တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမယာကြက္သစ္တြင္ ေနထုိင္သူမ်ား တစ္လအတြင္း ဖယ္ရွားရန္ ႏို႔တစ္စာထုတ္

တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း(စ်)ေျမယာကြက္သစ္တြင္ ေနထုိင္သူမ်ား တစ္လအတြင္း ဖယ္ရွားရန္ ႏို႔တစ္စာထုတ္
စက်တင်ဘာ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ အၿပီးမသတ္ေသးသည့္ ၿမိဳ႕ကြက္သစ္ စီမံကိန္း အပိုင္း(စ်)ေျမယာကြက္သစ္တြင္ ေနထိုင္သူမ်ားအေနျဖင့္ စက္တင္ဘာလ (၁၄)ရက္ေန႔မွ စ၍ တစ္လျပည့္သည့္ေန႔တြင္ ေနာက္ဆံုးထားဖယ္ရွားရန္ လက္ေထာက္ေကာ္လိေတၱာ္အရာရိွ လက္မွတ္ ေရးထိုး၍ ႏို႔တစ္စာထုတ္ျပန္လိုက္သည္။

“ကၽြန္ေတာ္တို႔ ဌာနေပါင္းစံုက တာဝန္ရိွသူေတြနဲ႔အတူ အခုပဲႏို႔တစ္စာ ကပ္ခဲ့ပါတယ္။ အိမ္ေတြကလည္း တဲေတြေရာ၊ အခိုင္အမာ ေဆာက္လုပ္ထားတာေတြေရာ၊ ၿခံဝန္းေတြကလည္း သြပ္ဆူးႀကိဳးကာ ထားတာေတြေရာ၊ ေက်ာက္တံတိုင္း ကာထားတာေတြေရာပဲ။ စုစုေပါင္း (၅၉)အိမ္ကို ဒီဆင့္စာေတြ ေပးလည္းေပးတယ္။ လက္မွတ္လည္းထိုးခိုင္းတယ္။ တခ်ိဳ႕လည္း လက္မွတ္ထိုးေပးတယ္။ တခ်ိဳ႕လည္း လက္မခံဘူး။ လက္မွတ္လည္း မထိုးေပးဘူး။ လူမေနတဲ့ ၿခံေတြမွာေရာ အိမ္ေတြေရာ အကုန္လံုးမွာ ဒီႏို႔တစ္စာေတြ ကပ္ထားခဲ့ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေျမယာကြက္သစ္စီမံကိန္းမွာ ရွမ္းျပည္နယ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕က ၂၀၁၀ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔ ေန႔စြဲပါစာျဖင့္ ၁၉၅၃ ခုႏွစ္၊ လယ္ယာေျမႏုိင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ ပုဒ္မ (၃၉)အရ ဧရိယာ ဧက (၄၀)အား တိုးခ်ဲ႕ၿမိဳ႕ကြက္သစ္ ေျမအျဖစ္ အေကာင္အထည္ေဖာ္ရန္ ခြင့္ျပဳခဲ့ျခင္းျဖစ္ေသာ္လည္း တာဝန္ယူေဖာ္ေဆာင္သည့္ ကုမၸဏီမ်ားက ၂၀၁၇ ခုႏွစ္အထိ ၿပီးျပတ္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္း မရိွေသးဘဲ ျဖစ္ေနခ်ိန္တြင္ မူလေျမပိုင္ရွင္ဆိုသူထံမွ ဝယ္ယူေနထုိင္သူမ်ား ရိွလာျခင္းျဖစ္ေၾကာင္း သိရသည္။

“အစိုးရက ေျမကြက္သစ္ေဖာ္ေတာ့ ဌာနဆိုင္ရာေတြကို ေျမေပးမိန္႔နဲ႔ ခ်ေပးတဲ့အကြက္ေတြေပါ့။ အဲဒီေျမေပးမိန္႔ရိွေတာ့ ဌာနဆုိင္ရာအရာရိွေတြ၊ တပ္ကအရာရိွေတြဆီကေန ျပန္ဝယ္ထားတာေပါ့။ အဲဒီမွာ ဒီေျမကြက္သစ္ကို စၿပီးအေကာင္အထည္ေဖာ္တဲ့ ကုမၸဏီက ဆံုးခန္းတုိင္ေအာင္ ဆက္မလုပ္ေတာ့ ဒီျပႆနာေတြ ျဖစ္ကုန္တာေပါ့။ စလုပ္တဲ့ တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ပဲ ဒီကုမၸဏီက အလုပ္လုပ္တယ္။ ေနာက္ပိုင္း ရပ္သြားတယ္။ ဒီေတာ့ အရင္က ေျမပိုင္ရွင္ပါဆိုသူက ျပန္ဝင္လာတယ္။ သူတို႔ပိုင္ေျမပါဆိုၿပီး တစ္ဆင့္ေရာင္းခ်တာေတြ လုပ္လာတယ္”ဟု အဆိုပါေျမကြက္သစ္တြင္ ဝယ္ယူထားသူတစ္ဦးျဖစ္သည့္ ဦးေဌးဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ အဆိုပါၿမိဳ႕ကြက္သစ္တြင္ ေျမေပးမိန္႔ျဖင့္ ရရိွထားသူမ်ားႏွင့္ မူလပိုင္ရွင္ဆိုသူထံမွ အရပ္စာခ်ဳပ္မ်ားျဖင့္ ဝယ္ယူထားသူမ်ား ရိွေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“စီမံကိန္းကြက္သစ္ လုပ္လုိက္ၿပီဆိုရင္ အေကာင္အထည္ေဖာ္မယ့္သူကို လန(၃၉)ခ်ထားၿပီး ေဖာ္ေဆာင္ခိုင္းတယ္။ သူတို႔က လမ္းေတြ၊ ေျမကြက္ေတြ ေဖာ္ေဆာင္ၿပီးရင္ ေျမစာရင္းက ေျမကြက္ အမွတ္ေတြ အတုိင္းအတာေတြကို စာရင္းထူေထာင္ရတယ္။ ဒီလို စာရင္းထူေထာင္ၿပီးၿပီဆိုမွ ဝယ္တဲ့သူက ေျမစာရင္းက ေျမပံုေျမစာရင္းကို ၾကည့္ၿပီး စာရြက္စာတမ္းမွတ္ပံုတင္ၿပီး ဝယ္ယူရတယ္။ ဒါဆို တရားဝင္တယ္ေပါ့။ အခုဟာက ေျမကြက္က ဘယ္နားလဲေတာင္ မသိေသးဘူး။ စီမံကိန္းမၿပီးေသးဘူး ေျမေပးမိန္႔နဲ႔ ဒီအတုိင္းေရာင္းဝယ္ၾကတာေပါ့။ ဒီလိုလုပ္တာေတြက ေရာင္းသူေတြက ထပ္ခါထပ္ခါ ေရာင္းထားတာမ်ိဳးေတြ ရိွတတ္တယ္။ စီမံကိန္းၿပီးလို႔ အမွန္တကယ္ ေျမကြက္ထြက္လာခ်ိန္မွာ ဝယ္ယူထားသူက တစ္ေနရာထဲမွာ ႏွစ္ဦး၊ သံုးဦးျဖစ္ေနတတ္တာမ်ိဳးေတြ ႀကံဳရတတ္တယ္။ အရပ္ စာခ်ဳပ္ဆိုတာ မခုိင္မာေတာ့ အရႈပ္အရွင္းေတြရိွႏုိင္တယ္။ ဝယ္တဲ့သူေတြ နစ္နာတာေတြ ႀကံဳရတတ္တာေပါ့”ဟု ျမန္မာႏုိင္ငံ အိမ္ၿခံေျမအသင္း (တာခ်ီလိတ္ၿမိဳ႕)၏ ဥကၠဌ ဦးဝင္းေက်ာ္က ေျပာသည္။

အဆိုပါ ေျမယာကြက္သစ္တြင္ ၀င္ေရာက္ေနထိုင္သူမ်ား ဖယ္ရွားေပးရန္ တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအ၀င္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းႏု၊ ၿမိဳ႕နယ္လ၀ကမွ ဦးစီးအရာရွိ ဦးစိုင္းဆိုင္တစ္၊ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္နႏၵ၊ ၿမဳိ႕နယ္စုိက္ပ်ဳိးေရးဦးစီးဌာနမွ ၿမဳိ႕နယ္ဦးစီးမွဴး ဦးစုိင္းခင္ေဇာ္လတ္ အပါအ၀င္ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းေက်ာက္ႏွင့္ အဖြဲ႔၀င္မ်ားက ၂၀၁၇ ခုႏွစ္ ဇြန္လ(၁၈)ရက္ေန႔တြင္ အဆုိပါေနရာ၌ က်ဴးေက်ာ္ေနထုိင္ျခင္း မလုပ္ေဆာင္ရန္ တားျမစ္ ဆုိင္းဘုတ္မ်ား စိုက္ထူခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

