ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တရုတ္သို႔ လူကုန္ကူးခံရသည့္ ေလးဦးေျမာက္အမ်ိဳးသမီးအား မိသားစုထံ ျပန္လည္ပို႔ေဆာင္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ တရုတ္သို႔ လူကုန္ကူးခံရသည့္ ေလးဦးေျမာက္အမ်ိဳးသမီးအား မိသားစုထံ ျပန္လည္ပို႔ေဆာင္
စက်တင်ဘာ 5, 2017
By Tachileik News Agency

တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ေလးဦးေျမာက္အမ်ိဳးသမီးတစ္ဦးအား မိသားစုထံ ျပန္လည္ပို႔ေဆာင္ရန္ မႏၱေလးၿမိဳ႕ လူမႈဝန္ထမ္းဦးစီးဌာနက စက္တင္ဘာလ (၅)ရက္ေန႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)လူမႈဝန္ထမ္းဦးစီးဌာနသို႔ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

“တရုတ္မွာ လူကုန္ကူးခံရတဲ့ မိုင္းလားက အမ်ိဳးသမီးတစ္ေယာက္ကို ဒီေန႔လႊဲေပးတာပါ။ မူဆယ္ လူကုန္တားကေန မႏၱေလး လူမႈဝန္ထမ္းဦးစီးဌာနကို လႊဲတယ္။ အဲဒီကမွ ဒီေန႔ က်ိဳင္းတံုမွာ မိသားစုဆီ ျပန္ပို႔ေပးဖို႔ လႊဲေပးလာတာပါ”ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာန လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူမႈဝန္ထမ္းဦးစီးဌာနသည္ လူကုန္ကူးခံရသည့္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားအား မိသားစုထံျပန္လည္ ေပါင္းစည္းေပးၿပီး ႏွစ္သိမ့္ ေဆြးေႏြးေပးျခင္းအျပင္ ၎တို႔၏ ေနရပ္ေဒသမ်ားတြင္ ျပန္လည္ ထူေထာင္ေရးကိုလည္း ႏွစ္ႏွစ္တာ ကာလအထိ ကူညီ လုပ္ေဆာင္ေပးေၾကာင္း သိရသည္။

“ကၽြန္မတို႔က ဒီလူကုန္ကူးခံရသူေတြ စာရင္းေရာက္လာၿပီဆိုတာနဲ႔ သူတို႔မိသားစုေတြ သြားေရာက္ စံုစမ္းရတယ္။ သူတို႔မိသားစုေတြက လက္ခံႏိုင္၊ လက္မခံႏုိင္လည္း စံုစမ္းရတယ္။ ၿပီးေတာ့ မိသားစု ျပန္အပ္တာအျပင္ ေနာက္ဆက္တြဲ ေစာင့္ေရွာက္ေရးကို ႏွစ္ႏွစ္အထိ လုပ္ေပးပါတယ္။ ဒီကာလအတြင္းမွာ သူတို႔ကို လူမႈေရး၊ က်န္းမာေရးေစာင့္ေရွာက္ေပးရတာေပါ့။ သူတို႔ သက္ေမြးဝမ္းေၾကာင္း လုပ္ငန္းအျဖစ္ ဘာေတြ လုပ္ခ်င္သလဲ လုပ္ခ်င္တဲ့လုပ္ငန္းအေပၚမူတည္ၿပီး က်ပ္ေငြ (၉)သိန္းအထိ ေထာက္ပံ့ေပးပါတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္ အမ်ိဳးသမီးသက္ေမြးအတတ္ပညာသင္ေက်ာင္း ဦးစီးအရာရိွ ေဒၚေဝေဝႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္အတြင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) လူမႈဝန္ထမ္းဦးစီးဌာနသို႔ လႊဲေျပာင္းလာသည့္ လူကုန္ကူးခံရသူ အေရအတြက္မွာ စုစုေပါင္း (၁၉)ဦးရိွေနၿပီး တရုတ္ႏုိင္ငံသို႔ လူကုန္ကူးခံရသူ (၄)ဦးႏွင့္ ထုိင္းႏိုင္ငံသို႔ လူကုန္ကူးခံရသူ (၁၅)ဦးျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု  -  လူမႈဝန္ထမ္းဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လေးဦးမြောက်အမျိုးသမီးတစ်ဦးအား မိသားစုထံ ပြန်လည်ပို့ဆောင်ရန် မန္တလေးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ (၅)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

“တရုတ်မှာ လူကုန်ကူးခံရတဲ့ မိုင်းလားက အမျိုးသမီးတစ်ယောက်ကို ဒီနေ့လွှဲပေးတာပါ။ မူဆယ် လူကုန်တားကနေ မန္တလေး လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲတယ်။ အဲဒီကမှ ဒီနေ့ ကျိုင်းတုံမှာ မိသားစုဆီ ပြန်ပို့ပေးဖို့ လွှဲပေးလာတာပါ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် လူကုန်ကူးခံရသည့် အမျိုးသား၊ အမျိုးသမီးများအား မိသားစုထံပြန်လည် ပေါင်းစည်းပေးပြီး နှစ်သိမ့် ဆွေးနွေးပေးခြင်းအပြင်၎င်းတို့၏ နေရပ်ဒေသများတွင် ပြန်လည် ထူထောင်ရေးကိုလည်း နှစ်နှစ်တာ ကာလအထိ ကူညီ လုပ်ဆောင်ပေးကြောင်း သိရသည်။

“ကျွန်မတို့က ဒီလူကုန်ကူးခံရသူတွေ စာရင်းရောက်လာပြီဆိုတာနဲ့ သူတို့မိသားစုတွေ သွားရောက် စုံစမ်းရတယ်။ သူတို့မိသားစုတွေက လက်ခံနိုင်၊ လက်မခံနိုင်လည်း စုံစမ်းရတယ်။ ပြီးတော့ မိသားစု ပြန်အပ်တာအပြင် နောက်ဆက်တွဲ စောင့်ရှောက်ရေးကို နှစ်နှစ်အထိ လုပ်ပေးပါတယ်။ ဒီကာလအတွင်းမှာ သူတို့ကို လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်ပေးရတာပေါ့။ သူတို့ သက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် ဘာတွေ လုပ်ချင်သလဲ လုပ်ချင်တဲ့လုပ်ငန်းအပေါ်မူတည်ပြီး ကျပ်ငွေ (၉)သိန်းအထိ ထောက်ပံ့ပေးပါတယ်”ဟု ကျိုင်းတုံမြို့နယ် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း ဦးစီးအရာရှိ ဒေါ်ဝေဝေနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းလာသည့် လူကုန်ကူးခံရသူ အရေအတွက်မှာ စုစုပေါင်း (၁၉)ဦးရှိနပြေီး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ (၄)ဦးနှင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ (၁၅)ဦးဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - လူမှုဝန်ထမ်းဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~