တာခ်ီလိတ္တြင္ ဓာတ္ပံုရိုက္၀ါသနာရွင္မ်ား စုစည္းႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ဓာတ္ပံုအသင္းအား စတင္ဖြဲ႔စည္း

တာခ်ီလိတ္တြင္ ဓာတ္ပံုရိုက္၀ါသနာရွင္မ်ား စုစည္းႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ဓာတ္ပံုအသင္းအား စတင္ဖြဲ႔စည္း
စက်တင်ဘာ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဓာတ္ပံုရိုက္ ၀ါသနာရွင္မ်ား စုစည္းႏိုင္ရန္ႏွင့္ ဓာတ္ပံုရိုက္ပညာမ်ား မွ်ေဝႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ ဓာတ္ပံုအသင္းအား အလုပ္အမႈေဆာင္ (၁၆)ဦးျဖင့္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလ(၂)ရက္ေန႔ နံနက္ပိုင္းက ဖြဲ႔စည္းလိုက္ေၾကာင္း သိရသည္။

"အသင္းဖြဲ႔စည္းရျခင္းရဲ႕ ရည္ရြယ္ခ်က္က တာခ်ီလိတ္က ဓာတ္ပံုဆရာေတြနဲ႔ ဓာတ္ပံုရိုက္၀ါသနာရွင္ေတြ တစ္စုတစ္စည္းတည္း ျဖစ္ေအာင္လို႔ ဖြဲ႔စည္းတာပါ၊ တက္ေရာက္လာသူ (၃၀) ၀န္းက်င္ရွိတယ္။ အလုပ္အမႈေဆာင္အဖြဲ႔ကိုေတာ့ (၁၆)ဦးနဲ႔ ဖြဲ႔ထားပါတယ္၊"ဟု တာခ်ီလိတ္ဓာတ္ပံုအသင္း နာယကထဲမွ နာယကတစ္ဦးျဖစ္သူ ဦးေအာင္ေက်ာ္၀င္းစိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အသင္းသည္ လတ္တေလာတြင္ ရန္ပံုေငြ မရွိေသး၍ သင္တန္းမ်ားကို မစီစဥ္ႏိုင္ေသးေသာ္လည္း ရန္ပံုေငြမ်ား ရွိလာသည့္အခါတြင္  ဓာတ္ပံုဆရာမ်ားကို ေခၚယူ၍ သင္တန္းမ်ား ေပးႏိုင္ရန္အတြက္ကိုလည္း စီစဥ္ထားေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔အေနနဲ႔ (၂)လ (၃)လ တစ္ႀကိမ္ အသင္း၀င္ေတြစုၿပီး Outdoor ထြက္ရိုက္တာေတြ လုပ္ဖို႔ရွိတယ္၊ သင္တန္းေပးဖို႔ လိုအပ္လာရင္လည္းတျခားက ဓာတ္ပံုဆရာေတြ ေခၚၿပီးေတာ့လည္း သင္တန္းေတြ ေပးဖို႔ရွိပါတယ္။ ေလာေလာဆယ္ ရန္ပံုေငြမရွိေသးေတာ့ မစီစဥ္ရေသးဘူး၊ ေနာက္ပိုင္းမွာ လုပ္သြားဖို႔ရွိပါတယ္၊ ေနာက္တစ္ခုက တာခ်ီလိတ္မွာ သဘာ၀ေဘးအႏၱရာယ္မ်ဳိး ျဖစ္တဲ့အခါမွာလည္း မွတ္တမ္းပံုေတြရိုက္ေပးဖို႔ အကူအညီေတာင္းလာရင္ ကူညီေပးသြားဖို႔လည္း ရွိပါတယ္"ဟု
နာယက ဦးေအာင္ေက်ာ္၀င္းစိန္က ေျပာသည္။

တာခ်ီလိတ္မွ ဓာတ္ပံု၀ါသနာရွင္မ်ား အေနျဖင့္ မည္သူမဆို တာခ်ီလိတ္ဓာတ္ပံုအသင္းသို႔ အသင္း၀င္ အျဖစ္ ၀င္ေရာက္လိုပါက ဦးေအာင္ေက်ာ္၀င္းစိန္ ( 09250857449 )၊ ဦးေအးကို
