ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ဆီးစစ္ေဆးရာ၌ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မွားယြင္း စြပ္စြဲခံရျခင္းႏွင့္ ေငြေၾကးေတာင္းခံရျခင္းရိွပါက အေထာက္အထား အခ်က္အလက္မ်ားျဖင့္ အခ်ိန္မီ အေၾကာင္းၾကားရန္လို

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ဆီးစစ္ေဆးရာ၌ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မွားယြင္း စြပ္စြဲခံရျခင္းႏွင့္ ေငြေၾကးေတာင္းခံရျခင္းရိွပါက အေထာက္အထား အခ်က္အလက္မ်ားျဖင့္ အခ်ိန္မီ အေၾကာင္းၾကားရန္လို
စက်တင်ဘာ 30, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ႏွင့္ နယ္စပ္ေဒသျဖစ္သည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္  ျမန္မာႏိုင္ငံသားမ်ားအေပၚ မူးယစ္ေဆး သံုးစြဲမႈ ရိွ/မရိွ ဆီးစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနရာ ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ မူးယစ္ေဆး သံုးစြဲျခင္း မရိွဘဲ မွားယြင္း စြပ္စြဲခံရမႈမ်ားႏွင့္ႀကံဳရလွ်င္ တာခ်ီလိတ္မွ သက္ဆုိင္ရာမ်ားထံ အေၾကာင္းၾကားရန္ တုိက္တြန္းထားသည္။

“ဟိုဘက္(ထုိင္းႏုိင္ငံ)မွာ ျမန္မာႏုိင္ငံသားေတြ ဆီးစစ္ခံေနရတယ္လို႔ သတင္းၾကားလာရေတာ့ ဒီလို စစ္ေဆးခံရၿပီး ေငြေၾကးေတာင္းခံရတာရိွလာရင္ အေထာက္အထားနဲ႔ အေၾကာင္းၾကားေပးပါ။ အေထာက္ အထားဆိုတာ ဘယ္ေနရာ၊ ဘယ္အခ်ိန္မွာ ဘယ္ရဲတပ္ဖြဲ႔က ေပါ့ေနာ္။ ဓာတ္ပံုရိုက္လုိ႔ရရင္ ရိုက္ေပါ့။ မရရင္လည္း တည္ေနရာနဲ႔ အသြင္အျပင္ကို ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးကိုျဖစ္ေစ ၊ CNCMC ကိုျဖစ္ေစ ဆက္သြယ္ အေၾကာင္းၾကားေပးရင္ လုိက္လံေျဖရွင္းေပးလုိ႔ရတာေပါ့ေနာ္။ ဒီကိစၥေတြကို TBC မွာ ခဏခဏ ညိႇႏိႈင္းရတယ္။ ဒါေပမဲ့ ေအာက္ေျခရဲတပ္ဖြဲ႔က မလိုက္နာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံဥပေဒအရ မူးယစ္ေဆးႏွင့္ပတ္သက္၍ ဖမ္းဆီးခံရသူကိုသာ မူးယစ္ေဆးသံုးစြဲျခင္း ရိွ/မရိွ ဆီးစစ္ေဆးျခင္း ျပဳလုပ္ခြင့္ရိွေသာ္လည္း ထုိင္းႏုိင္ငံဥပေဒအရ မူးယစ္ေဆးသံုးစြဲမႈ ရိွ/မရိွ ဆီးစစ္ေဆးျခင္းအား သံသယ ရိွသူတုိင္းကို စစ္ေဆးပိုင္ခြင့္ရိွေၾကာင္း သိရသည္။

“ဒါကလည္း သူတို႔ ဥပေဒအရ စစ္ခြင့္႐ွိပါတယ္။ ဘယ္ႏိုင္ငံသားကို မဆို သံသယရိွတယ္ဆိုရင္ ေခၚယူ စစ္ေဆး ပိုင္ခြင့္ ရိွပါတယ္။ စစ္ေဆးမႈ အႀကိမ္ေရ စိပ္လာတာေတာ့ ႏွစ္လ၊ သံုးလရိွၿပီ။ မ်ားေသာအားျဖင့္ ေ႐ွာင္တခင္ဆို ခ်င္းဆဲန္လမ္းခြဲမီးပိြဳင့္အနီး မ်ားပါတယ္။ က်န္တာကေတာ့ ၿမိဳ႕အဝင္၊ အထြက္ တရားဝင္ဂိတ္ေတြမွာ မသကၤာရင္စစ္ပါတယ္”ဟု မယ္ဆုိင္ၿမိဳ႕ေန ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ယင္းကဲ့သို႔ ဆီးစစ္ေဆးျခင္းျပဳလုပ္ရာတြင္ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားအခ်ိဳ႕အား မူးယစ္ေဆး သံုးစြဲထားသည္ဟု မွားယြင္းစြပ္စြဲခံရမႈႏွင့္ တရားမဝင္ ေငြေၾကးေတာင္းခံမႈမ်ား ရိွတတ္သျဖင့္ သြားေရာက္ေျဖရွင္းေပးရေလ့ရိွေၾကာင္း တာခ်ီလိတ္တြင္ အေျခစိုက္သည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC)ထံမွ သိရသည္။

