ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ေဒသထုတ္စားေသာက္ကုန္မ်ား ဥပေဒႏွင့္အညီျဖစ္ေစေရး ရက္(၉၀)စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေန

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ေဒသထုတ္စားေသာက္ကုန္မ်ား ဥပေဒႏွင့္အညီျဖစ္ေစေရး ရက္(၉၀)စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးေန
စက်တင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း  စားေသာက္ကုန္ထုတ္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ား၏ ထုတ္ကုန္မ်ား ေထာက္ခံခ်က္ရရိွေရးႏွင့္ ေထာက္ခံခ်က္ရယူစဥ္ကာလအတြင္း ဆက္လက္ထုတ္လုပ္ႏိုင္ေရးအတြက္ က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕က ေအာက္တိုဘာလအထိ ကူညီေဆာင္ရြက္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

“ရွမ္းေရွ႕ေဒသအကုန္လံုးက စားေသာက္ကုန္ထုတ္သမွ်ကို ေထာက္ခံခ်က္ေတြရဖို႔ လိုအပ္တာမွန္သမွ် ကၽြန္ေတာ္တို႔ကို ဆက္သြယ္ပါ။ ေထာက္ခံခ်က္ရရိွေရးလုပ္ငန္းစဥ္မွာ လိုအပ္တာေတြကို ကၽြန္ေတာ္တို႔ လုပ္ေပးမွာျဖစ္ပါတယ္။ ရက္ေပါင္း (၉၀)အတြင္း အဓိကလုပ္ကိုင္တာက အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းေတြ ေထာက္ခံခ်က္လုပ္ဖို႔ အဓိကစည္းရံုးလုပ္ေဆာင္တာပါ။ ဒီလိုလုပ္တာမွာ ရွမ္းအေရွ႕မွာရိွတဲ့ စားေသာက္ကုန္ထုတ္လုပ္ငန္းအားလံုး ေထာက္ခံခ်က္ယူဖို႔နဲ႔ ေထာက္ခံခ်က္ယူတဲ့ကာလအတြင္း ဆက္လက္ထုတ္လုပ္ခြင့္ေတြကို လုပ္ေဆာင္ေပးေနတာပါ။ ဒါေပမဲ့ စားေသာက္ကုန္တင္သြင္းတာမ်ိဳး ကုန္သြယ္ေရးနဲ႔ဆိုင္တာကိုေတာ့ ကူညီေပးလို႔မရဘူး။ ဒါက စီးပြားကူးသန္းနဲ႔ သက္ဆုိင္တာဆိုေတာ့ ဘယ္လိုေထာက္ခံခ်က္အတြက္ ဘယ္ဌာနကိုသြားပါဆိုတာမ်ိဳး လမ္းညႊန္ေပးႏုိင္ပါတယ္”ဟု က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အစိုးရႏွင့္ ျပည္နယ္အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕တို႔ ပူးေပါင္းကာ  ၾသဂုတ္လမွ ေအာက္တိုဘာလအထိ ရက္(၉၀)စီမံခ်က္ကာလသတ္မွတ္ကာ ေဒသတြင္းမွ အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းမ်ား၊  အေသးစားစက္မႈလက္မႈလုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္မႈအားလံုး ေထာက္ခံခ်က္ရယူေဆာင္ရြက္ေရး ပညာေပးစည္းရံုးလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္တဲ့ အသိပညာေပးမႈေတြကိုလည္း ရက္ (၉၀)အတြင္းမွာ ရသေလာက္ ကၽြန္ေတာ္တုိ႔ လုပ္သြားမွာပါ။ သက္ဆုိင္ရာ ရပ္ကြက္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဘက္က တာဝန္ရိွသူေတြက ကိုယ့္ရပ္ကြက္၊ ၿမိဳ႕နယ္အတြင္း လုပ္ငန္းရွင္ေတြ စုေပးၿပီး လာလုပ္ေပးပါဆိုရင္ ရွမ္းအေရွ႕ ဘယ္ေနရာပဲျဖစ္ျဖစ္ သြားလုပ္ေပးမွာပါ” ဟု က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက  ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတစ္ခုလံုးအတြက္ စီမံခ်က္ေဆာင္ရြက္ရန္ျဖစ္ေသာ္လည္း ရက္ (၉၀) စီမံခ်က္၏ ပထမရက္ေပါင္း (၃၀)ေက်ာ္လာသည့္ စက္တင္ဘာလ (၇)ရက္ေန႔အထိ ဌာန၏ဝန္ထမ္းအင္အားအရ    က်ိဳင္းတံုၿမိဳ႕ႏွင့္ အနီးဝန္းက်င္ေက်းရြာမ်ားအထိသာ ေဆာင္ရြက္ထားႏုိင္ၿပီး တာခ်ီလိတ္၊ မုိင္းျဖတ္စသည့္   ေဒသမ်ားမွ လုပ္ငန္းရွင္မ်ားအား ပညာေပးစည္းရံုးေရးအတြက္ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၏ အကူအညီရယူေဆာင္ရြက္ရန္ လိုအပ္ေနေၾကာင္း သိရသည္။

