တာခ်ီလိတ္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွ အလုပ္သမားတစ္ဦး ဓါတ္လုိက္ေသဆံုး

တာခ်ီလိတ္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွ အလုပ္သမားတစ္ဦး ဓါတ္လုိက္ေသဆံုး
စက်တင်ဘာ 14, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းအနီးမွ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ စက္တင္ဘာလ (၁၄)ရက္ေန႔က ဂန္းစက္ျဖင့္ ကြန္ကရစ္ေဘာင္ေဖါက္သည့္ အလုပ္သမားတစ္ဦး ဓါတ္လုိက္ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါေဆာက္လုပ္ေရးလုပ္ငန္းခြင္အတြင္း အုတ္ျမစ္ခ်ထားသည့္ေနရာတြင္ အလုပ္သမားေခါင္းေဆာင္ျဖစ္သူ အားေရႊက ကြန္ကရစ္ေဘာင္အား ဂန္းစက္ျဖင့္ေဖါက္ရန္ မီးပလပ္ခံု၌ မီးပလပ္ႀကိဳးတပ္ရာမွ ရုတ္တရက္လဲက်သြားသျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္စဥ္ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးတြင္ ဓါတ္လုိက္ေသဆံုးေနသည့္ အမ်ိဳးသားတစ္ဦးေရာက္ေနေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕နယ္ရဲစခန္းမွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးၾကည္စိုး၊ တာဝန္မွဴး ရဲအုပ္မင္းမင္းထုိက္ႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးရာ ျပင္ပဒဏ္ရာမရိွဘဲ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းအား ေတြ႔ရသျဖင့္ စံုစမ္းစစ္ေဆးမႈ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိိုပါေသဆံုးမႈႏွင့္ပတ္သက္၍ ဓမၼတာအတုိင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးေဆာင္ရြက္ၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမွဳေသခင္း အမွတ္စဥ္ ၄၁/၂၀၁၇ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံး
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးအနီးမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စက်တင်ဘာလ (၁၄)ရက်နေ့က ဂန်းစက်ဖြင့် ကွန်ကရစ်ဘောင်ဖေါက်သည့် အလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အုတ်မြစ်ချထားသည့်နေရာတွင် အလုပ်သမားခေါင်းဆောင်ဖြစ်သူ အားရွှေက ကွန်ကရစ်ဘောင်အား ဂန်းစက်ဖြင့်ဖေါက်ရန် မီးပလပ်ခုံ၌ မီးပလပ်ကြိုးတပ်ရာမှ ရုတ်တရက်လဲကျသွားသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဓါတ်လိုက်သေဆုံးနေသည့် အမျိုးသားတစ်ဦးရောက်နေကြောင်း သတင်းအရ တာချီလိတ်မြို့နယ်ရဲစခန်းမှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုး၊ တာဝန်မှူး ရဲအုပ်မင်းမင်းထိုက်နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည့် အမျိုးသားအလောင်းအား တွေ့ရသဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိိုပါသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၄၁/၂၀၁၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~