 “ေလာေလာဆယ္ေတာ့ အကူအညီ ေတာင္းခံလာတာေတာ့ မရိွေသးပါဘူး။ ဟိုဖက္က ထုိင္းရဲေတြကို ဆက္သြယ္ေမးျမန္းၾကည့္တဲ့ အခါမွာေတာ့ မူးယစ္ေဆးသံုးစြဲတဲ့ ပံုေပါက္ေနရင္ေတာ့ စစ္ေဆးတယ္လို႔ ေျပာပါတယ္။ ကၽြန္ေတာ္တို႔ အေနနဲ႔ကေတာ့ မစစ္ပါနဲ႔လို႔ တားျမစ္လုိ႔ေတာ့မရဘူး။ ဒါေပမဲ့ ကိုယ့္ႏုိင္ငံသားေတြအေနနဲ႔ မူးယစ္ေဆးဝါးသံုးစြဲထားတယ္ဆိုရင္ေတာ့ ဟိုဖက္ႏုိင္ငံကို မသြားဘဲေနရင္ ေကာင္းတယ္ေပါ့။ ကၽြန္ေတာ္တုိ႔ဆိီကို အသိေပးတယ္ဆိုေပမဲ့ ကိုယ္ကိုယ္တိုင္က မူးယစ္ေဆး သံုးစြဲထားမယ္၊ မူးယစ္ေဆးဝါး သံုးစြဲထားေၾကာင္း ရဲဆီမွာ ဝန္ခံထားတယ္ ဆိုရင္ေတာ့ ဘာမွ ကူညီေပးလုိ႔မရဘူး။ တခ်ိဳ႕က က်န္းမာေရးအရ၊ ဆရာဝန္ညႊန္ၾကားခ်က္အရ သံုးစြဲေနရတဲ့ ေဆးေတြေၾကာင့္ မွားယြင္းၿပီး မူးယစ္ေဆးသံုးစြဲတယ္လို႔ စြပ္စြဲခံရတယ္ဆိုေတာ့ ေကာ္မတီကေန ကူညီေပးလို႔ အဆင္ေျပပါတယ္။ အရင္ကလည္း ဒီလို ကူညီေဆာင္ရြက္ေပးရတာေတြရိွပါတယ္။ မူးယစ္ေဆးသံုးစြဲေနသူေတြကိုေတာ့ ကူညီေပးမွာမဟုတ္ပါဘူး”ဟု CNCMC ၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

ထိုင္းႏိုင္ငံဥပေဒအရ ဆီးစစ္ေဆးျခင္းျပဳလုပ္ရာတြင္ ထုိင္းႏုိင္ငံသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ေရာက္ရိွေနသည့္ ျမန္မာႏုိင္ငံသားမ်ား မၾကာခဏ ေငြေၾကးေတာင္းခံရမႈမ်ား ႀကံဳတတ္သျဖင့္ အဆိုကိစၥအား ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားႏွင့္ ညိႇႏိႈင္းေဆြးေႏြးမႈမ်ားကိုလည္း ျမန္မာႏုိင္ငံ တာဝန္ရိွသူမ်ားက လုပ္ေဆာင္ေနျခင္း ျဖစ္ရာ အေထာက္အထားမ်ားျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားေပးရန္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴးက တုိက္တြန္းထားသည္။

