Update News




သတင်း၊ဓါတ်ပုံ #ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖြတ်မှ အထက်တန်းအဆင့်ကျောင်းသားများအား မူးယစ်ဆေးဆိုးကျိုးနှင့် မူးယစ်ဥပဒေများအကြောင်း ဟောပြော
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)မှ အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများနှင့်ပတ်သက်ပြီး စက်တင်ဘာလ(၈)ရက်နေ့က အသိပညာပေးဟောပြောကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်၊ မိုင်းဖြတ်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး တင်အောင်စိုး၊ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ်ဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များတက်ရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးနှင့်ပတ်သက်သည့်ဥပဒေများကို ရှင်းလင်းဟောပြောကြပြီး အထက(မိုင်းဖြတ်)မှ ဆရာ၊ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::