“စီးပြားကူးသန္းဌာနရဲ႕ ရွမ္းျပည္နယ္အေရွ႕ပိုင္းအတြက္ အင္အားက (၁၈)ေယာက္ပဲရိွတယ္။ အင္အားမရိွတာရယ္၊ ရံုးအေဆာက္အဦးမရိွတာရယ္၊ ဖြဲ႕စည္းပံုမရိွတာရယ္ေၾကာင့္ လတ္တေလာမွာ က်ိဳင္းတံုခရိုင္မွာပဲ စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးေကာ္မတီ ရိွပါေသးတယ္။ စားသံုးသူေရးရာဌာနေတြကို ခရိုင္အလုိုက္ဖြင့္သြားႏုိင္ဖို႔ ဆက္ၿပီးလုပ္ေဆာင္ေနပါတယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕       အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

လက္ရိွစီမံခ်က္သည္ ကုန္သြယ္ေရးဥပေဒ၊ ျပည္နယ္အစိုးရ စည္ပင္ဥပေဒ၊ စက္မႈႀကီးၾကပ္ဥပေဒ၊ စားသံုးသူကာကြယ္ေရးဥပေဒ၊ FDA ဥပေဒ၊ က်န္းမာေရးဥပေဒစသည့္ ဥပေဒ(၆)ခုႏွင့့္မကိုက္ညီသည့္ စားေသာက္ကုန္မ်ား ထုတ္လုပ္ျခင္း၊ တင္သြင္းျခင္း၊ ေရာင္းခ်ျခင္းမရိွေစရန္ အသိပညာေပးၿပီး ကိုယ္တိုင္လုိက္နာလုပ္ေဆာင္ေစရန္ျဖစ္ေၾကာင္း သိသည္။

“ကိုယ္ကိုယ္တုိင္ ရွင္းလင္းရင္ ရွင္းလင္း၊ မရွင္းလင္းလို႔ ရက္ (၉၀)ကာလေက်ာ္တာနဲ႔ အေရးယူူမႈေတြ လုပ္သြားေတာ့မွာပါ။ ဒါေတြကို ေစ်းထဲမွာလည္း ရွင္းလင္းၿပီးၿပီ။ ၿမိဳ႕ထဲက ကုန္သည္ေတြကိုလည္း   ရွင္းလင္းၿပီး ၿပီ။ အားလံုးကိုလည္း သိရိွေၾကာင္း လက္မွတ္ထိုးခုိင္းၿပီးၿပီ။ ေစ်းထဲမွာ ရပ္ကြက္ထဲမွာ အသိေပးေၾကညာစာရြက္ေတြ ကပ္ေပးတယ္။ ေက်းရြာေတြကိုလည္း ကြင္းဆင္းပါမယ္။ စီးပြားေရးလုပ္ငန္းရွင္ေတြကိုလည္း      ေခၚေတြ႕ပါမယ္”ဟု က်ိဳင္းတံုခရိုင္ စားသံုးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ အတြင္းေရးမွဴး ဦးသန္းစိုးက   ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အေသးစား၊ အလတ္စား အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းအမ်ားဆံုးမွာ က်ိဳင္းတံုၿမိဳ႕ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ ရိွေနေသာ္လည္း တာခ်ီလိတ္ၿမိဳ႕တြင္ အဆိုပါစီမံခ်က္ႏွင့္ပတ္သက္၍ အသိပညာေပးရွင္းလင္းျခင္းမ်ား လုပ္ေဆာင္ႏုိင္ရန္ စားသံုးသူေရးရာဌာနအေနျဖင့္ ေဒသအဖြဲ႕အစည္းမ်ား၏ ပူးေပါင္းကူညီမႈ ရယူရန္ လိုအပ္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ က်ိဳင္းတံုၿမိဳ႕မွ ေရသန္႔စက္ (၁၃)ခုအနက္ FDA ႏွင့္ က်န္းမာေရးေထာက္ခံခ်က္ရိွထားသည့္ စက္ရံု (၂)ခုမွလြဲ၍ က်န္စက္ရံုအားလံုး လိုအပ္သည့္ေထာက္ခံခ်က္မ်ားရရိွရန္ ေဆာင္ရြက္ေနဆဲျဖစ္၍ ထုတ္လုပ္သည့္ပစၥည္းမ်ားအား ကိုယ္တိုင္တာဝန္ယူေစၿပီး ဆက္လက္ထုတ္လုပ္ခြင့္ျပဳထားေၾကာင္း သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #စားသံုးသူေရးရာဦးစီးဌာန(က်ိဳင္းတံု)

