒသခံေတြက တင္ျပတယ္။ ဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ သက္ဆိုင္ရာဌာနေတြ ဒီေန႔သြားစစ္ေဆးတာပါ။
အခုလို မိုးရာသီမွာဆိုရင္ေတာ့ အေငြ႕မထြက္ပါဘူး။ ေႏြရာသီမွာေတာ့ သစ္ပင္ေတြလည္းမရိွ၊ မူးယစ္ေဆးဓာတုေတြ ဓာတ္ျပဳတာနဲ႔ဆိုေတာ့ အေငြ႕ထြက္တာေပါ့။ ဒါကို ကြင္းဆင္းစစ္ေဆးၿပီး သက္ဆုိိင္ရာ ဌာနေတြနဲ႔ ညိႇႏိႈင္းဖို႔ပါ။ သက္ဆုိင္ရာဆိုေတာ့ တရားေရးတို႔ဘာတုိ႔ေပါ့။ ဒီပစၥည္းေတြက တရားရံုးက ဖ်က္ဆီးမိန္႔ က်ၿပီးသား။ အစိုးရဘ႑ာေတာ္အျဖစ္ သိမ္းဆည္း သို႔မဟုတ္ ဖ်က္ဆီးဖို႔ အမိန္႔က်ထားၿပီးျဖစ္တယ္။ အခုက ဘူဒိုဇာနဲ႔ထိုးမယ္ဆိုရင္လည္း ေရေျမာင္းေဘးမွာ အတြင္းထဲက ပစၥည္းေတြ ပ်က္စီးၿပီး အႏၱရာယ္ျဖစ္ေစမလားေပါ့။ ဒါေတြ ေဆြးေႏြးၾကရမွာပါ”ဟု ကြင္းဆင္းစစ္ေဆးမႈတြင္ ပါဝင္သည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုးက ေျပာသည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးၾကည္စိုး ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ႏွင့္ အဖြဲ႔၀င္မ်ား အပါအ၀င္ တာဝန္ရိွသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ စက္တင္ဘာလ (၂၁)ရက္ေန႔က ရပ္ကြက္ေနလူထု တင္ျပသည့္ကိစၥရပ္မ်ားအား ကြင္းဆင္းစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာရှိ ရဲစိုက်ခင်းအတွင်း မြှုပ်နှံထားသည့် ဓာတုပစ္စည်းများကြောင့် ပတ်ဝန်းကျင် လူနေရပ်ကွက် စိုးရိမ်နေရကြောင်း တင်ပြချက်အရ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့က စက်တင်ဘာလ (၂၂)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

“ဝမ်မိုင်ရွာလူထုတွေ့ဆုံပွဲမှာ တင်ပြထားတဲ့ ကိစ္စတွေကို အဖွဲ့စုံနဲ့ ဒီနေ့ ကွင်းဆင်းကြတာပါ။ ရဲစိုက်ခင်းထဲမှာ ဓာတုပစ္စည်းပေပါ (၂၇) လုံးကို ၂၀၀၂ ခုနှစ်ကတည်းက မြှုပ်ခဲ့တာကနေ အခုနောက်ပိုင်းမှာ ရာသီဥတု အခြေအနေရော၊ နှစ်ကာလကြာလာတာရောဆိုတော့ တချို့ပစ္စည်းတွေက ပေါ်လာတယ်ပေါ့။ နွေရာသီမှာဆို အငွေ့ထွက်တာ၊ မီးတောက်တာ၊ အနံ့ထွက်တာတွေကြောင့် အနီး ဝန်းကျင်လူတွေမှာ ကျန်းမာရေးထိခိုက်မှုရှိတယ်ဆိုတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကွင်းဆင်း စစ်ဆေးတာပါ။ ရဲဌာနကလည်း လိုက်စစ်ဆေးပေးပါတယ်။ ဒါက တရားရုံးနဲ့သက်ဆိုင်တာဆိုတော့ မနက်ဖြန်မှာ တရားရေးအဖွဲ့နဲ့ သွားဆွေးနွေးရမှာပါ။ လူတွေ အန္တရာယ်လည်း မဖြစ်စေအောင် ဓာတုပစ္စည်းကျွမ်းကျင်သူတွေဆီကလည်း အကြံဉာဏ်ယူဖို့ တိုက်တွန်းလုပ်ဆောင်သွားမှာပါ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားရုံးက ဖျက်ဆီးရန် အမိန့်ချမှတ်ခဲ့သည့် မူးယစ်ဆေးဝါးမှုမှ သိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများအား ယခင်က လူနေရပ်ကွက်များနှင့် ဝေးသည့် ရဲစိုက်ခင်းခြံဝန်းအတွင်း မြှုပ်နှံထားခဲ့ခြင်းဖြစ်သော်လည်း လူနေရပ်ကွက်များ တစ်ဖြည်းဖြည်းတိုးချဲ့လာရာမှ ရဲစိုက်ခင်းအနီးဝန်းကျင်တွင် လူနေ ရပ်ကွက်ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က အဲဒီနေရာဝန်းကျင်မှာ လူနေအိမ်တွေမရှိတဲ့ ရဲစိုက်ခင်းခြံကွက်ပေါ့။ အဲဒီမှာ မြှုပ်ထားတာ။ အခုချိန်မှာကျတော့ လူနေရပ်ကွက်တွေ တိုးလာတော့ အဲဒီနေရာက ရပ်ကွက်ထဲမှာလို ဖြစ်သွားတော့ နွေရာသီမှာဆို အငွေ့ထွက်တယ်ဆိုပြီး သတင်းတွေထွက်နေတာ တော်တော်ကြာပြီ။ အဲဒီကိစ္စကို ဝမ်မိုင်ရွာမှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ တွေ့ဆုံပွဲလုပ်တော့ ဒေသခံတွေက တင်ပြတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာဌာနတွေ ဒီနေ့သွားစစ်ဆေးတာပါ။
အခုလို မိုးရာသီမှာဆိုရင်တော့ အငွေ့မထွက်ပါဘူး။ နွေရာသီမှာတော့ သစ်ပင်တွေလည်းမရှိ၊ မူးယစ်ဆေးဓာတုတွေ ဓာတ်ပြုတာနဲ့ဆိုတော့ အငွေ့ထွက်တာပေါ့။ ဒါကို ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းဖို့ပါ။ သက်ဆိုင်ရာဆိုတော့ တရားရေးတို့ဘာတို့ပေါ့။ ဒီပစ္စည်းတွေက တရားရုံးက ဖျက်ဆီးမိန့် ကျပြီးသား။ အစိုးရဘဏ္ဍာတော်အဖြစ် သိမ်းဆည်း သို့မဟုတ် ဖျက်ဆီးဖို့ အမိန့်ကျထားပြီးဖြစ်တယ်။ အခုက ဘူဒိုဇာနဲ့ထိုးမယ်ဆိုရင်လည်း ရေမြောင်းဘေးမှာ အတွင်းထဲက ပစ္စည်းတွေ ပျက်စီးပြီး အန္တရာယ်ဖြစ်စေမလားပေါ့။ ဒါတွေ ဆွေးနွေးကြရမှာပါ”ဟု ကွင်းဆင်းစစ်ဆေးမှုတွင် ပါဝင်သည့် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် အဖွဲ့ဝင်များ အပါအဝင် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ (၂၁)ရက်နေ့က ရပ်ကွက်နေလူထု တင်ပြသည့်ကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~