က်ိဳင္းတံုတြင္ တရားမဝင္ ေရာက္ရွိေနသည့္ တရုတ္ႏုိင္ငံသူတစ္ဦးႏွင့္ ပို႔ေဆာင္ေပးသည့္ ဆုိင္ကယ္တကၠစီသမားတို႔အား ဖမ္းဆီးရမိ

က်ိဳင္းတံုတြင္ တရားမဝင္ ေရာက္ရွိေနသည့္ တရုတ္ႏုိင္ငံသူတစ္ဦးႏွင့္ ပို႔ေဆာင္ေပးသည့္ ဆုိင္ကယ္တကၠစီသမားတို႔အား ဖမ္းဆီးရမိ
စက်တင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသူတစ္ဦးႏွင့္ ၎အား ပို႔ေဆာင္ေပးသည့္ ဆိုင္ကယ္တကၠစီသမားတို႔အား စက္တင္ဘာလ (၂)ရက္ေန႔က ဖမ္းဆီး ရမိေၾကာင္း သိရသည္။

လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စိတ္(၁၈) က်ဳိင္းတံုမွ တာဝန္ရိွသူမ်ားသည္ အေထာက္အထား မရိွဘဲ က်ိဳင္းတံုၿမိဳ႕သို႔ ေရာက္ရိွေနသည့္ တရုတ္ႏုိင္ငံသား မဝူးယြဲ႕က်န္အား စစ္ေဆး ေတြ႔ရွိသျဖင့္ ၎အား ပို႔ေဆာင္ေပးသည့္ ဆိုင္ကယ္တကၠစီသမား  ႏွင့္ မဝူးယြဲ႕က်န္တို႔အား စစ္ေဆးရာ ၎မွာ လြန္ခဲ့သည့္ ငါးႏွစ္ခန္႔က တရုတ္ႏုိင္ငံသား အမ်ိဳးသမီး(၆)ဦးႏွင့္အတူ ထိုင္းႏုိင္ငံသို႔ မယ္ေခါင္ျမစ္ဝွမ္းမွ တစ္ဆင့္ တရားမဝင္သြားေရာက္ အလုပ္ လုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

၎သည္ ထုိင္းႏုိင္ငံ ဆာရာပူရီခရိုင္ ေနာင္ခယ္ၿမိဳ႕ရိွ ထမင္းဆိုင္တြင္ တစ္လ ဘတ္(၇၀၀၀)ျဖင့္ အလုပ္ လုပ္ေနရာမွ ေနထုိင္ခြင့္ ကတ္မရိွ၍ ထုိင္းရဲမ်ား အဖမ္းခံရမည္စိုးရိမ္သျဖင့္ မယ္ဆိုင္ၿမိဳ႕မွ တစ္ဆင့္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ မယ္ဆိုင္ေခ်ာင္းမွ တရားမဝင္ ဝင္ေရာက္ခဲ့ကာ  တာခ်ီလိတ္မွ က်ိဳင္းတံုသို႔ ဘတ္(၂၀၀၀)ေပး၍ ဆိုင္ကယ္တကၠစီငွားရမ္းခဲ့ျခင္းျဖစ္ေၾကာင္း မဝူးယြဲ႕က်န္မွ ထြက္ဆိုေၾကာင္း သိရသည္။

၎သည္ က်ိဳင္းတံုၿမိဳ႕ ကားႀကီးကြင္းတြင္ စက္တင္ဘာလ (၁)ရက္ေန႔က ညအိပ္ခဲ့ၿပီး စက္တင္ဘာလ (၂)ရက္ေန႔တြင္ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးတပ္ဖြဲ႕မွ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္တကၠစီသမား၏ ထြက္ဆိုခ်က္တြင္ ၎၏ သူငယ္ခ်င္းျဖစ္သူက တရုတ္ႏုိင္ငံသား အမ်ိဳးသမီးတစ္ဦးအား က်ိဳင္းတံုသို႔ ပို႔ေဆာင္ေပးရန္ လႊဲေျပာင္းေပးသျဖင့္ ဘတ္ေငြ(၂၀၀၀)ျဖင့္ ပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ျမန္မာႏုိင္ငံသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသား မဝူးယြဲ႕က်န္ႏွင့္ ႏုိင္ငံတြင္းသို႔ တရားမဝင္ ခိုးဝင္မႈအား သက္ဆုိင္ရာသို႔ အေၾကာင္း မၾကားဘဲ တရားမဝင္ ေခၚေဆာင္ေပးသည့္ ဆုိင္ကယ္တကၠစီသမားအား အေရးယူသြားရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသူတစ်ဦးနှင့်၎င်းအား ပို့ဆောင်ပေးသည့် ဆိုင်ကယ်တက္ကစီသမားတို့အား စက်တင်ဘာလ (၂)ရက်နေ့က ဖမ်းဆီး ရမိကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁၈) ကျိုင်းတုံမှ တာဝန်ရှိသူများသည် အထောက်အထား မရှိဘဲ ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံသား မဝူးယွဲ့ကျန်အား စစ်ဆေး တွေ့ရှိသဖြင့်၎င်းအား ပို့ဆောင်ပေးသည့် ဆိုင်ကယ်တက္ကစီသမား နှင့် မဝူးယွဲ့ကျန်တို့အား စစ်ဆေးရာ၎င်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က တရုတ်နိုင်ငံသား အမျိုးသမီး(၆)ဦးနှင့်အတူ ထိုင်းနိုင်ငံသို့ မယ်ခေါင်မြစ်ဝှမ်းမှ တစ်ဆင့် တရားမဝင်သွားရောက် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ထိုင်းနိုင်ငံ ဆာရာပူရီခရိုင် နောင်ခယ်မြို့ရှိ ထမင်းဆိုင်တွင် တစ်လ ဘတ်(၇၀၀၀)ဖြင့် အလုပ် လုပ်နေရာမှ နေထိုင်ခွင့် ကတ်မရှိ၍ ထိုင်းရဲများ အဖမ်းခံရမည်စိုးရိမ်သဖြင့် မယ်ဆိုင်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ မယ်ဆိုင်ချောင်းမှ တရားမဝင် ဝင်ရောက်ခဲ့ကာ တာချီလိတ်မှ ကျိုင်းတုံသို့ ဘတ်(၂၀၀၀)ပေး၍ ဆိုင်ကယ်တက္ကစီငှါးရမ်းခဲ့ခြင်းဖြစ်ကြောင်း မဝူးယွဲ့ကျန်မှ ထွက်ဆိုကြောင်း သိရသည်။

၎င်းသည် ကျိုင်းတုံမြို့ ကားကြီးကွင်းတွင် စက်တင်ဘာလ (၁)ရက်နေ့က ညအိပ်ခဲ့ပြီး စက်တင်ဘာလ (၂)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်တက္ကစီသမား၏ ထွက်ဆိုချက်တွင်၎င်း၏ သူငယ်ချင်းဖြစ်သူက တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးအား ကျိုင်းတုံသို့ ပို့ဆောင်ပေးရန် လွှဲပြောင်းပေးသဖြင့် ဘတ်ငွေ(၂၀၀၀)ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား မဝူးယွဲ့ကျန်နှင့် နိုင်ငံတွင်းသို့ တရားမဝင် ခိုးဝင်မှုအား သက်ဆိုင်ရာသို့ အကြောင်း မကြားဘဲ တရားမဝင် ခေါ်ဆောင်ပေးသည့် ဆိုင်ကယ်တက္ကစီသမားအား အရေးယူသွားရန် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~