“ဒီကိစၥနဲ႔ပတ္သက္လို႔ အစည္းအေဝးမွာ တင္ျပခဲ့တာက မယ္ဆိုင္ဘက္မွာ ဆီးစစ္တဲ့အခါ ေငြေၾကး ေတာင္းခံရတာမ်ိဳး ရိွေနတယ္။ ဒီလိုေတာင္းခံတာကို ဓာတ္ပံုရိုက္ရင္လည္းတားတယ္။ ဒါေပမဲ့ ဘယ္ေနရာမွာ ရဲတပ္ဖြဲ႕ ဒါမွမဟုတ္ လဝက က ပိုက္ဆံေတာင္းတယ္စတဲ့အေထာက္အထားေလးေတြ လူကုန္တားအဖြဲ႕တို႔၊ ခရိုင္ကိုတက္လာတဲ့ သက္ေသအေထာက္အထားေတြ၊ ေနာက္တျခား အဖြဲ႕အစည္း ေတြကေန တင္ျပေပးလာတာေတြ ရိွပါတယ္။ ဒီသက္ေသ အေထာက္အထားေတြနဲ႔ ေဆြးေႏြးတာေပါ့။ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ဟိုဘက္မွာ ဒီလိုႀကံဳရတယ္ဆိုရင္ တာခ်ီလိတ္ ခ်စ္ၾကည္ေရးတံတား(၁)က ဌာနဆိုင္ရာတာဝန္ရိွသူေတြ၊ လူကုန္တားအဖြဲ႕ေတြအျပင္ အျခားကူညီေပးေနတဲ့ CNCMC လိုအဖြဲ႕ေတြကို သတင္းေပးလို႔ရပါတယ္။ ဒီအခ်က္အလက္ေတြနဲ႔ ဟိုဘက္ကို ျပန္ေဆြးေႏြးေပးလို႔ရပါတယ္။ ကိုယ့္ဘက္က အေထာက္အထားရိွဖို႔ေတာ့ လိုတာေပါ့”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးထိန္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆီးစစ္ေဆးရာတြင္ ေငြေၾကးမတရားေတာင္းခံရျခင္း၊ မွားယြင္းစြပ္စြဲခံရျခင္းမ်ားႀကံဳရပါက တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားေပၚတြင္ ရံုးခန္းဖြင့္လွစ္ထားသည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) ထိုင္းဖုန္း - 0850181889 ၊ 0822837478 ၊ 0850388887 ၊ 0897558729 မ်ားသို႔လည္း ဆက္သြယ္အကူအညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နှင့် နယ်စပ်ဒေသဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများအပေါ် မူးယစ်ဆေး သုံးစွဲမှု ရှိ/မရှိ ဆီးစစ်ဆေးမှုများ လုပ်ဆောင်နေရာ မြန်မာနိုင်ငံသားများ အနဖြေင့် မူးယစ်ဆေး သုံးစွဲခြင်း မရှိဘဲ မှားယွင်း စွပ်စွဲခံရမှုများနှင့်ကြုံရလျှင် တာချီလိတ်မှ သက်ဆိုင်ရာများထံ အကြောင်းကြားရန် တိုက်တွန်းထားသည်။

“ဟိုဘက်(ထိုင်းနိုင်ငံ)မှာ မြန်မာနိုင်ငံသားတွေ ဆီးစစ်ခံနေရတယ်လို့ သတင်းကြားလာရတော့ ဒီလို စစ်ဆေးခံရပြီး ငွေကြေးတောင်းခံရတာရှိလာရင် အထောက်အထားနဲ့ အကြောင်းကြားပေးပါ။ အထောက် အထားဆိုတာ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်ရဲတပ်ဖွဲ့က ပေါ့နော်။ ဓာတ်ပုံရိုက်လို့ရရင် ရိုက်ပေါ့။ မရရင်လည်း တည်နေရာနဲ့ အသွင်အပြင်ကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးကိုဖြစ်စေ၊ CNCMC ကိုဖြစ်စေ ဆက်သွယ် အကြောင်းကြားပေးရင် လိုက်လံဖြေရှင်းပေးလို့ရတာပေါ့နော်။ ဒီကိစ္စတွေကို TBC မှာ ခဏခဏ ညှိနှိုင်းရတယ်။ ဒါပေမဲ့ အောက်ခြေရဲတပ်ဖွဲ့က မလိုက်နာတာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဥပဒေအရ မူးယစ်ဆေးနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူကိုသာ မူးယစ်ဆေးသုံးစွဲခြင်း ရှိ/မရှိ ဆီးစစ်ဆေးခြင်း ပြုလုပ်ခွင့်ရှိသော်လည်း ထိုင်းနိုင်ငံဥပဒေအရ မူးယစ်ဆေးသုံးစွဲမှု ရှိ/မရှိ ဆီးစစ်ဆေးခြင်းအား သံသယ ရှိသူတိုင်းကို စစ်ဆေးပိုင်ခွင့်ရှိကြောင်း သိရသည်။

“ဒါကလည်း သူတို့ ဥပဒေအရ စစ်ခွင့်ရှိပါတယ်။ ဘယ်နိုင်ငံသားကို မဆို သံသယရှိတယ်ဆိုရင် ခေါ်ယူ စစ်ဆေး ပိုင်ခွင့် ရှိပါတယ်။ စစ်ဆေးမှု အကြိမ်ရေ စိပ်လာတာတော့ နှစ်လ၊ သုံးလရှိပြီ။ များသောအားဖြင့် ရှောင်တခင်ဆို ချင်းဆဲန်လမ်းခွဲမီးပွိုင့်အနီး များပါတယ်။ ကျန်တာကတော့ မြို့အဝင်၊ အထွက် တရားဝင်ဂိတ်တွေမှာ မသင်္ကာရင်စစ်ပါတယ်”ဟု မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ယင်းကဲ့သို့ ဆီးစစ်ဆေးခြင်းပြုလုပ်ရာတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့အား မူးယစ်ဆေး သုံးစွဲထားသည်ဟု မှားယွင်းစွပ်စွဲခံရမှုနှင့် တရားမဝင် ငွေကြေးတောင်းခံမှုများ ရှိတတ်သဖြင့် သွားရောက်ဖြေရှင်းပေးရလေ့ရှိကြောင်း တာချီလိတ်တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC)ထံမှ သိရသည်။

