(၆)ႀကိမ္ေျမာက္ ကယားအမ်ိဳးသားစုေပါင္း ရုိးရာအဲဒိုေပၚမီပြဲေတာ္ႀကီးအား ေထးငွားလ်ားေက်းရြာတြင္ စက္တင္ဘာလ ၂၇ ရက္ေန႔၌ က်င္းပမည္

(၆)ႀကိမ္ေျမာက္ ကယားအမ်ိဳးသားစုေပါင္း ရုိးရာအဲဒိုေပၚမီပြဲေတာ္ႀကီးအား ေထးငွားလ်ားေက်းရြာတြင္ စက္တင္ဘာလ ၂၇ ရက္ေန႔၌ က်င္းပမည္
စက်တင်ဘာ 25, 2017
By 🌸
ကယားလီဖုလူငယ္မ်ားႀကီးမွဴး၍က်င္းပသည့္ (၆) ႀကိမ္ေျမာက္ ကယားအမ်ိဳးသားစုေပါင္း ရုိးရာအဲဒိုေပၚမီပြဲေတာ္ႀကီးအား တစ္ျပည္နယ္လုံးအတိုင္းအတာျဖင့္ စက္တင္ဘာလ (၂၇) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ ေထးငွားလ်ားေက်းရြာတြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

စုေပါင္းရုိးရာ အဲဒိုေပၚမီပြဲေတာ္အား ကယားတစ္ျပည္နယ္လံုးအတုိင္းအတာျဖင့္  ေထးငွားလ်ားေက်းရြာတြင္ စက္တင္ဘာလ (၂၅) ရက္ေန႕မွ (၂၇) ရက္ေန႔အထိက်င္းပေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္အား ရုိးရာယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ား ထိန္းသိမ္းျမႇင့္တင္ရန္ႏွင့္ ကယားအမ်ိဳးသားမ်ားအၾကား အတူတကြ ပူေပါင္းေဆာင္ရြက္ႏိုင္ရန္၊ ရပ္ဝန္းတစ္ခု စုေပါင္းဖန္တီးႏိုင္ရန္၊ အမ်ိဳးသားေရးႏွင့္ ယဥ္ေက်းမႈ အမွတ္ လကၡဏာမ်ား ျပန္လည္ေဖာ္ထုတ္ရန္၊ ကယားအမ်ိဳးသားတို႕၏ ရပ္တည္ခ်က္ဆိုင္ရာ ဘုံသေဘာတူညီမႈမ်ား ခ်မွတ္ႏိုင္ေရး အစပ်ိဳးျခင္းလုပ္ငန္းမ်ား လုပ္ေဆာင္သြားရန္ ရည္ရြယ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
(၆)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း ရိုးရာအဲဒိုပေါ်မီပွဲတော်ကြီးအား ထေးငှားလျားကျေးရွာတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ ကျင်းပမည်
********
ကယားလီဖုလူငယ်များကြီးမှူး၍ကျင်းပသည့် (၆) ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း ရိုးရာအဲဒိုပေါ်မီပွဲတော်ကြီးအား တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် စက်တင်ဘာလ (၂၇) ရက်နေ့တွင် လွိုင်ကော်မြို့နယ် ထေးငှားလျားကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းရိုးရာ အဲဒိုပေါ်မီပွဲတော်အား ကယားတစ်ပြည်နယ်လုံးအတိုင်းအတာဖြင့်  ထေးငှားလျားကျေးရွာတွင် စက်တင်ဘာလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်အား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းမြှင့်တင်ရန်နှင့် ကယားအမျိုးသားများအကြား အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန်၊ ရပ်ဝန်းတစ်ခု စုပေါင်းဖန်တီးနိုင်ရန်၊ အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမှတ် လက္ခဏာများ ပြန်လည်ဖော်ထုတ်ရန်၊ ကယားအမျိုးသားတို့၏ ရပ်တည်ချက်ဆိုင်ရာ ဘုံသဘောတူညီမှုများ ချမှတ်နိုင်ရေး အစပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~