တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုတြင္ သိမ္းဆည္းခံေျမယာ (၂၅) ဧကကိစၥအား (၇) ႏွစ္အတြင္း တတိယအႀကိမ္ စစ္ေဆးေန

တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုတြင္ သိမ္းဆည္းခံေျမယာ (၂၅) ဧကကိစၥအား (၇) ႏွစ္အတြင္း တတိယအႀကိမ္ စစ္ေဆးေန
စက်တင်ဘာ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္ေက်းရြာအုပ္စု လြယ္စတံုေက်းရြာမွ ဦးကိုဦး၏ ေျမယာ(၂၅)ဧက အား သိမ္းဆည္းခံရမႈႏွင့္ပတ္သက္၍ (၇)ႏွစ္အတြင္း တတိယအႀကိမ္ စစ္ေဆးမႈအျဖစ္ ၾသဂုတ္လကုန္မွစ၍ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“အခုကၽြန္ေတာ္တုိ႔ ရပ္ကြက္စီ/ခန္႔(ရပ္ကြက္ေက်းရြာစီမံခန္႔ခြဲေရး)အဖြဲ႕က ၿမိဳ႕နယ္စီ/ခန္႔ (ၿမိဳ႕နယ္ စီမံခန္႔ခြဲေရး ေကာ္မတီ)ကို သံုးသပ္ခ်က္တင္ဖို႔ လုပ္ေနပါတယ္။ ကၽြန္ေတာ္တုိ႔ ရပ္/ေက်းနဲ႔ ေကာ္မတီဝင္ အဖြဲ႕ေတြ ကြင္းဆင္းစစ္ေဆးတာ၊ ဦးကိုဦးဆီက အေထာက္အထားစိစစ္တာေတြ လုပ္ၿပီးပါၿပီ။ အခု ဆန္ဆုိင္း(က)ဘက္က သံုးသပ္ခ်က္ကို ေစာင့္ေနပါတယ္။ အကုန္စံုတာနဲ႔ တင္မွာပါခင္ဗ်”ဟု ဝိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းစိုင္း ဦးေဆာင္၍ ဆန္ဆိုင္း(က)ရပ္ကြက္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္ စိစစ္ေရးေကာ္မတီ အဖြဲ႕ဝင္(၅)ဦး၊ တာခ်ီလိတ္ၿမိဳ႕ လႊတ္ေတာ္ကိုုယ္စားလွယ္ရံုးတာဝန္ခံ ဦးစိုင္းခမ္းလွ်ံတို႔ ပါဝင္သည့္အဖြဲ႕သည္ ၾသဂုတ္လ (၂၉)ရက္ေန႔က သိမ္းဆည္းခံေျမယာ(၂၅)ဧကအား ကြင္းဆင္းစစ္ေဆးခဲ့ကာ ၾသဂုတ္လ (၃၀)ရက္ေန႔တြင္ အဆိုပါ အဖြဲ႕သည္ ဆန္ဆိုင္း(က)ရပ္ကြက္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္ စိစစ္ေရးေကာ္မတီ ဥကၠဌႏွင့္အဖြဲ႕ဝင္မ်ားႏွင့္ အတူ ဝိန္းေက်ာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေျမယာ သိမ္းဆည္းခံ ဦးကိုဦးအား စစ္ေဆးေမးျမန္းၿပီး ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ ဦးကိုဦးက ေျမယာႏွင့္ ပတ္သက္သည့္ အေထာက္အထားမ်ားအား စိစစ္ေရးေကာ္မတီသို႔ ေပးပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“၂၀၁၁ ခုႏွစ္ကတည္းက ျပန္ေတာင္းထားတာ။ လႊတ္ေတာ္မွာ လယ္ယာေျမစံုစမ္းစစ္ေဆးေရးေကာ္မတီ မဖြဲ႕ခင္ကတည္းက တင္ေနတာ။ ေနာက္ဆံုး လႊတ္ေတာ္ရဲ႕ ေကာ္မတီကေျမကို ျပန္ေပးခုိင္းထားေပမဲ့ မေပးဘဲနဲ႔ အေဆာက္အဦေတြ ထပ္တိုးေဆာက္ေနေတာ့ ထပ္တုိင္တယ္။  ဒီကိစၥကို လယ္ယာေျမ စိစစ္ေရးဗဟိုေကာ္မတီကို တိုင္တဲ့အတြက္ အခုစာျပန္ဝင္လာတာပါ။ ၾကာလည္းၾကာေနၿပီ။ မူလပိုင္ရွင္ ျပန္ေပးရန္ စာထြက္ထားပါလ်က္နဲ႔ မေပးေသးဘဲ အေဆာက္အဦေတြ ထပ္တိုးေဆာက္ေနတာေၾကာင့္ ျပန္လည္ စိစစ္ေပးပါဆိုၿပီး စာဝင္လာတာ။ သမၼတရံုးကထြက္တာက ငါးလပိုင္း(ေမလ) ၁၁ ရက္ေန႔ ကထြက္တယ္။ ရွမ္းျပည္နယ္အစိုးရကေန ခရိုင္ကို ၾသဂုတ္လ (၁၀)ရက္ေန႔မွာ ထြက္တယ္။ ခရိုင္ကို ဘယ္ေန႔ ဝင္လဲေတာ့ မသိဘူး။ ဝိန္းေက်ာက္ရပ္/ေက်းက အုပ္ခ်ဳပ္ေရးမွဴးကို ဖုန္းဆက္ၿပီး ၾသဂုတ္လ (၂၉ ) ရက္ေန႔မွာ စိစစ္မယ္ဆိုၿပီး ဖုန္းဆက္ပါတယ္။ ကြင္းဆင္းစစ္ေဆးတာေရာ၊ ကၽြန္ေတာ့္ဆီက အေထာက္ အထား စိစစ္တာေရာ လုပ္ထားၿပီးပါၿပီ။ ကၽြန္ေတာ့္အေနနဲ႔ ဒီစီမံံကိန္း လုပ္ကိုင္ခြင့္အတြက္ အေထာက္အထားကို တင္ျပထားၿပီး ျဖစ္ပါတယ္”ဟု ေျမယာသိမ္းဆည္းခံ ဦးကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သိမ္းဆည္းခံေျမယာ (၂၅)ဧကမွာ ၁၉၉၉ ခုႏွစ္က တာခ်ီလိတ္ ေဟြရဲဌာေန ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးအုိက္ရီႏွင့္ ထိုစဥ္က အဖြဲ႕ဝင္ျဖစ္သူ ဦးကိုဦးတို႔က ေျမလြတ္ေျမရိုင္းမ်ားႏွင့္ ပလပ္ေျမမ်ားအား ႏွစ္ရွည္သီးႏွံ ရာဘာပင္စီမံကိန္းစိုက္ပ်ိဳးေဆာင္ရြက္ရန္ သက္ဆုိင္ရာသို႔ တင္ျပၿပီး လုပ္ပိုင္ခြင့္ေတာင္းကာ စိုက္ပ်ိဳးခဲ့သည့္ အေထာက္အထားကို ေျမယာသိမ္းဆည္းခံ ဦးကိုဦးက စံုစမ္းေရးေကာ္မရွင္သို႔ တင္ျပထားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ေဟာင္လိတ္ေက်းရြာအုပ္စု လြယ္စတံုေက်းရြာသြားကားလမ္း၏ ဘယ္ဘက္ (၁၀)ဧကႏွင့္ ညာဘက္ (၁၅)ဧက စုစုေပါင္း (၂၅)ဧကအား ဘတ္ေငြ (၂၂)သိန္း စိုက္ထုတ္၍ ရာဘာစိုက္ခင္း ျပဳလုပ္ထားသည္ကို ၂၀၁၁ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးအတြက္ မီးစက္လုပ္ငန္းလုပ္ကိုင္ရန္ဟု ဆိုကာ လမ္းညာဘက္ရိွ ေျမ(၁၅)ဧကအား သိမ္းယူသြားၿပီး ဟုန္ပန္းကုမၸဏီက စိုက္ပ်ိဳးေရးလုပ္ကို္ုင္ရန္ဟု ဆိုကာ (၁၀)ဧက သိမ္းယူသြားသျဖင့္ ေျဖရွင္းေပးရန္ သက္ဆုိင္ရာဌာနႏွင့္အဖြဲ႕အစည္းမ်ားသို႔ ဦးကိုဦးက တင္ျပေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ရာဘာၿခံကို စီမံကိန္းအတြက္ဆိုၿပီး ဘာအေထာက္အထားမွ မရိွဘဲ သိမ္းသြားၿပီး  မီးစက္လည္း ဆက္မလုပ္ပါဘူး။ အခုၿခံထဲမွာ စက္ရံုနဲ႔ ဒီတုိင္းပဲ ပစ္ထားတယ္။ ဟုန္ပန္းကလည္း အေဆာက္အဦ ထပ္တိုးေဆာက္၊ အုတ္စက္လုပ္ထားတယ္”ဟု ေျမယာသိမ္းဆည္းခံ ဦးကိုဦးက လက္ရိွ သိမ္းဆည္းခံ ေျမမ်ား၏ အေျခအေနကို ေျပာသည္။

