က်ိဳင္းတုံၿမိဳ႕ ရပ္ကြက္(၄)မွ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕၏ ရက္(၉၀)စီမံခ်က္ရွင္းလင္း

က်ိဳင္းတုံၿမိဳ႕ ရပ္ကြက္(၄)မွ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕၏ ရက္(၉၀)စီမံခ်က္ရွင္းလင္း
စက်တင်ဘာ 8, 2017
By 🌸

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၄)တြင္ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား စားေသာက္ကုန္မ်ား ဥပေဒႏွင့္အညီျဖစ္ေစေရး စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ သက္ဆုိင္ရာဌာနမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေပးမည့္ ရက္(၉၀)စီမံခ်က္ကို စက္တင္ဘာလ(၉)ရက္ေန႔က ေတြ႔ဆံုရွင္းလင္းေၾကာင္း သိရသည္။

“ဒီေန႔က ရပ္ကြက္(၄)ကို ႏွစ္ပိုင္းခြဲၿပီး လုပ္ေဆာင္တာျဖစ္လို႔ လုပ္ငန္းရွင္ေတာ့နည္းပါတယ္။ ဒီရပ္ကြက္၊ ေက်းရြာအတြင္းက စားေသာက္ကုန္ေရာင္းခ်တဲ့ ဆိုင္ပိုင္ရွင္ေတြ၊ ငံျပာရည္ထုတ္လုပ္သူတစ္ဦးပါတယ္၊ စားေသာက္ကုန္ တင္သြင္းေရာင္းခ်ေနသူေတြကို ေတြ႔ဆံုၿပီး ဥပေဒနဲ႔ညီညြတ္တဲ့ စားေသာက္ကုန္ေတြျဖစ္ဖို႔ လိုအပ္ခ်က္ေတြ ရွင္းျပပါတယ္။ ေနာက္ သူတို႔အေနနဲ႔ လိုအပ္တဲ့ ေထာက္ခံခ်က္ရရိွေရးကိုလည္း ဌာနအေနနဲ႔ ကူညီေဆာင္ရြက္ေပးေနတာေၾကာင့္ ဆက္သြယ္လုပ္ကိုင္ၾကဖို႔ ရွင္းလင္းတာျဖစ္ပါတယ္။ အခုလုပ္ေနတဲ့ ရွင္းလင္းပြဲက အမ်ားျပည္သူေတြမပါဘဲ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားကို သီးသန္႔ေတြ႔ဆံုျခင္းျဖစ္ပါတယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က စက္တင္ဘာလ (၈)ရက္ေန႔ႏွင့္ (၉)ရက္ေန႔မ်ားတြင္ က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၄)၊ စက္တင္ဘာလ (၁၀)ရက္ေန႔တြင္ ရပ္ကြက္(၅)တို႔မွ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား ေတြ႕မည္ျဖစ္ရာ ယေန႔ေတြ႕ဆံုပြဲသို႔ ရပ္ကြက္(၄)မွ လုပ္ငန္းရွင္ (၁၉)ဦးတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရႏွင့္ စားသံုးသူေရးရာဦးစီးဌာနတို႔က ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ စားသံုးသူအခြင့္အေရး ထိခိုက္ေစသည့္ စားေသာက္ကုန္မ်ား ေစ်းကြက္တြင္ မရိွေစေရးအတြက္ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား ရက္(၉၀)စီမံခ်က္ျဖင့္ လိုအပ္သည့္ အေထာက္အထားမ်ား ရရိွေစရန္ ကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေပးျခင္းတို႔ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ညီညြတ္မွူမရွိေသာ စားေသာက္ကုန္မ်ား ရက္(၉၀)အတြင္းဖယ္ရွားရွင္းလင္းေရး စီးပြားေရးလုပ္ငန္းရွင္မ်ားအား အသိပညာေပးမႈကို ၾသဂုတ္လအတြင္းက က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၁)ႏွင့္ ေစ်းမ်ားတြင္ အသိပညာေပး ရွင္းလင္းခဲ့ၿပီးေနာက္ လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးျခင္းကို စက္တင္ဘာလအတြင္း ဆက္လက္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့ ရပ်ကွက်(၄)မှ စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူများအား စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ ရက်(၉၀)စီမံချက်ရှင်းလင်း
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက်(၄)တွင် စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူများအား စားသောက်ကုန်များ ဥပဒေနှင့်အညီဖြစ်စေရေး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် ရက်(၉၀)စီမံချက်ကို စက်တင်ဘာလ(၉)ရက်နေ့က တွေ့ဆုံရှင်းလင်းကြောင်း သိရသည်။

“ဒီနေ့က ရပ်ကွက်(၄)ကို နှစ်ပိုင်းခွဲပြီး လုပ်ဆောင်တာဖြစ်လို့ လုပ်ငန်းရှင်တော့နည်းပါတယ်။ ဒီရပ်ကွက်၊ ကျေးရွာအတွင်းက စားသောက်ကုန်ရောင်းချတဲ့ ဆိုင်ပိုင်ရှင်တွေ၊ ငံပြာရည်ထုတ်လုပ်သူတစ်ဦးပါတယ်၊ စားသောက်ကုန် တင်သွင်းရောင်းချနေသူတွေကို တွေ့ဆုံပြီး ဥပဒေနဲ့ညီညွတ်တဲ့ စားသောက်ကုန်တွေဖြစ်ဖို့ လိုအပ်ချက်တွေ ရှင်းပြပါတယ်။ နောက် သူတို့အနေနဲ့ လိုအပ်တဲ့ ထောက်ခံချက်ရရှိရေးကိုလည်း ဌာနအနေနဲ့ ကူညီဆောင်ရွက်ပေးနေတာကြောင့် ဆက်သွယ်လုပ်ကိုင်ကြဖို့ ရှင်းလင်းတာဖြစ်ပါတယ်။ အခုလုပ်နေတဲ့ ရှင်းလင်းပွဲက အများပြည်သူတွေမပါဘဲ တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူများကို သီးသန့်တွေ့ဆုံခြင်းဖြစ်ပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က စက်တင်ဘာလ (၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် ကျိုင်းတုံမြို့ ရပ်ကွက်(၄)၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ရပ်ကွက်(၅)တို့မှ စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူများအား တွေ့မည်ဖြစ်ရာ ယနေ့တွေ့ဆုံပွဲသို့ ရပ်ကွက်(၄)မှ လုပ်ငန်းရှင် (၁၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် စားသုံးသူအခွင့်အရေး ထိခိုက်စေသည့် စားသောက်ကုန်များ စျေးကွက်တွင် မရှိစေရေးအတွက် စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူများအား ရက်(၉၀)စီမံချက်ဖြင့် လိုအပ်သည့် အထောက်အထားများ ရရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း၊ ပညာပေးခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေပြဌာန်းချက်များနှင့်ညီညွတ်မှူမရှိသော စားသောက်ကုန်များ ရက်(၉၀)အတွင်းဖယ်ရှားရှင်းလင်းရေး စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးမှုကို သြဂုတ်လအတွင်းက ကျိုင်းတုံမြို့ ရပ်ကွက်(၁)နှင့် စျေးများတွင် အသိပညာပေး ရှင်းလင်းခဲ့ပြီးနောက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို စက်တင်ဘာလအတွင်း ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~