Update News

တာခ်ီလိတ္တြင္ ေခြး၊ေၾကာင္မ်ားအား ေခြးရူးေရာဂါကာကြယ္ေဆးမ်ား တစ္ရက္တာ အခမဲ့ ထုိးႏွံေပးမည္

ကမၻာ႔ ေခြး႐ူးေရာဂါ တုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္(၄)လမ္းရိွ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရံုးတြင္ စက္တင္ဘာလ (၂၈)ရက္ေန႔၌ ေခြး႐ူးေရာဂါကာကြယ္ေဆးမ်ား တစ္ရက္တာ အခမဲ့ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါရံုးတြင္ နံနက္(၉)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေခြးရူးေရာဂါ ကာကြယ္ေဆးသည္ ေရာဂါျဖစ္ပြားမႈအား ရာႏႈန္းျပည့္ကာကြယ္ေပးႏုိင္ၿပီး ေရာဂါအႏၱရာယ္ရိွေသာေနရာတြင္ရိွေနေသာ ေခြးေကာင္ေရ၏ (၇၀)ရာခုိင္ႏႈန္းကို ကာကြယ္ေဆးထိုးေပးထားပါက ေရာဂါကူးစက္မႈသံသရာကို ျဖတ္ေတာက္ႏုိင္ေၾကာင္းသိရသည္။

၂၀၁၃ - ၂၀၁၆ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေခြးရူးေရာဂါကာကြယ္တုိက္ဖ်က္ေရးလုပ္ေဆာင္ခ်က္အျဖစ္ ကမၻာ့တိရစၦာန္ က်န္းမာေရးအဖြဲ႕ (OIE)ျဖင့္ ပူးေပါင္ၿပီး ႏွစ္စဥ္စက္တင္ဘာလ (၂၈)ရက္ေန႔တြင္ ေခြးရူးေရာဂါကာကြယ္ေဆး အခမဲ့ထိုးေပးျခင္းနွင့္ အသိပညာေပးေဟာေျပာပြဲမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင်  ခွေး၊ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ တစ်ရက်တာ အခမဲ့ ထိုးနှံပေးမည်
********
ကမ္ဘာ့ ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်(၄)လမ်းရှိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် စက်တင်ဘာလ (၂၈)ရက်နေ့၌ ခွေးရူးရောဂါကာကွယ်ဆေးများ တစ်ရက်တာ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုံးတွင် နံနက်(၉)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွေးရူးရောဂါ ကာကွယ်ဆေးသည် ရောဂါဖြစ်ပွားမှုအား ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပြီး ရောဂါအန္တရာယ်ရှိသောနေရာတွင်ရှိနေသော ခွေးကောင်ရေ၏ (၇၀)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးထားပါက ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ကြောင်းသိရသည်။

၂၀၁၃ - ၂၀၁၆ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ဆောင်ချက်အဖြစ် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)ဖြင့် ပူးပေါင်ပြီး နှစ်စဉ်စက်တင်ဘာလ (၂၈)ရက်နေ့တွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::