 ေျမယာသိမ္းဆည္းခံရမႈအား ၂၀၁၃ ခုႏွစ္ ၾသဂုတ္လ (၂၅)ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈ စံုစမ္းေရးေကာ္မရွင္အဖြဲ႕ခြဲ (၇) (ရွမ္း/ကယား)သို႔ တုိင္ၾကားသျဖင့္ ေကာ္မရွင္က ၂၀၁၃ ခုႏွစ္ စက္တင္ဘာလ (၆)ရက္ေန႔မွ (၈)ရက္ေန႔အထိ္ တာခ်ီလိတ္ၿမိဳ႕ တြင္ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီး အစီရင္ခံစာတစ္ေစာင္ ထုတ္ျပန္ကာ ျပည္နယ္အစိုးရ ေျဖရွင္း ေဆာင္ရြက္ေပးရန္ အႀကံျပဳခ်က္မ်ားေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕က စံုစမ္းစစ္ေဆးေတြ႔ရိွခ်က္အရ ဦးကိုဦးထံတြင္ ႏွစ္ရွည္ပင္စီမံကိန္းအတြက္ ခြင့္ျပဳထားသည့္ ေျမယာလုပ္ကိုင္ခြင့္ အေထာက္အထားေတြ႔ေသာ္လည္း ေျမသိမ္းထားသည့္ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရး၏ မီးစက္တည္ေဆာက္ေရးႏွင့္ ဟုန္ပန္းကုမၸဏီ၏ စိုက္ပ်ိဳးေရးအတြက္ ခြင့္ျပဳထားသည့္ အေထာက္ အထားမ်ား မေတြ႔ရေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

သိမ္းဆည္းခံေျမမ်ားတြင္ မီးစက္တည္ေဆာက္ေရးမွာလည္း ဆက္လက္လုပ္ကိုင္ျခင္း မရိွေတာ့သည္ကို ေတြ႔ရသျဖင့္ သိမ္းဆည္းခံေျမမ်ားအား ဦးကိုဦးထံ ျပန္လည္ေပးအပ္ေရးႏွင့္ ဟုန္ပန္းကုမၸဏီ အေနျဖင့္ လည္း ယခင္စိုက္ပ်ိဳးထားသည့္ ႏွစ္ရွည္ပင္မ်ား ပ်က္စီးမႈအတြက္ ထုိက္တန္သည့္ေလ်ာ္ေၾကး ေပးအပ္သင့္ေၾကာင္း အႀကံျပဳတင္ျပခ်က္ကို ၎တို႔၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္ကို ေတြ႔ရသည္။

အဆိုပါေကာ္မရွင္၏ အစီရင္ခံစာသံုးသပ္ခ်က္အား ျပည္နယ္အစိုးရက အေကာင္အထည္ေဖာ္ ေျဖရွင္းေပးျခင္း မရိွသည့္ကိစၥႏွင့္ ပတ္သက္၍ ေကာ္မရွင္အဖြဲ႕တြင္ပါဝင္ခဲ့သူျဖစ္သည့္ ရွမ္းျပည္နယ္ မဲဆႏၵနယ္ အမွတ္(၅)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းဝင္းေမာင္က ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ အမ်ိဳးသားလႊတ္ေတာ္တြင္ ၾကယ္ပြင့္မျပေမးခြန္းအျဖစ္ ေမးျမန္းခဲ့ၿပီးေနာက္ ဒုတိယအႀကိမ္စစ္ေဆးမႈ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စု လွယ်စတုံကျေးရွာမှ ဦးကိုဦး၏ မြေယာ(၂၅)ဧက အား သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ (၇)နှစ်အတွင်း တတိယအကြိမ် စစ်ဆေးမှုအဖြစ် သြဂုတ်လကုန်မှစ၍ လုပ်ဆောင်နေကြောင်း သိရသည်။

“အခုကျွန်တော်တို့ ရပ်ကွက်စီ/ခန့်(ရပ်ကွက်ကျေးရွာစီမံခန့်ခွဲရေး)အဖွဲ့က မြို့နယ်စီ/ခန့် (မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ)ကို သုံးသပ်ချက်တင်ဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့ ရပ်/ကျေးနဲ့ ကော်မတီဝင် အဖွဲ့တွေ ကွင်းဆင်းစစ်ဆေးတာ၊ ဦးကိုဦးဆီက အထောက်အထားစိစစ်တာတွေ လုပ်ပြီးပါပြီ။ အခု ဆန်ဆိုင်း(က)ဘက်က သုံးသပ်ချက်ကို စောင့်နေပါတယ်။ အကုန်စုံတာနဲ့ တင်မှာပါခင်ဗျ”ဟု ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစိုင်း ဦးဆောင်၍ ဆန်ဆိုင်း(က)ရပ်ကွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အဖွဲ့ဝင်(၅)ဦး၊ တာချီလိတ်မြို့ လွှတ်တော်ကိုယ်စားလှယ်ရုံးတာဝန်ခံ ဦးစိုင်းခမ်းလျှံတို့ ပါဝင်သည့်အဖွဲ့သည် သြဂုတ်လ (၂၉)ရက်နေ့က သိမ်းဆည်းခံမြေယာ(၂၅)ဧကအား ကွင်းဆင်းစစ်ဆေးခဲ့ကာ သြဂုတ်လ (၃၀)ရက်နေ့တွင် အဆိုပါ အဖွဲ့သည် ဆန်ဆိုင်း(က)ရပ်ကွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့် အတူ ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြေယာ သိမ်းဆည်းခံ ဦးကိုဦးအား စစ်ဆေးမေးမြန်းပြီး သြဂုတ်လ (၃၁)ရက်နေ့တွင် ဦးကိုဦးက မြေယာနှင့် ပတ်သက်သည့် အထောက်အထားများအား စိစစ်ရေးကော်မတီသို့ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၁ ခုနှစ်ကတည်းက ပြန်တောင်းထားတာ။ လွှတ်တော်မှာ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီ မဖွဲ့ခင်ကတည်းက တင်နေတာ။ နောက်ဆုံး လွှတ်တော်ရဲ့ ကော်မတီကမြေကို ပြန်ပေးခိုင်းထားပေမဲ့ မပေးဘဲနဲ့ အဆောက်အဦတွေ ထပ်တိုးဆောက်နေတော့ ထပ်တိုင်တယ်။ ဒီကိစ္စကို လယ်ယာမြေ စိစစ်ရေးဗဟိုကော်မတီကို တိုင်တဲ့အတွက် အခုစာပြန်ဝင်လာတာပါ။ ကြာလည်းကြာနပြေီ။ မူလပိုင်ရှင် ပြန်ပေးရန် စာထွက်ထားပါလျက်နဲ့ မပေးသေးဘဲ အဆောက်အဦတွေ ထပ်တိုးဆောက်နေတာကြောင့် ပြန်လည် စိစစ်ပေးပါဆိုပြီး စာဝင်လာတာ။ သမ္မတရုံးကထွက်တာက ငါးလပိုင်း(မေလ) ၁၁ ရက်နေ့ ကထွက်တယ်။ ရှမ်းပြည်နယ်အစိုးရကနေ ခရိုင်ကို သြဂုတ်လ (၁၀)ရက်နေ့မှာ ထွက်တယ်။ ခရိုင်ကို ဘယ်နေ့ ဝင်လဲတော့ မသိဘူး။ ဝိန်းကျောက်ရပ်/ကျေးက အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး သြဂုတ်လ (၂၉ ) ရက်နေ့မှာ စိစစ်မယ်ဆိုပြီး ဖုန်းဆက်ပါတယ်။ ကွင်းဆင်းစစ်ဆေးတာရော၊ ကျွန်တော့်ဆီက အထောက် အထား စိစစ်တာရော လုပ်ထားပြီးပါပြီ။ ကျွန်တော့်အနေနဲ့ ဒီစီမံကိန်း လုပ်ကိုင်ခွင့်အတွက် အထောက်အထားကို တင်ပြထားပြီး ဖြစ်ပါတယ်”ဟု မြေယာသိမ်းဆည်းခံ ဦးကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သိမ်းဆည်းခံမြေယာ (၂၅)ဧကမှာ ၁၉၉၉ ခုနှစ်က တာချီလိတ် ဟွေရဲဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ရီနှင့် ထိုစဉ်က အဖွဲ့ဝင်ဖြစ်သူ ဦးကိုဦးတို့က မြေလွတ်မြေရိုင်းများနှင့် ပလပ်မြေများအား နှစ်ရှည်သီးနှံ ရာဘာပင်စီမံကိန်းစိုက်ပျိုးဆောင်ရွက်ရန် သက်ဆိုင်ရာသို့ တင်ပြပြီး လုပ်ပိုင်ခွင့်တောင်းကာ စိုက်ပျိုးခဲ့သည့် အထောက်အထားကို မြေယာသိမ်းဆည်းခံ ဦးကိုဦးက စုံစမ်းရေးကော်မရှင်သို့ တင်ပြထားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု လွယ်စတုံကျေးရွာသွားကားလမ်း၏ ဘယ်ဘက် (၁၀)ဧကနှင့် ညာဘက် (၁၅)ဧက စုစုပေါင်း (၂၅)ဧကအား ဘတ်ငွေ (၂၂)သိန်း