“လက္ရိွ က်ဴးေက်ာ္ေနတာေတြက ၿမိဳ႕ကြက္သစ္ရဲ႕ ေထာင့္ဖက္အစြန္အဖ်ားမွာေပါ့။ ဒီစီမံကိန္း အေကာင္အထည္ မေဖာ္ခင္တုန္းကေတာ့ ဒီေနရာက ေတာင္ေတြေပါ့။ အဲဒီမွာ ႏုိင္ငံေတာ္ကေန ႏွစ္ရွည္သီးႏွံစိုက္ပ်ိဳးခြင့္ ရထားတဲ့သူ ရိွတယ္လို႔ သိရတယ္။ ေျမယာဥပေဒအရ စီမံကိန္းကို သံုးႏွစ္ေက်ာ္တဲ့အထိ အေကာင္အထည္မေဖာ္ရင္ ႏိုင္ငံေတာ္ကို ျပန္အပ္ရတယ္ေပါ့။ ဒီေတာ့ ျပန္အပ္ၿပီးသားျဖစ္တယ္လို႔လည္း သိရတယ္။ ဒီေတာ့ ဒီေနရာကို ေျမကြက္သစ္ေဖာ္မယ္ဆိုၿပီး ဆံုးျဖတ္တာေပါ့။ ဝယ္တဲ့သူေတြကလည္း ဝယ္ထားၿပီးၿပီ။ ဒါေပမဲ့ ကုမၸဏီက ဆက္မလုပ္တဲ့အျပင္ မူလပိုင္ရွင္ဆိုသူ ေပၚလာၿပီး သူကလည္း သူ႔ဟာဆိုၿပီး ျပန္ဝင္လာတယ္။ ဒီကိစၥကို ရွင္းလုိက္ေတာ့လည္း ဒါက ႏုိင္ငံေတာ္ကို ျပန္အပ္ၿပီးသားျဖစ္တယ္ဆိုတာ ေပၚလာတယ္လို႔ သိရတယ္။ အခု က်ဴးေက်ာ္ဆိုၿပီး ျဖစ္ေနတဲ့ ေနအိမ္ (၅၀)ေက်ာ္က အဲဒီေျမပိုင္ရွင္ဆိုသူက သူပိုင္တဲ့ေျမပါဆိုၿပီး ေရာင္းစားထားတာေတြ။ တစ္ကြက္ကို ဘတ္ႏွစ္သိန္း၊ သံုးသိန္း၊ ငါးသိန္းနဲ႔ ေရာင္းထားတာ။ ဝယ္တဲ့သူေတြကလည္း နားမလည္ေတာ့ ေစ်းလည္းသက္သာတယ္ဆိုၿပီး အရပ္စာခ်ဳပ္နဲ႕ ဝယ္ၾကတယ္။ အိမ္လည္း ေဆာက္လို႔ရတယ္ ဆိုေတာ့ သူတို႔လည္း နားမလည္ေတာ့ ဝယ္ၿပီး အိမ္ေဆာက္ေနၾကတယ္ေပါ့”ဟု ဦးေဌးဝင္းက ဆိုသည္။

အဆိုပါ ေျမယာကိစၥႏွင့္ ပတ္သက္၍ ေျမလြတ္ေျမရိုင္း လုပ္ကိုင္သည့္ ျပန္လည္ရုပ္သိမ္းေသာ တရား၀င္ အမိန္႔စာမွာ တာခ်ီလိတ္ရွိ သက္ဆိုင္ရာဌာနမ်ားသို႔ ေရာက္ရွိလာျခင္းမရွိေသးေသာ္လည္း ရွမ္းျပည္နယ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖဳိးေရးေကာင္စီ အေရွ႕ပိုင္း(က်ဳိင္းတံု)မွ ၂၀၁၀ခုႏွစ္ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ အဆိုပါေနရာအား ၿမိဳ႕ကြက္သစ္ အေကာင္အထည္ေဖာ္ရန္အတြက္ ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဒီေျမယာရဲ႕ ေျမရာဇ၀င္ကို ကြ်န္ေတာ့္အေနနဲ႔ ရွင္းျပရမယ္ဆိုရင္ေတာ့ (၉၃.၁၉)ဧကဟာ ယခင္က ေျမလြတ္ေျမရိုင္းေျမျဖစ္ၿပီးေတာ့မွ ေဒၚနန္းခမ္းတစ္က သရက္ပင္ေတြ စိုက္ပ်ဳိးမယ္ဆိုၿပီးေတာ့ ေျမလြတ္ ေျမရိုင္း ေကာ္မတီကို ေလွ်ာက္ထားခ်က္အရ ဗဟို ေျမလြတ္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး အဖြဲ႔ကေနၿပီး ေျမလြတ္ေျမရိုင္း ေဖာ္ထုတ္လုပ္ကိုင္ခြင့္ ႏွစ္(၃၀)ခြင့္ျပဳေပးခဲ့တ့ဲ ေျမယာေတြ ျဖစ္ခဲ့ပါတယ္။ တစ္ခ်ိန္တုန္းက ေပါ့ေနာ္။ ကြ်န္ေတာ္တို႔ စစ္ေဆးေတြ႕ရွိခ်က္အရေတာ့ ေဒၚနန္းခမ္းတစ္က သရက္ပင္ေတြ စိုက္ပ်ဳိးခဲ့တယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ စြန္႔ပစ္ခဲ့တယ္။ အဲဒီမွာ ဦးစိန္ေမာင္နဲ႔ ဦးေဇာ္ေဇာ္ထြန္းတို႔ကေနၿပီး ေတာင္ယာစပါးေတြနဲ႔ သီးႏွံစိုက္ပ်ဳိးခဲ့တယ္။ ၿပီးေတာ့မွ အဲဒီႏွစ္ေယာက္ကေနၿပီးေတာ့ အမည္ေပါက္ လုပ္ကိုင္ခြင့္ရရွိဖို႔အတြက္ ေလွ်ာက္ထားခဲ့တယ္။ ေဒၚနန္းခမ္းတစ္ ေျမယာကို ျပန္လည္လုပ္ကို္င္ခြင့္ ရုပ္သိမ္းေပးဖို႔ဆိုၿပီးေတာ့ ခရိုင္ေျမစာရင္းဦးစီးဌာနကေနၿပီး ျပည္နယ္ေျမစာရင္း ဦးစီးဌာနကို အမႈတြဲတင္ျပထားတာကို ေတြ႕ရွိရတယ္။ အခုခ်ိန္ထိေတာ့ ေျမလြတ္ ေျမရိုင္း ျပန္လည္ရုပ္သိမ္းတဲ့ တရား၀င္အမိန္႔စာေတာ့ ကြ်န္ေတာ္တို႔ဆီကို ျပန္လည္ၿပီး က်လာတာ မရွိေသးဘူး။ ဒါေပမဲ့ လုပ္ကိုင္ခြင့္ ရုပ္သိမ္းေပးဖို႔ကိုေတာ့ ျပည္နယ္ကို တင္ျပထားတာကို ေတြ႕ရွိရပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က အဆိုပါ ေျမယာႏွင့္ ပတ္သက္၍ ၂၀၁၇ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔က ေျမရာဇဝင္အား ရွင္းလင္းေျပာၾကားခဲ့သည္။

အဆိုပါ ေျမယာကြက္သစ္အား တာဝန္ယူထားသည့္ ကုမၸဏီမ်ားအေနျဖင့္ လုပ္ငန္း ဆက္လက္ေဆာင္ရြက္ရန္ တြန္းအားေပးသြားမည္ျဖစ္ၿပီး မူလေျမေပးမိန္႔အတိုင္း အိမ္ၿခံေျမကြက္မ်ား ရိုက္ေပးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္နႏၵက ဇြန္လ (၁၈)ရက္ေန႔က တားျမစ္ဆိုင္းဘုတ္မ်ား စိုက္ထူစဥ္က ေျပာၾကားထားသည္။

သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် အပြီးမသတ်သေးသည့် မြို့ကွက်သစ် စီမံကိန်း အပိုင်း(ဈ)မြေယာကွက်သစ်တွင် နေထိုင်သူများအနဖြေင့် စက်တင်ဘာလ (၁၄)ရက်နေ့မှ စ၍ တစ်လပြည့်သည့်နေ့တွင် နောက်ဆုံးထားဖယ်ရှားရန် လက်ထောက်ကော်လိတ္တော်အရာရှိ လက်မှတ် ရေးထိုး၍ နို့တစ်စာထုတ်ပြန်လိုက်သည်။

“ကျွန်တော်တို့ ဌာနပေါင်းစုံက တာဝန်ရှိသူတွေနဲ့အတူ အခုပဲနို့တစ်စာ ကပ်ခဲ့ပါတယ်။ အိမ်တွေကလည်း တဲတွေရော၊ အခိုင်အမာ ဆောက်လုပ်ထားတာတွေရော၊ ခြံဝန်းတွေကလည်း သွပ်ဆူးကြိုးကာ ထားတာတွေရော၊ ကျောက်တံတိုင်း ကာထားတာတွေရောပဲ။ စုစုပေါင်း (၅၉)အိမ်ကို ဒီဆင့်စာတွေ ပေးလည်းပေးတယ်။ လက်မှတ်လည်းထိုးခိုင်းတယ်။ တချို့လည်း လက်မှတ်ထိုးပေးတယ်။ တချို့လည်း လက်မခံဘူး။ လက်မှတ်လည်း မထိုးပေးဘူး။ လူမနေတဲ့ ခြံတွေမှာရော အိမ်တွေရော အကုန်လုံးမှာ ဒီနို့တစ်စာတွေ ကပ်ထားခဲ့ပါတယ်”ဟု တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြေယာကွက်သစ်စီမံကိန်းမှာ ရှမ်းပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ (၃၉)အရ ဧရိယာ ဧက (၄၀)အား တိုးချဲ့မြို့ကွက်သစ် မြေအဖြစ် အကောင်အထည်ဖော်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း တာဝန်ယူဖော်ဆောင်သည့် ကုမ္ပဏီများက ၂၀၁၇ ခုနှစ်အထိ ပြီးပြတ်အောင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိသေးဘဲ ဖြစ်နေချိန်တွင် မူလမြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူနေထိုင်သူများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရက မြေကွက်သစ်ဖော်တော့ ဌာနဆိုင်ရာတွေကို မြေပေးမိန့်နဲ့ ချပေးတဲ့အကွက်တွေပေါ့။ အဲဒီမြေပေးမိန့်ရှိတော့ ဌာနဆိုင်ရာအရာရှိတွေ၊ တပ်ကအရာရှိတွေဆီကနေ ပြန်ဝယ်ထားတာပေါ့။ အဲဒီမှာ ဒီမြေကွက်သစ်ကို စပြီးအကောင်အထည်ဖော်တဲ့ ကုမ္ပဏီက ဆုံးခန်းတိုင်အောင် ဆက်မလုပ်တော့ ဒီပြဿနာတွေ ဖြစ်ကုန်တာပေါ့။ စလုပ်တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ဒီကုမ္ပဏီက အလုပ်လုပ်တယ်။ နောက်ပိုင်း ရပ်သွားတယ်။ ဒီတော့ အရင်က မြေပိုင်ရှင်ပါဆိုသူက ပြန်ဝင်လာတယ်။ သူတို့ပိုင်မြေပါဆိုပြီး တစ်ဆင့်ရောင်းချတာတွေ လုပ်လာတယ်”ဟု အဆိုပါမြေကွက်သစ်တွင် ဝယ်ယူထားသူတစ်ဦးဖြစ်သည့် ဦးဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အဆိုပါမြို့ကွက်သစ်တွင် မြေပေးမိန့်ဖြင့် ရရှိထားသူများနှင့် မူလပိုင်ရှင်ဆိုသူထံမှ အရပ်စာချုပ်များဖြင့် ဝယ်ယူထားသူများ ရှိနကြခြေင်းဖြစ်ကြောင်း သိရသည်။

“စီမံကိန်းကွက်သစ် လုပ်လိုက်ပြီဆိုရင် အကောင်အထည်ဖော်မယ့်သူကို လန(၃၉)ချထားပြီး ဖော်ဆောင်ခိုင်းတယ်။ သူတို့က လမ်းတွေ၊ မြေကွက်တွေ ဖော်ဆောင်ပြီးရင် မြေစာရင်းက မြေကွက် အမှတ်တွေ အတိုင်းအတာတွေကို စာရင်းထူထောင်ရတယ်။ ဒီလို စာရင်းထူထောင်ပြီးပြီဆိုမှ ဝယ်တဲ့သူက မြေစာရင်းက မြေပုံမြေစာရင်းကို ကြည့်ပြီး စာရွက်စာတမ်းမှတ်ပုံတင်ပြီး ဝယ်ယူရတယ်။ ဒါဆို တရားဝင်တယ်ပေါ့။ အခုဟာက မြေကွက်က ဘယ်နားလဲတောင် မသိသေးဘူး။ စီမံကိန်းမပြီးသေးဘူး မြေပေးမိန့်နဲ့ ဒီအတိုင်းရောင်းဝယ်ကြတာပေါ့။ ဒီလိုလုပ်တာတွေက ရောင်းသူတွေက ထပ်ခါထပ်ခါ ရောင်းထားတာမျိုးတွေ ရှိတတ်တယ်။ စီမံကိန်းပြီးလို့ အမှန်တကယ် မြေကွက်ထွက်လာချိန်မှာ ဝယ်ယူထားသူက တစ်နေရာထဲမှာ နှစ်ဦး၊ သုံးဦးဖြစ်နေတတ်တာမျိုးတွေ ကြုံရတတ်တယ်။ အရပ် စာချုပ်ဆိုတာ မခိုင်မာတော့ အရှုပ်အရှင်းတွေရှိနိုင်တယ်။ ဝယ်တဲ့သူတွေ နစ်နာတာတွေ ကြုံရတတ်တာပေါ့”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (တာချီလိတ်မြို့)၏ ဥက္ကဌ ဦးဝင်းကျော်က ပြောသည်။

