ျမန္မာႏိုင္ငံလံုးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးက ဘာသာဝင္မ်ားသို႔ အထူးသတိေပး ပန္ၾကားခ်က္ႏွင့္ ARSA အစြန္းေရာက္အၾကမ္းဖက္အဖြဲ႕အား အျပင္းအထန္ ဆန္႔က်င္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္

ျမန္မာႏိုင္ငံလံုးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးက ဘာသာဝင္မ်ားသို႔ အထူးသတိေပး ပန္ၾကားခ်က္ႏွင့္ ARSA အစြန္းေရာက္အၾကမ္းဖက္အဖြဲ႕အား အျပင္းအထန္ ဆန္႔က်င္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္
စက်တင်ဘာ 10, 2017
By 🌸
ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ အၾကမ္းဖက္ဝင္ေရာက္တုိက္ခိုက္သည့္ ARSA အစြန္းေရာက္အၾကမ္းဖက္အဖြဲ႕အား ျမန္မာႏိုင္ငံလံုးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးက အျပင္းအထန္ ဆန္႔က်င္ရႈတ္ခ်ၿပီး အစၥလာမ္ဘာသာဝင္မ်ား အေနျဖင့္ ႏုိင္ငံေတာ္အစိုုးရ၊ ႏိုင္ငံသားျပည္သူတစ္ရပ္လံုးႏွင့္အတူ ပူးေပါင္းေဆာင္ရြက္ၾကရန္ စက္တင္ဘာလ (၉)ရက္ေန႔က ထုတ္ျပန္ထားေၾကာင္း သတင္းထုတ္ျပန္ေရးေကာ္မတီတြင္ ေဖၚျပထားသည္။

လက္ရိွအခ်ိန္၌ အင္တာနက္ လူမွဳကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ဘာသာတစ္ခုႏွင့္ တစ္ခုအၾကား မလိုလားအပ္ေသာ ပဋိပကၡမ်ား ျဖစ္ေပၚလာေစရန္ ဘာသာေရး ပုတ္ခတ္ေစာ္ကားမွဳမ်ား၊ လွံဳ႕ေဆာ္မွဳမ်ား၊ လုပ္ႀကံ သတင္းလႊင့္မွဳမ်ား လုပ္ေဆာင္ေနျခင္းကို အစၥလာမ္ဘာသာဝင္မ်ားအေနျဖင့္ လုပ္ေဆာင္ျခင္း၊ လက္ခံယံုၾကည္ျခင္း၊ ျဖန္႔ေ၀ျခင္း၊ စိတ္လိုက္မာန္ပါ တုန္႔ျပန္ျခင္းမ်ား မျပဳလုပ္ၾကပါရန္ႏွင့္ မိမိတို႔ ပတ္၀န္းက်င္တြင္ အဖ်က္အေမွာင့္လုပ္ရပ္မ်ား မသကၤာဖြယ္ရာ ေတြ႕ရွိပါက နီးစပ္ရာ အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားသို႔ အခ်ိန္မီအသိေပး အေၾကာင္းၾကားပါရန္ အဆိုပါ ထုတ္ျပန္ခ်က္တြင္ ပန္ၾကားထားသည္ကို ေတြ႔ရသည္။

အၾကမ္းဖက္ လုပ္ရပ္မ်ားကို ကာကြယ္တားဆီးရန္ အတြက္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အစၥလာမ္ ဘာသာေရး အဖြဲ႕ႀကီးသည္ အစိုးရ အဖြဲ႕အစည္းမ်ား၊ အရပ္ဖက္ လူမွဳ အဖြဲ႕အစည္းမ်ားႏွင့္ ဘာသာေပါင္းစုံ ႏိုင္ငံသား ျပည္သူမ်ား အားလံုးႏွင့္ အတူ တစ္သားတည္း စည္းလံုးညီညြတ္စြာ ေဆာင္ရြက္ သြားမည္ ျဖစ္ေၾကာင္း သေဘာထား ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အစၥလာမ္ဘာသာေရးအဖြဲ႕ႀကီးတြင္ အိုလမာ-အစၥလာမ္သာသနာ႔ ပညာရွင္မ်ားအဖြဲ႕ခ်ဳပ္၊ အစၥလာမ္သာသနာေရးရာ ေကာင္စီဌာနခ်ဳပ္၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေမာ္လ၀ီ အဖြဲ႕ခ်ဳပ္ (ဗဟို)၊ ျမန္မာမြတ္စလင္မ္လူငယ္မ်ား (ဘာသာေရး) အဖြဲ႕ မ-မ-လ ဌာနခ်ဳပ္၊ ျမန္မာမြတ္စလင္ အမ်ိဳးသားေရးရာအဖြဲ႕ခ်ဳပ္ (မ-အ-ဖ) ဌာနခ်ဳပ္တို႔ ပါဝင္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဘာသာဝင်များသို့ အထူးသတိပေး ပန်ကြားချက်နှင့် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အား အပြင်းအထန် ဆန့်ကျင်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်
***********
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည့် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နိုင်ငံတော်အစိုုးရ၊ နိုင်ငံသားပြည်သူတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် စက်တင်ဘာလ (၉)ရက်နေ့က ထုတ်ပြန်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီတွင် ဖေါ်ပြထားသည်။
လက်ရှိအချိန်၌ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာတစ်ခုနှင့် တစ်ခုအကြား မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ဘာသာရေး ပုတ်ခတ်စော်ကားမှုများ၊ လှုံ့ဆော်မှုများ၊ လုပ်ကြံ သတင်းလွှင့်မှုများ လုပ်ဆောင်နေခြင်းကို အစ္စလာမ်ဘာသာဝင်များအနေဖြင့် လုပ်ဆောင်ခြင်း၊ လက်ခံယုံကြည်ခြင်း၊ ဖြန့်ဝေခြင်း၊ စိတ်လိုက်မာန်ပါ တုန့်ပြန်ခြင်းများ မပြုလုပ်ကြပါရန်နှင့် မိမိတို့ ပတ်ဝန်းကျင်တွင် အဖျက်အမှောင့်လုပ်ရပ်များ မသင်္ကာဖွယ်ရာ တွေ့ရှိပါက နီးစပ်ရာ အစိုးရအုပ်ချုပ်ရေးအဖွဲ့များသို့ အချိန်မီအသိပေး အကြောင်းကြားပါရန် အဆိုပါ ထုတ်ပြန်ချက်တွင် ပန်ကြားထားသည်ကို တွေ့ရသည်။
အကြမ်းဖက် လုပ်ရပ်များကို ကာကွယ်တားဆီးရန် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် အစိုးရ အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူများ အားလုံးနှင့် အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွင် အိုလမာ-အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာမွတ်စလင်မ်လူငယ်များ (ဘာသာရေး) အဖွဲ့ မ-မ-လ ဌာနချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ်တို့ ပါဝင်သည်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~