သန္လ်င္သဘာဝရိပ္သာဆရာေတာ္ႏွင့္ သံဃာေတာ္၊ သီလရွင္မ်ား စက္တင္ဘာလ ၉ ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕တြင္းဆြမ္းခံၾကြမည္

သန္လ်င္သဘာဝရိပ္သာဆရာေတာ္ႏွင့္ သံဃာေတာ္၊ သီလရွင္မ်ား စက္တင္ဘာလ ၉ ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕တြင္းဆြမ္းခံၾကြမည္
စက်တင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ သန္လ်င္သဘာဝရိပ္သာ ဆရာေတာ္အရွင္ဥတၱမသာရႏွင့္ သံဃာေတာ္မ်ား၊ သီလရွင္ဆရာမ်ား စက္တင္ဘာလ (၉)ရက္ေန႔ နံနက္(၈)နာရီမွစ၍ ဗိုလ္ခ်ဳပ္လမ္းမႀကီးအတုိင္း ဆြမ္းခံၾကြမည္ျဖစ္ေၾကာင္း အသိေပးႏိႈးေဆာ္ထားပါသည္။

ဆရာေတာ္ႏွင့္ သံဃာေတာ္၊ သီလရွင္မ်ားသည္ နံနက္ (၈)နာရီအခ်ိန္တြင္ ၿမိဳ႕နယ္ဓမၼာရံုေရွ႕မွစ၍ ဗိုလ္ခ်ဳပ္လမ္းမအတုိင္း တရားရံုးေစ်းလမ္း၊ ဝမ္ေကာင္းရပ္ကြက္လမ္း၊ နတ္စင္လမ္းမ်ားအတိုင္း ဆြမ္းခံႂကြမည္ျဖစ္ၿပီး မကာဟိုခမ္းရပ္ကြက္မွ ၿမိဳ႕နယ္ဓမၼာရံုသို႔ ျပန္လည္ႂကြခ်ီမည္ျဖစ္ေၾကာင္း သိရသည္။

သန္လ်င္သဘာဝရိပ္သာ ဆရာေတာ္အရွင္ဥတၱမသာရသည္ စက္တင္ဘာလ (၉)ရက္ေန႔ နံနက္ပိုင္းတြင္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕မွေန၍ တာခ်ီလိတ္ၿမိဳ႕သို႔ ၾကြလာမည္ျဖစ္ၿပီး ဆရာေတာ္အပါအဝင္ သံဃာေတာ္ (၁၀)ပါး၊ သီလရွင္ (၁၀)ပါး ဆြမ္းခံၾကြမည္ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဆရာေတာ္သည္ တာခ်ီလိတ္ၿမိဳ႕ သဘာဝေအးရိပ္သာတည္ေဆာက္မည့္ေနရာသို႔ ၾကြမည္ျဖစ္ၿပီး ညေနပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕မွ ျပန္လည္ၾကြခ်ီမည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
သန်လျင်သဘာဝရိပ်သာဆရာတော်နှင့် သံဃာတော်၊ သီလရှင်များ စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင်  တာချီလိတ်မြို့တွင်းဆွမ်းခံကြွမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် သန်လျင်သဘာဝရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရနှင့် သံဃာတော်များ၊ သီလရှင်ဆရာများ စက်တင်ဘာလ (၉)ရက်နေ့ နံနက်(၈)နာရီမှစ၍ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ဆွမ်းခံကြွမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားပါသည်။

ဆရာတော်နှင့် သံဃာတော်၊ သီလရှင်များသည် နံနက် (၈)နာရီအချိန်တွင် မြို့နယ်ဓမ္မာရုံရှေ့မှစ၍ ဗိုလ်ချုပ်လမ်းမအတိုင်း တရားရုံးစျေးလမ်း၊ ဝမ်ကောင်းရပ်ကွက်လမ်း၊ နတ်စင်လမ်းများအတိုင်း ဆွမ်းခံကြွမည်ဖြစ်ပြီး မကာဟိုခမ်းရပ်ကွက်မှ မြို့နယ်ဓမ္မာရုံသို့ ပြန်လည်ကြွချီမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်သဘာဝရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရသည် စက်တင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှနေ၍ တာချီလိတ်မြို့သို့ ကြွလာမည်ဖြစ်ပြီး ဆရာတော်အပါအဝင် သံဃာတော် (၁၀)ပါး၊ သီလရှင် (၁၀)ပါး ဆွမ်းခံကြွမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆရာတော်သည် တာချီလိတ်မြို့ သဘာဝအေးရိပ်သာတည်ဆောက်မည့်နေရာသို့ ကြွမည်ဖြစ်ပြီး ညနေပိုင်းတွင် တာချီလိတ်မြို့မှ ပြန်လည်ကြွချီမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~