မယ်ဆိုင်မြို့၌ ထိုင်းရဲများက ဆီးစစ်ဆေးမှုပြုလုပ်ရာတွင် မှားယွင်းစွပ်စွဲခံရမှုနှင့်ကြုံရသည့် မြန်မာနိုင်ငံသားများ အနေဖြင့် တာချီလိတ်မှ CNCMC သို့ ဆက်သွယ်အကြောင်းကြားနိုင်
မယ်ဆိုင်မြို့၌ ထိုင်းရဲများက ဆီးစစ်ဆေးမှုပြုလုပ်ရာတွင် မှားယွင်းစွပ်စွဲခံရမှုနှင့်ကြုံရသည့် မြန်မာနိုင်ငံသားများ အနေဖြင့် တာချီလိတ်မှ CNCMC သို့ ဆက်သွယ်အကြောင်းကြားနိုင်
စကျတငျဘာ 26, 2017
By Tachileik News Agency
တာချီလိတ်မြို့နှင့် နယ်စပ်ဒေသဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးသုံးစွဲသည်ဟု သံသယ ရှိသူများအား ဆီးစစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်နေရာ မြန်မာနိုင်ငံသားများအနေဖြင့် မူးယစ်ဆေး သုံးစွဲခြင်းမရှိဘဲ မှားယွင်း စွပ်စွဲခံရမှုနှင့်ကြုံရလျှင် တာချီလိတ်ရှိ CNCMC ကော်မတီ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
တာချီလိတ်တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) သည် ၂၀၁၃ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံရသည့် မြန်မာနိုင်ငံသားများအရေး ကူညီမှုများ စတင်ဆောင်ရွက်ခဲ့ပြီး ရုံးခန်းအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နှင့် နယ်စပ်ဒေသဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးသုံးစွဲသည်ဟု သံသယ ရှိသူများအား ဆီးစစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်နေရာ မြန်မာနိုင်ငံသားများအနဖြေင့် မူးယစ်ဆေး သုံးစွဲခြင်းမရှိဘဲ မှားယွင်း စွပ်စွဲခံရမှုနှင့်ကြုံရလျှင် တာချီလိတ်ရှိ CNCMC ကော်မတီ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
“လောလောဆယ်တော့ အကူအညီ တောင်းခံလာတာတော့ မရှိသေးပါဘူး။ ဟိုဖက်က ထိုင်းရဲတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ မူးယစ်ဆေးသုံးစွဲတဲ့ ပုံပေါက်နေရင်တော့ စစ်ဆေးတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ မစစ်ပါနဲ့လို့ တားမြစ်လို့တော့ မရဘူး။ ဒါပေမဲ့ ကိုယ့် နိုင်ငံသားတွေ အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတယ် ဆိုရင်တော့ ဟိုဖက်နိုင်ငံကို မသွားဘဲနေရင် ကောင်းတယ်ပေါ့။ ကျွန်တော်တို့ဆိီကို အသိပေးတယ်ဆိုပေမဲ့ ကိုယ်ကိုယ်တိုင်က မူးယစ်ဆေး သုံးစွဲ ထားမယ်၊ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ရဲဆီမှာ ဝန်ခံထားတယ် ဆိုရင်တော့ ဘာမှ ကူညီပေးလို့ မရဘူး။ တချို့က ကျန်းမာရေးအရ ဆရာဝန်ညွှန်ကြားချက်အရ သုံးစွဲနေရတဲ့ ဆေးတွေကြောင့် မှားယွင်းပြီး မူးယစ်ဆေး သုံးစွဲတယ်လို့ စွပ်စွဲခံရတယ်ဆိုတော့ ကော်မတီကနေ ကူညီပေးလို့ အဆင်ပြေပါတယ်။ အရင်ကလည်း ဒီလို ကူညီဆောင်ရွက်ပေးရတာတွေ ရှိပါတယ်။ မူးယစ်ဆေးသုံးစွဲနေသူတွေကိုတော့ ကူညီပေးမှာမဟုတ်ပါဘူး”ဟု CNCMC၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။
တာချီလိတ်တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) သည် ၂၀၁၃ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံရသည့် မြန်မာနိုင်ငံသားများအရေး ကူညီမှုများ စတင်ဆောင်ရွက်ခဲ့ပြီး ရုံးခန်းအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်နခြေင်းဖြစ်သည်။
ကော်မတီသို့ အကူအညီတောင်းခံလိုပါက ထိုင်းဖုန်း - 0850181889၊ 0822837478၊ 0850388887၊ 0897558729 များ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~