တာချီလိတ်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ မြန်မာ - ထိုင်းတာဝန်ရှိသူများ တက်ရောက်

တာချီလိတ်မြို့တွင် ကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ မြန်မာ - ထိုင်းတာဝန်ရှိသူများ တက်ရောက်
စကျတငျဘာ 13, 2017
By Tachileik News Agency


အခမ်းအနားတွင် နိုင်ငံတော် ဒုတိယသမ္မတ၏ မိန့်ခွန်းအား ဖတ်ကြားခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

အခမ်းအနားသို့ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ ဒုဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ မြန်မာ - ထိုင်း နယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီဝင်များ (BCATIP)၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား လွှဲပြောင်းရေးအဖွဲ့ ခေါင်းဆောင် Pol.Lt.Col Sukmya Phummrin နှင့် အဖွဲ့ဝင်များ၊ မယ်ဆိုင်ရဲစခန်းမှူး Pol. Lt.Col Kongrid Chaisarn၊ မယ်ဆိုင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့မှ Pol.maj.Nattapon Chomboatong၊ ချင်းရိုင်းခရိုင် Balar Foundation ၊ တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တာလေမြို့မှ တစ်ခန်းရပ်ပြဇာတ်နှင့်တေးသရုပ်ဖေါ်တင်ဆက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဒေသတွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ  တက်ရောက်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား စက်တင်ဘာလ (၁၃)ရက်နေ့က မကာဟိုခမ်းရပ်ကွက်၊ ဟုတ်တက်ခန်းမတွင် ကျင်းပရာ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံမှ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော် ဒုတိယသမ္မတ၏ မိန့်ခွန်းအား ဖတ်ကြားခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပိုစတာ၊ ပန်းချိီ၊ ကာတွန်းပြိုင်ပွဲများတွင် ဆုရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။

အခမ်းအနားသို့ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်လူကုန်ကူးမှုတားဆီးရေးအဖွဲ့ ဒုဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ ခရိုင်/မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ မြန်မာ - ထိုင်း နယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီဝင်များ (BCATIP)၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ မယ်ဆိုင်လဝကမှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား လွှဲပြောင်းရေးအဖွဲ့ ခေါင်းဆောင် Pol.Lt.Col Sukmya Phummrin နှင့် အဖွဲ့ဝင်များ၊ မယ်ဆိုင်ရဲစခန်းမှူး Pol. Lt.Col Kongrid Chaisarn၊ မယ်ဆိုင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့မှ Pol.maj.Nattapon Chomboatong၊ ချင်းရိုင်းခရိုင် Balar Foundation၊ တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တာလမြေို့မှ တစ်ခန်းရပ်ပြဇာတ်နှင့်တေးသရုပ်ဖော်တင်ဆက်မည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဒေသတွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား တာချီလိတ်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူး၍ တာချီလိတ်လူကုန်ကူးမှုတားဆီးရေးတပ်စိတ်(၁)နှင့် ဝေါလ်ဗွီးရှင်း(မြန်မာ)တာချီလိတ်တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~