( 09251149266 ) ႏွင့္ ဦးမင္းေအာင္ ( 09251149485 )သို႔ ဆက္သြယ္၍ အေသးစိတ္ ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဓာတ္ပံုအသင္းအား စတင္ဖြဲ႔စည္းျခင္းအျဖစ္ အခမ္းအနား တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္(ပါလွ်ံ-၁)ရွိ ဦးေအးကို ေနအိမ္တြင္ က်င္းပရာတြင္ နာယကမ်ားအျဖစ္ ဦးတင္၀င္း(တက္လူ)၊ ဦးေအာင္ေက်ာ္၀င္းစိန္၊ ဦးေအးကို(ေမာခ်ယ္ရီ)၊ ဦး၀င္းတင့္(စတားလိုက္) ႏွင့္ ဦးေက်ာ္လွ၊ ဥကၠဌ အျဖစ္ ဦးေက်ာ္ေက်ာ္ေအာင္(ဘဘေက်ာ္)၊ ဒုတိယဥကၠဌအျဖစ္ ဦးမင္းေအာင္(ေရႊပံုရိပ္)၊ အတြင္းေရးမွဴး(၁)အျဖစ္ ဦးထြန္းေအာင္ေက်ာ္(ထင္လင္း)၊ ဘ႑ာေရးမွဴး အျဖစ္ ဦးစိန္ျမခိုင္၊ တြဲဖက္ဘ႑ာေရးမွဴးအျဖစ္ ဦးကိုကိုေမာင္၊ စာရင္းစစ္အျဖစ္ ဦးေ၀လင္းထြန္း၊ တြဲဖက္စာရင္းစစ္အျဖစ္ ဦးစိုး၀င္း(၀င္းလက္)၊ ျပန္ၾကားေရးအျဖစ္ ဦးစိုင္းသီဟေအာင္(လွ်ဲန္းမိုင္တိုင္း)၊ အေထြေထြအမႈေဆာင္(၁)အျဖစ္ ဦးေ၀မ်ဳိးေမာင္(အကယ္ဒမီ)၊ အေထြေထြအမႈေဆာင္(၂)အျဖစ္ ဦးေအာင္ကိုဟိန္း(မိုးမခ)ႏွင့္ အေထြေထြ အမႈေဆာင္(၃) အျဖစ္ ဦးေအာင္ေဇာ္မ်ဳိး(မ်ဳိးေလး) စုစုေပါင္း အလုပ္အမႈေဆာင္ (၁၆)ဦး ျဖင့္ ဖြဲ႕စည္းထားၿပီး က်န္သူမ်ားမွာ အသင္း၀င္မ်ားျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္ၿမိဳ႕ဓါတ္ပံုအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် ဓာတ်ပုံရိုက် ဝါသနာရှင်များ စုစည်းနိုင်ရန်နှင့် ဓာတ်ပုံရိုက်ပညာများ မျှဝေနိုင်ရန်အတွက် တာချီလိတ်မြို့ ဓာတ်ပုံအသင်းအား အလုပ်အမှုဆောင် (၁၆)ဦးဖြင့် ၂၀၁၇ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"အသင်းဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်က တာချီလိတ်က ဓာတ်ပုံဆရာတွေနဲ့ ဓာတ်ပုံရိုက်ဝါသနာရှင်တွေ တစ်စုတစ်စည်းတည်း ဖြစ်အောင်လို့ ဖွဲ့စည်းတာပါ၊ တက်ရောက်လာသူ (၃၀) ဝန်းကျင်ရှိတယ်။ အလုပ်အမှုဆောင်အဖွဲ့ကိုတော့ (၁၆)ဦးနဲ့ ဖွဲ့ထားပါတယ်၊"ဟု တာချီလိတ်ဓာတ်ပုံအသင်း နာယကထဲမှ နာယကတစ်ဦးဖြစ်သူ ဦးအောင်ကျော်ဝင်းစိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အသင်းသည် လတ်တလောတွင် ရန်ပုံငွေ မရှိသေး၍ သင်တန်းများကို မစီစဉ်နိုင်သေးသော်လည်း ရန်ပုံငွေများ ရှိလာသည့်အခါတွင် ဓာတ်ပုံဆရာများကို ခေါ်ယူ၍ သင်တန်းများ ပေးနိုင်ရန်အတွက်ကိုလည်း