တာခ်ီလိတ္တြင္ စက္တင္ဘာလ(၂၃)ရက္ေန႔၌ တစ္ေနကုန္ လွ်ပ္စစ္မီး ျဖတ္ေတာက္မည္

တာခ်ီလိတ္တြင္ စက္တင္ဘာလ(၂၃)ရက္ေန႔၌ တစ္ေနကုန္ လွ်ပ္စစ္မီး ျဖတ္ေတာက္မည္
စက်တင်ဘာ 22, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ရွိ PEA ( Provincial Electricity Authority )လွ်ပ္စစ္ဌာနခြဲမွ လွ်ပ္စစ္မီးႏွင့္ ပတ္သက္၍ ျပဳျပင္ထိန္းသိမ္းမႈ ႏွင့္အတူ စက္ပစၥည္း လဲလွယ္မႈလုပ္ငန္း ေဆာင္ရြက္ရန္ရွိသည့္ အတြက္ စက္တင္ဘာလ (၂၃)ရက္ေန႔တြင္ တာခ်ီလိတ္ဘက္သို႔ လွ်ပ္စစ္မီး တစ္ေန႔တာ ျဖတ္ေတာက္ ထားမည္ျဖစ္ေၾကာင္း PEA ၏ အသိေပးအေၾကာင္းၾကားလာခ်က္အရ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးမွ သိရသည္။

လွ်ပ္စစ္မီး ျဖတ္ေတာက္မႈ သတ္မွတ္ခ်က္အား ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂၃)ရက္ေန႔ နံနက္(၇)နာရီမွ ညေန(၃း၃၀)နာရီ အခ်ိန္အထိ သတ္မွတ္ထားရွိၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုမွ ၿမိဳ႕တြင္း ရပ္ကြက္မ်ား အပါအ၀င္ ၿမိဳ႕ျပင္ မိုင္းကိုးေက်းရြာအုပ္စုႏွင့္ မိုင္းဖုန္းေက်းရြာအုပ္စုအထိ တာခ်ီလိတ္တစ္ၿမိဳ႕လံုး တစ္ေနကုန္ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီး ျဖတ္ေတာက္ရျခင္းႏွင့္ ပတ္သက္၍ ထိုင္းႏိုင္ငံ မယ္က်န္႔ရံုးခြဲတြင္ ၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၁၄)ရက္ေန႔က ျပဳျပင္ထားရွိေသာ UG TERMINAL 115KV အား အသစ္ျပန္လည္ လွဲလွယ္မည္ျဖစ္သည့္ အတြက္ လုပ္ငန္းေဆာင္ရြက္ေနစဥ္ အခ်ိန္အတြင္း လွ်ပ္စစ္အႏၱရာယ္ကင္းရွင္းေစရန္အတြက္ လွ်ပ္စစ္မီးအား ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ PEA ( Provincial Electricity Authority )လျှပ်စစ်ဌာနခွဲမှ လျှပ်စစ်မီးနှင့် ပတ်သက်၍ ပြုပြင်ထိန်းသိမ်းမှု နှင့်အတူ စက်ပစ္စည်း လဲလှယ်မှုလုပ်ငန်း ဆောင်ရွက်ရန်ရှိသည့် အတွက် စက်တင်ဘာလ (၂၃)ရက်နေ့တွင် တာချီလိတ်ဘက်သို့ လျှပ်စစ်မီး တစ်နေ့တာ ဖြတ်တောက် ထားမည်ဖြစ်ကြောင်း PEA၏ အသိပေးအကြောင်းကြားလာချက်အရ တာချီလိတ်မြို့ မီးလင်းရေးရုံးမှ သိရသည်။

လျှပ်စစ်မီး ဖြတ်တောက်မှု သတ်မှတ်ချက်အား ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်(၇)နာရီမှ ညနေ(၃း၃၀)နာရီ အချိန်အထိ သတ်မှတ်ထားရှိပြီး တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုမှ မြို့တွင်း ရပ်ကွက်များ အပါအဝင် မြို့ပြင် မိုင်းကိုးကျေးရွာအုပ်စုနှင့် မိုင်းဖုန်းကျေးရွာအုပ်စုအထိ တာချီလိတ်တစ်မြို့လုံး တစ်နေကုန်ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီး ဖြတ်တောက်ရခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မယ်ကျန့်ရုံးခွဲတွင် ၂၀၁၇ခုနှစ် သြဂုတ်လ(၁၄)ရက်နေ့က ပြုပြင်ထားရှိသော UG TERMINAL 115KV အား အသစ်ပြန်လည် လှဲလှယ်မည်ဖြစ်သည့် အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်မီးအား ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~