စိုက်ထုတ်၍ ရာဘာစိုက်ခင်း ပြုလုပ်ထားသည်ကို ၂၀၁၁ ခုနှစ်တွင် တာချီလိတ်မြို့ မီးလင်းရေးအတွက် မီးစက်လုပ်ငန်းလုပ်ကိုင်ရန်ဟု ဆိုကာ လမ်းညာဘက်ရှိ မြေ(၁၅)ဧကအား သိမ်းယူသွားပြီး ဟုန်ပန်းကုမ္ပဏီက စိုက်ပျိုးရေးလုပ်ကို်င်ရန်ဟု ဆိုကာ (၁၀)ဧက သိမ်းယူသွားသဖြင့် ဖြေရှင်းပေးရန် သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသို့ ဦးကိုဦးက တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ရာဘာခြံကို စီမံကိန်းအတွက်ဆိုပြီး ဘာအထောက်အထားမှ မရှိဘဲ သိမ်းသွားပြီး မီးစက်လည်း ဆက်မလုပ်ပါဘူး။ အခုခြံထဲမှာ စက်ရုံနဲ့ ဒီတိုင်းပဲ ပစ်ထားတယ်။ ဟုန်ပန်းကလည်း အဆောက်အဦ ထပ်တိုးဆောက်၊ အုတ်စက်လုပ်ထားတယ်”ဟု မြေယာသိမ်းဆည်းခံ ဦးကိုဦးက လက်ရှိ သိမ်းဆည်းခံ မြေများ၏ အခြေအနေကို ပြောသည်။

 မြေယာသိမ်းဆည်းခံရမှုအား ၂၀၁၃ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲ (၇) (ရှမ်း/ကယား)သို့ တိုင်ကြားသဖြင့် ကော်မရှင်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ် တာချီလိတ်မြို့ တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ကာ ပြည်နယ်အစိုးရ ဖြေရှင်း ဆောင်ရွက်ပေးရန် အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ဦးကိုဦးထံတွင် နှစ်ရှည်ပင်စီမံကိန်းအတွက် ခွင့်ပြုထားသည့် မြေယာလုပ်ကိုင်ခွင့် အထောက်အထားတွေ့သော်လည်း မြေသိမ်းထားသည့် တာချီလိတ်မြို့ မီးလင်းရေး၏ မီးစက်တည်ဆောက်ရေးနှင့် ဟုန်ပန်းကုမ္ပဏီ၏ စိုက်ပျိုးရေးအတွက် ခွင့်ပြုထားသည့် အထောက် အထားများ မတွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သိမ်းဆည်းခံမြေများတွင် မီးစက်တည်ဆောက်ရေးမှာလည်း ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သည်ကို တွေ့ရသဖြင့် သိမ်းဆည်းခံမြေများအား ဦးကိုဦးထံ ပြန်လည်ပေးအပ်ရေးနှင့် ဟုန်ပန်းကုမ္ပဏီ အနဖြေင့် လည်း ယခင်စိုက်ပျိုးထားသည့် နှစ်ရှည်ပင်များ ပျက်စီးမှုအတွက် ထိုက်တန်သည့်လျော်ကြေး ပေးအပ်သင့်ကြောင်း အကြံပြုတင်ပြချက်ကို၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါကော်မရှင်၏ အစီရင်ခံစာသုံးသပ်ချက်အား ပြည်နယ်အစိုးရက အကောင်အထည်ဖော် ဖြေရှင်းပေးခြင်း မရှိသည့်ကိစ္စနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့တွင်ပါဝင်ခဲ့သူဖြစ်သည့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမောင်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းအဖြစ် မေးမြန်းခဲ့ပြီးနောက် ဒုတိယအကြိမ်စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~