လားရိႈးရုပ္ရွင္ရံု(၃)ရံုတြင္ ျမန္မာ့ဒီမိုကေရစီရုပ္ရွင္ပြဲေတာ္ဖြင့္ပြဲေန႔အျဖစ္ အခမဲ့ျပသမည္

လားရိႈးရုပ္ရွင္ရံု(၃)ရံုတြင္ ျမန္မာ့ဒီမိုကေရစီရုပ္ရွင္ပြဲေတာ္ဖြင့္ပြဲေန႔အျဖစ္ အခမဲ့ျပသမည္
စက်တင်ဘာ 15, 2017
By 🌸
တစ္ႏုိင္ငံလံုး ရုပ္ရွင္ရံုေပါင္း (၄၄)ရံုတြင္ ျမန္မာ့ဒီမိုကေရစီ ရုပ္ရွင္ပြဲေတာ္ဖြင့္ပြဲအျဖစ္ စက္တင္ဘာလ (၁၅ ) ရက္ေန႔က က်င္းပေနရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ သီတာေအးရုပ္ရွင္ရံု၌ ဖြင့္ပြဲ က်င္းပသည္။

စက္တင္ဘာလ (၁၅) ရက္ေန႔မွ စက္တင္ဘာလ (၂၁)ရက္ေန႔ထိ ရုပ္ရွင္ပြဲေတာ္ကာလအတြင္း ျပသမည့္ ရုပ္ရွင္ဇာတ္ကား (၅)ခုကို ဖြင့္ပြဲေန႔တြင္ အခမဲ့တစ္ႀကိမ္ျပသမည္ျဖစ္ရာ လားရိႈးၿမိဳ႕ရိွ သီတာေအး၊ ေအာင္သီရိႏွင့္ သိန္းထိုက္ အဆင့္ျမင့္ရုပ္ရွင္ရံု (၃)ရံုတြင္ ယေန႔ စက္တင္ဘာလ(၁၅)ရက္ေန႔တြင္ တစ္ႀကိမ္အခမဲ့ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

ႀကီးျမတ္ေသာ ျမန္မာ ၊  ဒီမိုရပ္ကြက္ ၊  သရာေစာထိ၊ တိမ္ျပာေသာေန႔ႏွင့္ ေနျခည္မွာ ေရႊရည္ေလာင္း ရုပ္ရွင္ဇာတ္ကားမ်ားကို သီတာေအးရုပ္ရွင္ရံု၊ သိန္းထိုက္ရုပ္ရွင္ရံုႏွင့္ ေအာင္သီရိရုပ္ရွင္ရံု ပထမပြဲ - နံနက္ (၁၀)နာရီ ၊ ဒုတိယပြဲ - မြန္းလြဲ(၁)နာရီ၊ တတိယပြဲ မြန္းလြဲ(၄)နာရီ၊ စတုတၳပြဲ -ည (၇)နာရီႏွင့္ ပဥၥမပြဲ - ည (၁၀)နာရီတို႔တြင္ ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ခမ္းဦး

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးရုပ်ရှင်ရုံ(၃)ရုံတွင် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်ဖွင့်ပွဲနေ့အဖြစ် အခမဲ့ပြသမည်
**************
တစ်နိုင်ငံလုံး ရုပ်ရှင်ရုံပေါင်း (၄၄)ရုံတွင် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအဖြစ် စက်တင်ဘာလ (၁၅ ) ရက်နေ့က ကျင်းပနေရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် သီတာအေးရုပ်ရှင်ရုံ၌ ဖွင့်ပွဲ ကျင်းပသည်။

စက်တင်ဘာလ (၁၅) ရက်နေ့မှ စက်တင်ဘာလ (၂၁)ရက်နေ့ထိ ရုပ်ရှင်ပွဲတော်ကာလအတွင်း ပြသမည့် ရုပ်ရှင်ဇာတ်ကား (၅)ခုကို ဖွင့်ပွဲနေ့တွင် အခမဲ့တစ်ကြိမ်ပြသမည်ဖြစ်ရာ လားရှိုးမြို့ရှိ သီတာအေး၊ အောင်သီရိနှင့် သိန်းထိုက် အဆင့်မြင့်ရုပ်ရှင်ရုံ (၃)ရုံတွင် ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့တွင် တစ်ကြိမ်အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကြီးမြတ်သော မြန်မာ ၊  ဒီမိုရပ်ကွက် ၊  သရာစောထိ၊ တိမ်ပြာသောနေ့နှင့် နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားများကို သီတာအေးရုပ်ရှင်ရုံ၊ သိန်းထိုက်ရုပ်ရှင်ရုံနှင့် အောင်သီရိရုပ်ရှင်ရုံ ပထမပွဲ - နံနက် (၁၀)နာရီ ၊ ဒုတိယပွဲ - မွန်းလွဲ(၁)နာရီ၊ တတိယပွဲ မွန်းလွဲ(၄)နာရီ၊ စတုတ္ထပွဲ -ည (၇)နာရီနှင့် ပဥ္စမပွဲ - ည (၁၀)နာရီတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ခမ်းဦး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~