အဆိုပါ မြေယာကွက်သစ်တွင် ဝင်ရောက်နေထိုင်သူများ ဖယ်ရှားပေးရန် တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ မြို့နယ်လဝကမှ ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နန္ဒ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် အပါအဝင် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့် အဖွဲ့ဝင်များက ၂၀၁၇ ခုနှစ် ဇွန်လ(၁၈)ရက်နေ့တွင် အဆိုပါနေရာ၌ ကျူးကျော်နေထိုင်ခြင်း မလုပ်ဆောင်ရန် တားမြစ် ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“လက်ရှိ ကျူးကျော်နေတာတွေက မြို့ကွက်သစ်ရဲ့ ထောင့်ဖက်အစွန်အဖျားမှာပေါ့။ ဒီစီမံကိန်း အကောင်အထည် မဖော်ခင်တုန်းကတော့ ဒီနေရာက တောင်တွေပေါ့။ အဲဒီမှာ နိုင်ငံတော်ကနေ နှစ်ရှည်သီးနှံစိုက်ပျိုးခွင့် ရထားတဲ့သူ ရှိတယ်လို့ သိရတယ်။ မြေယာဥပဒေအရ စီမံကိန်းကို သုံးနှစ်ကျော်တဲ့အထိ အကောင်အထည်မဖော်ရင် နိုင်ငံတော်ကို ပြန်အပ်ရတယ်ပေါ့။ ဒီတော့ ပြန်အပ်ပြီးသားဖြစ်တယ်လို့လည်း သိရတယ်။ ဒီတော့ ဒီနေရာကို မြေကွက်သစ်ဖော်မယ်ဆိုပြီး ဆုံးဖြတ်တာပေါ့။ ဝယ်တဲ့သူတွေကလည်း ဝယ်ထားပြီးပြီ။ ဒါပေမဲ့ ကုမ္ပဏီက ဆက်မလုပ်တဲ့အပြင် မူလပိုင်ရှင်ဆိုသူ ပေါ်လာပြီး သူကလည်း သူ့ဟာဆိုပြီး ပြန်ဝင်လာတယ်။ ဒီကိစ္စကို ရှင်းလိုက်တော့လည်း ဒါက နိုင်ငံတော်ကို ပြန်အပ်ပြီးသားဖြစ်တယ်ဆိုတာ ပေါ်လာတယ်လို့ သိရတယ်။ အခု ကျူးကျော်ဆိုပြီး ဖြစ်နေတဲ့ နေအိမ် (၅၀)ကျော်က အဲဒီမြေပိုင်ရှင်ဆိုသူက သူပိုင်တဲ့မြေပါဆိုပြီး ရောင်းစားထားတာတွေ။ တစ်ကွက်ကို ဘတ်နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်းနဲ့ ရောင်းထားတာ။ ဝယ်တဲ့သူတွေကလည်း နားမလည်တော့ ဈေးလည်းသက်သာတယ်ဆိုပြီး အရပ်စာချုပ်နဲ့ ဝယ်ကြတယ်။ အိမ်လည်း ဆောက်လို့ရတယ် ဆိုတော့ သူတို့လည်း နားမလည်တော့ ဝယ်ပြီး အိမ်ဆောက်နကြေတယ်ပေါ့”ဟု ဦးဌေးဝင်းက ဆိုသည်။

အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ မြေလွတ်မြေရိုင်း လုပ်ကိုင်သည့် ပြန်လည်ရုပ်သိမ်းသော တရားဝင် အမိန့်စာမှာ တာချီလိတ်ရှိ သက်ဆိုင်ရာဌာနများသို့ ရောက်ရှိလာခြင်းမရှိသေးသော်လည်း ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် အဆိုပါနေရာအား မြို့ကွက်သစ် အကောင်အထည်ဖော်ရန်အတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီမြေယာရဲ့ မြေရာဇဝင်ကို ကျွန်တော့်အနေနဲ့ ရှင်းပြရမယ်ဆိုရင်တော့ (၉၃.၁၉)ဧကဟာ ယခင်က မြေလွတ်မြေရိုင်းမြဖြေစ်ပြီးတော့မှ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးမယ်ဆိုပြီးတော့ မြေလွတ် မြေရိုင်း ကော်မတီကို လျှောက်ထားချက်အရ ဗဟို မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး အဖွဲ့ကနပြေီး မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုပေးခဲ့တဲ့ မြေယာတွေ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တုန်းက ပေါ့နော်။ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်အရတော့ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စွန့်ပစ်ခဲ့တယ်။ အဲဒီမှာ ဦးစိန်မောင်နဲ့ ဦးဇော်ဇော်ထွန်းတို့ကနပြေီး တောင်ယာစပါးတွေနဲ့ သီးနှံစိုက်ပျိုးခဲ့တယ်။ ပြီးတော့မှ အဲဒီနှစ်ယောက်ကနပြေီးတော့ အမည်ပေါက် လုပ်ကိုင်ခွင့်ရရှိဖို့အတွက် လျှောက်ထားခဲ့တယ်။ ဒေါ်နန်းခမ်းတစ် မြေယာကို ပြန်လည်လုပ်ကို်င်ခွင့် ရုပ်သိမ်းပေးဖို့ဆိုပြီးတော့ ခရိုင်မြေစာရင်းဦးစီးဌာနကနပြေီး ပြည်နယ်မြေစာရင်း ဦးစီးဌာနကို အမှုတွဲတင်ပြထားတာကို တွေ့ရှိရတယ်။ အခုချိန်ထိတော့ မြေလွတ် မြေရိုင်း ပြန်လည်ရုပ်သိမ်းတဲ့ တရားဝင်အမိန့်စာတော့ ကျွန်တော်တို့ဆီကို ပြန်လည်ပြီး ကျလာတာ မရှိသေးဘူး။ ဒါပေမဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းပေးဖို့ကိုတော့ ပြည်နယ်ကို တင်ပြထားတာကို တွေ့ရှိရပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဆိုပါ မြေယာနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် ဇွန်လ (၁၄)ရက်နေ့က မြေရာဇဝင်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြေယာကွက်သစ်အား တာဝန်ယူထားသည့် ကုမ္ပဏီများအနဖြေင့် လုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် တွန်းအားပေးသွားမည်ဖြစ်ပြီး မူလမြေပေးမိန့်အတိုင်း အိမ်ခြံမြေကွက်များ ရိုက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နန္ဒက ဇွန်လ (၁၈)ရက်နေ့က တားမြစ်ဆိုင်းဘုတ်များ စိုက်ထူစဉ်က ပြောကြားထားသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~