စီစဉ်ထားကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ (၂)လ (၃)လ တစ်ကြိမ် အသင်းဝင်တွေစုပြီး Outdoor ထွက်ရိုက်တာတွေ လုပ်ဖို့ရှိတယ်၊ သင်တန်းပေးဖို့ လိုအပ်လာရင်လည်းတခြားက ဓာတ်ပုံဆရာတွေ ခေါ်ပြီးတော့လည်း သင်တန်းတွေ ပေးဖို့ရှိပါတယ်။ လောလောဆယ် ရန်ပုံငွေမရှိသေးတော့ မစီစဉ်ရသေးဘူး၊ နောက်ပိုင်းမှာ လုပ်သွားဖို့ရှိပါတယ်၊ နောက်တစ်ခုက တာချီလိတ်မှာ သဘာဝဘေးအန္တရာယ်မျိုး ဖြစ်တဲ့အခါမှာလည်း မှတ်တမ်းပုံတွေရိုက်ပေးဖို့ အကူအညီတောင်းလာရင် ကူညီပေးသွားဖို့လည်း ရှိပါတယ်"ဟု
နာယက ဦးအောင်ကျော်ဝင်းစိန်က ပြောသည်။

တာချီလိတ်မှ ဓာတ်ပုံဝါသနာရှင်များ အနဖြေင့် မည်သူမဆို တာချီလိတ်ဓာတ်ပုံအသင်းသို့ အသင်းဝင် အဖြစ် ဝင်ရောက်လိုပါက ဦးအောင်ကျော်ဝင်းစိန် ( 09250857449 )၊ ဦးအေးကို
( 09251149266 ) နှင့် ဦးမင်းအောင် ( 09251149485 )သို့ ဆက်သွယ်၍ အသေးစိတ် မေးမြန်းနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဓာတ်ပုံအသင်းအား စတင်ဖွဲ့စည်းခြင်းအဖြစ် အခမ်းအနား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်(ပါလျှံ-၁)ရှိ ဦးအေးကို နေအိမ်တွင် ကျင်းပရာတွင် နာယကများအဖြစ် ဦးတင်ဝင်း(တက်လူ)၊ ဦးအောင်ကျော်ဝင်းစိန်၊ ဦးအေးကို(မောချယ်ရီ)၊ ဦးဝင်းတင့်(စတားလိုက်) နှင့် ဦးကျော်လှ၊ ဥက္ကဌ အဖြစ် ဦးကျော်ကျော်အောင်(ဘဘကျော်)၊ ဒုတိယဥက္ကဌအဖြစ် ဦးမင်းအောင်(ရွှေပုံရိပ်)၊ အတွင်းရေးမှူး(၁)အဖြစ် ဦးထွန်းအောင်ကျော်(ထင်လင်း)၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးစိန်မြခိုင်၊ တွဲဖက်ဘဏ္ဍာရေးမှူးအဖြစ် ဦးကိုကိုမောင်၊ စာရင်းစစ်အဖြစ် ဦးေဝလင်းထွန်း၊ တွဲဖက်စာရင်းစစ်အဖြစ် ဦးစိုးဝင်း(ဝင်းလက်)၊ ပြန်ကြားရေးအဖြစ် ဦးစိုင်းသီဟအောင်(လျှဲန်းမိုင်တိုင်း)၊ အထွေထွေအမှုဆောင်(၁)အဖြစ် ဦးေဝမျိုးမောင်(အကယ်ဒမီ)၊ အထွေထွေအမှုဆောင်(၂)အဖြစ် ဦးအောင်ကိုဟိန်း(မိုးမခ)နှင့် အထွေထွေ အမှုဆောင်(၃) အဖြစ် ဦးအောင်ဇော်မျိုး(မျိုးလေး) စုစုပေါင်း အလုပ်အမှုဆောင် (၁၆)ဦး ဖြင့် ဖွဲ့စည်းထားပြီး ကျန်သူများမှာ အသင်းဝင်များဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်မြို့ဓာတ်ပုံအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~