က်ိဳင္းတံုၿမိဳ႕မွ စားေသာက္ကုန္ထုတ္လုပ္ငန္း(၁၀)ခု ဥပေဒႏွင့္အညီထုပ္လုပ္ႏုိင္ရန္

က်ိဳင္းတံုၿမိဳ႕မွ စားေသာက္ကုန္ထုတ္လုပ္ငန္း(၁၀)ခု ဥပေဒႏွင့္အညီထုပ္လုပ္ႏုိင္ရန္
စက်တင်ဘာ 11, 2017
By 🌸
က်ိဳင္းတံုၿမိဳ႕မွ စားေသာက္ကုန္ထုတ္လုပ္ငန္း(၁၀)ခု ဥပေဒႏွင့္အညီထုပ္လုပ္ႏုိင္ရန္ စက္တင္ဘာလအတြင္း ေထာက္ခံခ်က္ေလွ်ာက္ထားလာ
***********
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ေပၚရပ္ကြက္(၃)ခုတြင္ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္မႈမ်ား ဥပေဒႏွင့္အညီျဖစ္ေစေရး ရွင္းလင္းေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနရာ စက္တင္ဘာလ (၁၁)ရက္ေန႔အထိ စားေသာက္ကုန္ထုတ္လုပ္ငန္း (၁၀)ခုက ေထာက္ခံခ်က္ ရရိွေရးေဆာင္ရြက္လာေၾကာင္း စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ထံမွ သိရသည္။

“မေန႔ကအထိ ရပ္ကြက္ (၃)ခုက လုပ္ငန္းရွင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးအၿပီးမွာ ငံျပာရည္၊ မုန္႔တီေျခာက္၊   ကိတ္မုန္႔စတဲ့ စားေသာက္ကုန္ထုတ္လုပ္ငန္းေတြက ေထာက္ခံခ်က္ရရိွဖို႔ လုပ္လာၾကပါတယ္။ ကၽြန္ေတာ္တို႔ ဆက္လုပ္သြားမွာပါ။ က်န္တဲ့ၿမိဳ႕ေပၚရပ္ကြက္ႏွစ္ခုအျပင္ အနီးဝန္းက်င္က ေက်းရြာအုပ္စုေတြပါ သြားဖို႔ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေတြဆီမွာ စာလည္းပို႔ထားၿပီးပါၿပီ။ အနီးဝန္းက်င္က ကုန္ထုတ္လုပ္မႈရိွတဲ့ ရြာေတြကလည္း လာရွင္းလင္းေဆြးေႏြးေပးဖုိ႔ဆိုၿပီး ဖိတ္ေခၚတာေတြလည္း ရိွပါတယ္။ အဲဒီလိုဆိုရင္လည္း သြားၿပီး ရွင္းလင္းေပးမွာပါ”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၄)ႏွင့္ ရပ္ကြက္(၅)တို႔မွ စားေသာက္ကုန္ တင္သြင္း၊ ေရာင္းခ်၊ ထုတ္လုပ္သူစုစုေပါင္း (၁၄၄) ဦးအား စားေသာက္ကုန္မ်ားကို ဥပေဒႏွင့္အညီ  တင္သြင္း၊ ထုတ္လုပ္၊ ေရာင္းခ်ျခင္းလုပ္ငန္းစဥ္မ်ား ရွင္းလင္းျခင္းႏွင့္ ဥပေဒႏွင့္အညီျဖစ္ေစရန္ လိုအပ္သည့္ ေထာက္ခံခ်က္မ်ားကို စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က ကူညီေဆာင္ရြက္ေပးမည့္အေၾကာင္းတို႔အား စက္တင္ဘာလ (၈)ရက္ေန႔မွ (၁၀)ရက္ေန႔အထိ လိုက္လံရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္အစိုးရႏွင့္ စားသံုးသူေရးရာဦးစီးဌာနတို႔က ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ စားသံုးသူအခြင့္အေရး ထိခိုက္ေစသည့္ စားေသာက္ကုန္မ်ား ေစ်းကြက္တြင္ မရိွေစေရးအတြက္ စားေသာက္ကုန္ တင္သြင္း၊    ေရာင္းခ်၊ ထုတ္လုပ္သူမ်ားအား ရက္(၉၀)စီမံခ်က္ျဖင့္ လိုအပ္သည့္ အေထာက္အထားမ်ား ရရိွေစရန္     ကူညီေဆာင္ရြက္ေပးျခင္း၊ ပညာေပးျခင္းတို႔ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ညီညြတ္မွူမရွိေသာ စားေသာက္ကုန္မ်ား ရက္(၉၀)အတြင္းဖယ္ရွားရွင္းလင္းေရးအတြက္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား အသိပညာေပးမႈကို ၾသဂုတ္လအတြင္းက က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၁)ႏွင့္ ေစ်းမ်ားတြင္ အသိပညာေပး ရွင္းလင္းခဲ့ၿပီးေနာက္ လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးျခင္းကို စက္တင္ဘာလအတြင္း ဆက္လက္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #စားသံုးသူေရးရာ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့မှ စားသောက်ကုန်ထုတ်လုပ်ငန်း(၁၀)ခု ဥပဒေနှင့်အညီထုပ်လုပ်နိုင်ရန် စက်တင်ဘာလအတွင်း ထောက်ခံချက်လျှောက်ထားလာ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ပေါ်ရပ်ကွက်(၃)ခုတွင် စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်မှုများ ဥပဒေနှင့်အညီဖြစ်စေရေး ရှင်းလင်းဆွေးနွေးမှုများ လုပ်ဆောင်နေရာ စက်တင်ဘာလ (၁၁)ရက်နေ့အထိ စားသောက်ကုန်ထုတ်လုပ်ငန်း (၁၀)ခုက ထောက်ခံချက် ရရှိရေးဆောင်ရွက်လာကြောင်း စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။

