တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းသြားလမ္းေပၚတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းသြားလမ္းေပၚတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းမိ
စက်တင်ဘာ 30, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရီဂ်ီးနားေဂါက္ကြင္းသြားလမ္းေပၚတြင္ နယ္ထိန္းရဲတပ္ဖြဲ႔မွ လွည့္ကင္းေဆာင္ရြက္စဥ္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ရဲအုပ္ ကိုကိုဦး ပါ၀င္ေသာ အဖြဲ႔သည္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၉)ရက္ေန႔  ည(၁၁း၅၀)နာရီ ၀န္းက်င္အခ်ိန္က နယ္ေျမလွည့္ကင္းေဆာင္ရြက္စဥ္ ရီဂ်ီးနားေဂါက္ဘက္သို႔ အိုက္နစ္ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆး ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

လွည့္ကင္းအဖြဲ႔မွ ဆိုင္ကယ္ေမာင္းလာသည့္ အသက္(၁၉)ႏွစ္အရြယ္ အိုက္နစ္ထံ ရွာေဖြရာ ၎၀တ္ဆင္ထားေသာ ေဘာင္းဘီတို အတြင္းမွ Wy စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား (၁၃၅)ျပားအား ေတြ႕ရွိသိမ္းဆည္းရမိ၍ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္  မယ(ပ)၅၄/၂၀၁၇၊ မူး/စိတ္ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရီဂျီးနားဂေါက်ကွင်းသွားလမ်းပေါ်တွင် နယ်ထိန်းရဲတပ်ဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဉ် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ် ကိုကိုဦး ပါဝင်သော အဖွဲ့သည် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ ည(၁၁း၅၀)နာရီ ဝန်းကျင်အချိန်က နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ရီဂျီးနားဂေါက်ဘက်သို့ အိုက်နစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

လှည့်ကင်းအဖွဲ့မှ ဆိုင်ကယ်မောင်းလာသည့် အသက်(၁၉)နှစ်အရွယ် အိုက်နစ်ထံ ရှာဖွေရာ၎င်းဝတ်ဆင်ထားသော ဘောင်းဘီတို အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၁၃၅)ပြားအား တွေ့ရှိသိမ်းဆည်းရမိ၍၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၄/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~