လားရိႈးကားေလးဝင္းမွ ကားဂိတ္သို႔ ပစၥည္းလာပို႔သည့္ဂ်ပ္ဖာအတြင္းမွ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

လားရိႈးကားေလးဝင္းမွ ကားဂိတ္သို႔ ပစၥည္းလာပို႔သည့္ဂ်ပ္ဖာအတြင္းမွ ဘိန္းျဖဴႏွင့္ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 12, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ မန္ဆူကားေလးဝင္းရွိ ေရႊလြန္းပ်ံခရီးသည္တင္ကားဂိတ္တြင္ စက္တင္ဘာလ(၁၁)ရက္ေန႔ ညေနပိုင္းက ကုန္စည္ပို႔ေဆာင္ေပးရန္ အမ်ိဳးသားတစ္ဦးလာပို႔သည့္ ဂ်ပ္ဖာပံုးတစ္လံုးအား မသကၤာသျဖင့္ ရဲတပ္ဖြဲ႔ထံအေၾကာင္းၾကားရာမွ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ေလာေလာဆယ္ကေတာ့ ကားဂိတ္ကို ဆိုင္ကယ္နဲ႔ ပစၥည္းလာပို႔တဲ့ အမ်ိဳးသားရယ္၊ သူ႔ကိုခိုင္းတဲ့ အမ်ိဳးသမီးရယ္ စုစုေပါင္း(၂)ဦးကိုဖမ္းဆီးရမိထားတယ္။ တစ္ဆင့္ထပ္ခိုင္းထားတဲ့ အမ်ိဳးသားကိုသြားေရာက္ဖမ္းဆီးတဲ့အခ်ိန္မွာ ထြက္ေျပးတိမ္းေရွာင္သြားတဲ့အတြက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနပါတယ္”ဟု လားရႈိးၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕ မန္ဆူကားေလးဝင္းသို႔ စက္တင္ဘာလ(၁၁)ရက္ေန႔ ညေန (၃)နာရီခြဲခန္႔တြင္ ေနဝင္း(ခ)ဆြာတိဆိုသူက ေဆာင္းေဘာက္ဂ်ပ္ဖာတစ္လံုးလာပို႔သည္ကို ဂိတ္မွတာဝန္ရိွသူမ်ားက မသကၤာသျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားလားသျဖင့္ သက္ဆိုင္ရာက အဆိုပါဂ်ပ္ဖာအား ဖြင့္ေဖါက္စစ္ေဆးရာ ဘိန္းျဖဴမႈန္႔ (၁၁၀) ဂရမ္ႏွင့္ WY တံဆိပ္ပါ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၁၉၀၅)ျပား တို႔အား စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားအား လားရိႈးမွတစ္ဆင့္ ရန္ကုန္သို႔ ပို႔ေဆာင္ရန္ျဖစ္ေၾကာင္း သိရၿပီး အဆိုပါဂ်ပ္ဖာအား ပို႔ေဆာင္ရန္ တဆင့္ေစခိုင္းသူ မစႏိုး(ခ)ခ်ိဳခ်ိဳဝင္းအား ထပ္မံရွာေဖြ ဖမ္းဆီးရမိၿပီး ၄င္းဂ်ပ္ဖာအား ပို႔ေဆာင္ရန္ေစခုိင္းသည့္ အမ်ိဳးသားမွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေနဝင္း(ခ)ဆြာတိႏွင့္ စႏိုး(ခ)ခ်ိဳခ်ိဳဝင္းတို႔အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ မယ (ပ) ၂၁၉/ ၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစသည့္ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၅/၁၉(က)/၂၁ အရ အမႈဖြင့္အေရးယူထားေၾကာင္းသိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးကားလေးဝင်းမှ ကားဂိတ်သို့ ပစ္စည်းလာပို့သည့်ဂျပ်ဖာအတွင်းမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကားလေးဝင်းရှိ ရွှေလွန်းပျံခရီးသည်တင်ကားဂိတ်တွင် စက်တင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းက ကုန်စည်ပို့ဆောင်ပေးရန် အမျိုးသားတစ်ဦးလာပို့သည့် ဂျပ်ဖာပုံးတစ်လုံးအား မသင်္ကာသဖြင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားရာမှ မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း သိရသည်။

“လောလောဆယ်ကတော့ ကားဂိတ်ကို ဆိုင်ကယ်နဲ့ ပစ္စည်းလာပို့တဲ့ အမျိုးသားရယ်၊ သူ့ကိုခိုင်းတဲ့ အမျိုးသမီးရယ် စုစုပေါင်း(၂)ဦးကိုဖမ်းဆီးရမိထားတယ်။ တစ်ဆင့်ထပ်ခိုင်းထားတဲ့ အမျိုးသားကိုသွားရောက်ဖမ်းဆီးတဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်”ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ မန်ဆူကားလေးဝင်းသို့ စက်တင်ဘာလ(၁၁)ရက်နေ့ ညနေ (၃)နာရီခွဲခန့်တွင် နေဝင်း(ခ)ဆွာတိဆိုသူက ဆောင်းဘောက်ဂျပ်ဖာတစ်လုံးလာပို့သည်ကို ဂိတ်မှတာဝန်ရှိသူများက မသင်္ကာသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားလားသဖြင့် သက်ဆိုင်ရာက အဆိုပါဂျပ်ဖာအား ဖွင့်ဖေါက်စစ်ဆေးရာ ဘိန်းဖြူမှုန့် (၁၁၀) ဂရမ်နှင့် WY တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၉၀၅)ပြား တို့အား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား လားရှိုးမှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရပြီး အဆိုပါဂျပ်ဖာအား ပို့ဆောင်ရန် တဆင့်စေခိုင်းသူ မစနိုး(ခ)ချိုချိုဝင်းအား ထပ်မံရှာဖွေ ဖမ်းဆီးရမိပြီး ၄င်းဂျပ်ဖာအား ပို့ဆောင်ရန်စေခိုင်းသည့် အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် နေဝင်း(ခ)ဆွာတိနှင့် စနိုး(ခ)ချိုချိုဝင်းတို့အား လားရှိုးမြို့မရဲစခန်းတွင် မယ (ပ) ၂၁၉/ ၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~