“မနေ့ကအထိ ရပ်ကွက် (၃)ခုက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ငံပြာရည်၊ မုန့်တီခြောက်၊   ကိတ်မုန့်စတဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းတွေက ထောက်ခံချက်ရရှိဖို့ လုပ်လာကြပါတယ်။ ကျွန်တော်တို့ ဆက်လုပ်သွားမှာပါ။ ကျန်တဲ့မြို့ပေါ်ရပ်ကွက်နှစ်ခုအပြင် အနီးဝန်းကျင်က ကျေးရွာအုပ်စုတွေပါ သွားဖို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီမှာ စာလည်းပို့ထားပြီးပါပြီ။ အနီးဝန်းကျင်က ကုန်ထုတ်လုပ်မှုရှိတဲ့ ရွာတွေကလည်း လာရှင်းလင်းဆွေးနွေးပေးဖို့ဆိုပြီး ဖိတ်ခေါ်တာတွေလည်း ရှိပါတယ်။ အဲဒီလိုဆိုရင်လည်း သွားပြီး ရှင်းလင်းပေးမှာပါ”ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)တို့မှ စားသောက်ကုန် တင်သွင်း၊ ရောင်းချ၊ ထုတ်လုပ်သူစုစုပေါင်း (၁၄၄) ဦးအား စားသောက်ကုန်များကို ဥပဒေနှင့်အညီ  တင်သွင်း၊ ထုတ်လုပ်၊ ရောင်းချခြင်းလုပ်ငန်းစဉ်များ ရှင်းလင်းခြင်းနှင့် ဥပဒေနှင့်အညီဖြစ်စေရန် လိုအပ်သည့် ထောက်ခံချက်များကို စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကူညီဆောင်ရွက်ပေးမည့်အကြောင်းတို့အား စက်တင်ဘာလ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ လိုက်လံရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် စားသုံးသူအခွင့်အရေး ထိခိုက်စေသည့် စားသောက်ကုန်များ စျေးကွက်တွင် မရှိစေရေးအတွက် စားသောက်ကုန် တင်သွင်း၊    ရောင်းချ၊ ထုတ်လုပ်သူများအား ရက်(၉၀)စီမံချက်ဖြင့် လိုအပ်သည့် အထောက်အထားများ ရရှိစေရန်     ကူညီဆောင်ရွက်ပေးခြင်း၊ ပညာပေးခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေပြဌာန်းချက်များနှင့်ညီညွတ်မှူမရှိသော စားသောက်ကုန်များ ရက်(၉၀)အတွင်းဖယ်ရှားရှင်းလင်းရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးမှုကို သြဂုတ်လအတွင်းက ကျိုင်းတုံမြို့ ရပ်ကွက်(၁)နှင့် စျေးများတွင် အသိပညာပေး ရှင်းလင်းခဲ့ပြီးနောက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို စက်တင်ဘာလအတွင်း ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~