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဒေသထုတ်စားသောက်ကုန်များ ဥပဒေနှင့်အညီဖြစ်စေရေး  ရက်(၉၀)စီမံချက်ဖြင့် ဆောင်ရွက်ပေးနေ

***********
ရှမ်းပြည်နယ်အရှေ့ပိုင်း  စားသောက်ကုန်ထုတ် အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ထုတ်ကုန်များ ထောက်ခံချက်ရရှိရေးနှင့် ထောက်ခံချက်ရယူစဉ်ကာလအတွင်း ဆက်လက်ထုတ်လုပ်နိုင်ရေးအတွက် ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က အောက်တိုဘာလအထိ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ရှမ်းရှေ့ဒေသအကုန်လုံးက စားသောက်ကုန်ထုတ်သမျှကို ထောက်ခံချက်တွေရဖို့ လိုအပ်တာမှန်သမျှ ကျွန်တော်တို့ကို ဆက်သွယ်ပါ။ ထောက်ခံချက်ရရှိရေးလုပ်ငန်းစဉ်မှာ လိုအပ်တာတွေကို ကျွန်တော်တို့ လုပ်ပေးမှာဖြစ်ပါတယ်။ ရက်ပေါင်း (၉၀)အတွင်း အဓိကလုပ်ကိုင်တာက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေ ထောက်ခံချက်လုပ်ဖို့ အဓိကစည်းရုံးလုပ်ဆောင်တာပါ။ ဒီလိုလုပ်တာမှာ ရှမ်းအရှေ့မှာရှိတဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းအားလုံး ထောက်ခံချက်ယူဖို့နဲ့ ထောက်ခံချက်ယူတဲ့ကာလအတွင်း ဆက်လက်ထုတ်လုပ်ခွင့်တွေကို လုပ်ဆောင်ပေးနေတာပါ။ ဒါပေမဲ့ စားသောက်ကုန်တင်သွင်းတာမျိုး ကုန်သွယ်ရေးနဲ့ဆိုင်တာကိုတော့ ကူညီပေးလို့မရဘူး။ ဒါက စီးပွားကူးသန်းနဲ့ သက်ဆိုင်တာဆိုတော့ ဘယ်လိုထောက်ခံချက်အတွက် ဘယ်ဌာနကိုသွားပါဆိုတာမျိုး လမ်းညွှန်ပေးနိုင်ပါတယ်”ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့တို့ ပူးပေါင်းကာ  သြဂုတ်လမှ အောက်တိုဘာလအထိ ရက်(၉၀)စီမံချက်ကာလသတ်မှတ်ကာ ဒေသတွင်းမှ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊  အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်မှုအားလုံး ထောက်ခံချက်ရယူဆောင်ရွက်ရေး ပညာပေးစည်းရုံးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကိုလည်း ရက် (၉၀)အတွင်းမှာ ရသလောက် ကျွန်တော်တို့ လုပ်သွားမှာပါ။ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေက ကိုယ့်ရပ်ကွက်၊ မြို့နယ်အတွင်း လုပ်ငန်းရှင်တွေ စုပေးပြီး လာလုပ်ပေးပါဆိုရင် ရှမ်းအရှေ့ ဘယ်နေရာပဲဖြစ်ဖြစ် သွားလုပ်ပေးမှာပါ” ဟု ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက  ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးအတွက် စီမံချက်ဆောင်ရွက်ရန်ဖြစ်သော်လည်း ရက် (၉၀) စီမံချက်၏ ပထမရက်ပေါင်း (၃၀)ကျော်လာသည့် စက်တင်ဘာလ (၇)ရက်နေ့အထိ ဌာန၏ဝန်ထမ်းအင်အားအရ    ကျိုင်းတုံမြို့နှင့် အနီးဝန်းကျင်ကျေးရွာများအထိသာ ဆောင်ရွက်ထားနိုင်ပြီး တာချီလိတ်၊ မိုင်းဖြတ်စသည့်   ဒေသများမှ လုပ်ငန်းရှင်များအား ပညာပေးစည်းရုံးရေးအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီရယူဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။