 “လောလောဆယ်တော့ အကူအညီ တောင်းခံလာတာတော့ မရှိသေးပါဘူး။ ဟိုဖက်က ထိုင်းရဲတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ မူးယစ်ဆေးသုံးစွဲတဲ့ ပုံပေါက်နေရင်တော့ စစ်ဆေးတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ မစစ်ပါနဲ့လို့ တားမြစ်လို့တော့မရဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံသားတွေအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲထားတယ်ဆိုရင်တော့ ဟိုဖက်နိုင်ငံကို မသွားဘဲနေရင် ကောင်းတယ်ပေါ့။ ကျွန်တော်တို့ဆိီကို အသိပေးတယ်ဆိုပေမဲ့ ကိုယ်ကိုယ်တိုင်က မူးယစ်ဆေး သုံးစွဲထားမယ်၊ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ရဲဆီမှာ ဝန်ခံထားတယ် ဆိုရင်တော့ ဘာမှ ကူညီပေးလို့မရဘူး။ တချို့က ကျန်းမာရေးအရ၊ ဆရာဝန်ညွှန်ကြားချက်အရ သုံးစွဲနေရတဲ့ ဆေးတွေကြောင့် မှားယွင်းပြီး မူးယစ်ဆေးသုံးစွဲတယ်လို့ စွပ်စွဲခံရတယ်ဆိုတော့ ကော်မတီကနေ ကူညီပေးလို့ အဆင်ပြေပါတယ်။ အရင်ကလည်း ဒီလို ကူညီဆောင်ရွက်ပေးရတာတွေရှိပါတယ်။ မူးယစ်ဆေးသုံးစွဲနေသူတွေကိုတော့ ကူညီပေးမှာမဟုတ်ပါဘူး”ဟု CNCMC၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

ထိုင်းနိုင်ငံဥပဒေအရ ဆီးစစ်ဆေးခြင်းပြုလုပ်ရာတွင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မကြာခဏ ငွေကြေးတောင်းခံရမှုများ ကြုံတတ်သဖြင့် အဆိုကိစ္စအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများကိုလည်း မြန်မာနိုင်ငံ တာဝန်ရှိသူများက လုပ်ဆောင်နခြေင်း ဖြစ်ရာ အထောက်အထားများဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက တိုက်တွန်းထားသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ အစည်းအဝေးမှာ တင်ပြခဲ့တာက မယ်ဆိုင်ဘက်မှာ ဆီးစစ်တဲ့အခါ ငွေကြေး တောင်းခံရတာမျိုး ရှိနေတယ်။ ဒီလိုတောင်းခံတာကို ဓာတ်ပုံရိုက်ရင်လည်းတားတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ ရဲတပ်ဖွဲ့ ဒါမှမဟုတ် လဝက က ပိုက်ဆံတောင်းတယ်စတဲ့အထောက်အထားလေးတွေ လူကုန်တားအဖွဲ့တို့၊ ခရိုင်ကိုတက်လာတဲ့ သက်သေအထောက်အထားတွေ၊ နောက်တခြား အဖွဲ့အစည်း တွေကနေ တင်ပြပေးလာတာတွေ ရှိပါတယ်။ ဒီသက်သေ အထောက်အထားတွေနဲ့ ဆွေးနွေးတာပေါ့။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဟိုဘက်မှာ ဒီလိုကြုံရတယ်ဆိုရင် တာချီလိတ် ချစ်ကြည်ရေးတံတား(၁)က ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ လူကုန်တားအဖွဲ့တွေအပြင် အခြားကူညီပေးနေတဲ့ CNCMC လိုအဖွဲ့တွေကို သတင်းပေးလို့ရပါတယ်။ ဒီအချက်အလက်တွေနဲ့ ဟိုဘက်ကို ပြန်ဆွေးနွေးပေးလို့ရပါတယ်။ ကိုယ့်ဘက်က အထောက်အထားရှိဖို့တော့ လိုတာပေါ့”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆီးစစ်ဆေးရာတွင် ငွေကြေးမတရားတောင်းခံရခြင်း၊ မှားယွင်းစွပ်စွဲခံရခြင်းများကြုံရပါက တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (Caring and Negotiating Committee for Myanmar Citizens in Mae Sai, Thailand - CNCMC) ထိုင်းဖုန်း - 0850181889၊ 0822837478၊ 0850388887၊ 0897558729 များသို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~