တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးအဖြစ် တာလေတပ်နယ်မှ အရာရှိစစ်သည်များအား ဟောပြော

တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးအဖြစ် တာလေတပ်နယ်မှ အရာရှိစစ်သည်များအား ဟောပြော
စကျတငျဘာ 15, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ ခြေမြန်တပ်ရင်း အမှတ်(၃၁၆)၏ ခန်းမတွင် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက လုပ်ဆောင်ကြောင်း သိရသည်။

အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်နေထွဏ်းဦး ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ တာလေမြို့ရှိ ခမရ(၃၁၆)ရှိ ခန်းမတွင် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးမှုအဖြစ် ပြုလုပ်ရာတွင် တာလေတပ်နယ်မှူး ဗိုလ်မှူးနန်းလွင် နှင့် တာလေတပ်နယ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် နှင့် စစ်သည်မိသားစုများ စုစုပေါင်း (၃၅၀)ကျော် တက်ရောက်ကြောင်း သိရသည်။


ယင်းအပြင် လက်ရှိတွင် ယာဉ်များ ကျော်တက်ရာ၌ အချက်ပြ စနစ်မှားယွင်းစွာ ပြသအသုံးပြုနေမှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှန်ကုန်စွာ ကျင့်သုံးနိုင်ရေးအတွက် အသိပညာပေး ဟောပြောကြောင်း နှင့် စည်းကမ်းပျက်မောင်းနှင်သော မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအား မော်တော်ယာဉ် ဥပဒေဖြင့် တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောပြီးနောက် အသိပညာပေး လက်ကမ်းစာစောင် (၃၅၀)ကျော်အား ပေးဝေကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ ခြမြေန်တပ်ရင်း အမှတ်(၃၁၆)၏ ခန်းမတွင် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုကို ၂၀၁၇ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက လုပ်ဆောင်ကြောင်း သိရသည်။

အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့) ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်နေထွဏ်းဦး ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ တာလမြေို့ရှိ ခမရ(၃၁၆)ရှိ ခန်းမတွင် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးမှုအဖြစ် ပြုလုပ်ရာတွင် တာလေတပ်နယ်မှူး ဗိုလ်မှူးနန်းလွင် နှင့် တာလေတပ်နယ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် နှင့် စစ်သည်မိသားစုများ စုစုပေါင်း (၃၅၀)ကျော် တက်ရောက်ကြောင်း သိရသည်။

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်နေထွဏ်းဦးက အသိပညာပေးဟောပြောရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကာ မေးသိုင်းကြိုး တပ်ဆင်ရန်၊ ဆိုင်ကယ်အား နှစ်ဦးထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်း မပြုလုပ်ရန်၊ မော်တော် ဆိုင်ကယ်များအား အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရန် နှင့် မီးပွိုင့်များတွင် အရှိန်လျော့ မောင်းနှင်ပြီး အချက်ပြမီးဖြင့် အချက်ပြမှုအား လိုက်နာမောင်းနှင်ရန်၊ သတ်မှတ်ယာဉ်ကြောအတိုင်း စနစ်တကျ လိုက်နာ မောင်းနှင်ရန်၊ ဆိုင်ကယ်များအား ယှဉ်ပြိုင်လုယက်ကျော်တက် မမောင်းနှင်ရန် အပြင် ဆိုင်ကယ်နောက်ကြည့် မှန်အား တပ်ဆင် အသုံးပြုရန်၊ ဆိုင်ကယ်များအား ကွေ့သည့် ယာဉ်ကြောဘက်မှ ကျော်တက်ခြင်း မပြုရန်၊ ရှေ့မီးကြီးအား ကောင်းမွန်စွာ တပ်ဆင် အသုံးပြုရန်၊ အချက်ပြမီးအား အသုံးပြု မောင်းနှင်ရန်၊ လမ်းဆုံ လမ်းခွများတွင် အရှိန်လျော့မောင်းနှင်ရန်၊ သံစုံဟွန်း နှင့် ပါဝါ အိတ်ဇောများ တပ်ဆင် မောင်းနှင်ခြင်း မပြုလုပ်ရန် စသည့် ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ ဟောပြောခြင်း၊ အသိပညာပေးဇာတ်လမ်းတို့အား ဟောပြောမှု အထောက်အကူပြု ( Projector )ဖြင့် အသိပညာပေးခြင်းများကို ပြုလုပ်ကြောင်း သိရသည်။

ယင်းအပြင် လက်ရှိတွင် ယာဉ်များ ကျော်တက်ရာ၌ အချက်ပြ စနစ်မှားယွင်းစွာ ပြသအသုံးပြုနေမှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှန်ကုန်စွာ ကျင့်သုံးနိုင်ရေးအတွက် အသိပညာပေး ဟောပြောကြောင်း နှင့် စည်းကမ်းပျက်မောင်းနှင်သော မော်တော်ယာဉ်နှင့်ဆိုင်ကယ်များအား မော်တော်ယာဉ် ဥပဒဖြေင့် တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောပြီးနောက် အသိပညာပေး လက်ကမ်းစာစောင် (၃၅၀)ကျော်အား ပေးေဝကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~