“စီးပွားကူးသန်းဌာနရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် အင်အားက (၁၈)ယောက်ပဲရှိတယ်။ အင်အားမရှိတာရယ်၊ ရုံးအဆောက်အဦးမရှိတာရယ်၊ ဖွဲ့စည်းပုံမရှိတာရယ်ကြောင့် လတ်တလောမှာ ကျိုင်းတုံခရိုင်မှာပဲ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးကော်မတီ ရှိပါသေးတယ်။ စားသုံးသူရေးရာဌာနတွေကို ခရိုင်အလိုုက်ဖွင့်သွားနိုင်ဖို့ ဆက်ပြီးလုပ်ဆောင်နေပါတယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့       အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

လက်ရှိစီမံချက်သည် ကုန်သွယ်ရေးဥပဒေ၊ ပြည်နယ်အစိုးရ စည်ပင်ဥပဒေ၊ စက်မှုကြီးကြပ်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ FDA ဥပဒေ၊ ကျန်းမာရေးဥပဒေစသည့် ဥပဒေ(၆)ခုနှင့့်မကိုက်ညီသည့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်းမရှိစေရန် အသိပညာပေးပြီး ကိုယ်တိုင်လိုက်နာလုပ်ဆောင်စေရန်ဖြစ်ကြောင်း သိသည်။

“ကိုယ်ကိုယ်တိုင် ရှင်းလင်းရင် ရှင်းလင်း၊ မရှင်းလင်းလို့ ရက် (၉၀)ကာလကျော်တာနဲ့ အရေးယူူမှုတွေ လုပ်သွားတော့မှာပါ။ ဒါတွေကို စျေးထဲမှာလည်း ရှင်းလင်းပြီးပြီ။ မြို့ထဲက ကုန်သည်တွေကိုလည်း   ရှင်းလင်းပြီး ပြီ။ အားလုံးကိုလည်း သိရှိကြောင်း လက်မှတ်ထိုးခိုင်းပြီးပြီ။ စျေးထဲမှာ ရပ်ကွက်ထဲမှာ အသိပေးကြေညာစာရွက်တွေ ကပ်ပေးတယ်။ ကျေးရွာတွေကိုလည်း ကွင်းဆင်းပါမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း      ခေါ်တွေ့ပါမယ်”ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက   ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အသေးစား၊ အလတ်စား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအများဆုံးမှာ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ရှိနေသော်လည်း တာချီလိတ်မြို့တွင် အဆိုပါစီမံချက်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းများ လုပ်ဆောင်နိုင်ရန် စားသုံးသူရေးရာဌာနအနေဖြင့် ဒေသအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှု ရယူရန် လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် ကျိုင်းတုံမြို့မှ ရေသန့်စက် (၁၃)ခုအနက် FDA နှင့် ကျန်းမာရေးထောက်ခံချက်ရှိထားသည့် စက်ရုံ (၂)ခုမှလွဲ၍ ကျန်စက်ရုံအားလုံး လိုအပ်သည့်ထောက်ခံချက်များရရှိရန် ဆောင်ရွက်နေဆဲဖြစ်၍ ထုတ်လုပ်သည့်ပစ္စည်းများအား ကိုယ်တိုင်တာဝန်ယူစေပြီး ဆက်လက်ထုတ်လုပ်ခွင့်ပြုထားကြောင်း သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #စားသုံးသူရေးရာဦးစီးဌာန(ကျိုင်းတုံ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~