ေရာင္းခ်ခြင့္ႏွင့္ ထုတ္လုပ္ခြင့္ ပိတ္ပင္ထားသည့္ ရွမ္းေလးပဲဆီမ်ား ေတာင္ႀကီးေစ်းကြက္တြင္ ေတြ႔ရွိ၍ ဖမ္းဆီး မီးရိႈ႕

ေရာင္းခ်ခြင့္ႏွင့္ ထုတ္လုပ္ခြင့္ ပိတ္ပင္ထားသည့္ ရွမ္းေလးပဲဆီမ်ား ေတာင္ႀကီးေစ်းကြက္တြင္ ေတြ႔ရွိ၍ ဖမ္းဆီး မီးရိႈ႕
စက်တင်ဘာ 4, 2017
By Tachileik News Agency

စားသံုးရန္မသင့္ ေၾကညာထားသည့္ ရွမ္းေလး ပဲဆီအမွတ္တံဆိပ္ စားသံုးဆီအား ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေရာင္းခ်ေနသည္ကို ေတြ႔ရွိရသျဖင့္ စက္တင္ဘာလ (၄) ရက္ေန႔တြင္ စားသံုးသူေရးရာဦးစီးဌာနက ဖမ္းဆီး ဖ်က္ဆီးပစ္လုိက္ေၾကာင္း သိရသည္။

“ဝါဆီေရာေႏွာထားတဲ့ ဆီဘူးေတြ ဂ်ပ္ဖာအမွတ္တံဆိပ္ေတြ အကုန္ကိုေတာ့ ကၽြန္ေတာ္တို႕ရံုးမွာ သူကိုယ္တိုင္ သြန္ၿပီး  မီးရိႈ႕ဖ်က္ဆီးပါတယ္။ က်န္တဲ့ ကုန္ၾကမ္းဆီေတြကို ပိုင္ရွင္ကိုပဲ ျပန္အပ္ထားတယ္။ ပိုင္ရွင္ကိုေတာ့ ဒီလုိပဲ ဆီအတုေတြကို ထပ္ၿပီး မေရာင္းခ်ဖို႔၊ မျပဳလုပ္ဖို႔ ေနာက္ၿပီး ဆက္လက္ ေရာင္းခ်ေနမယ္ ဆိုရင္ေတာ့ ဥပေဒအတိုင္း အေရးယူေဆာင္ရြက္သြားဖို႔ ပိုင္ရွင္ကို ၀န္ခံကတိျပဳ လက္မွတ္ ေရးထိုးထားေစပါတယ္” ဟု စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္က ေျပာသည္။

ေရာေႏွာဆီမ်ားအား ပဲဆီတံဆိပ္ကပ္ထားသည့္ ဆီဘူးႀကီး (၃၁)ဘူး ၊ ဆီဘူးေသး(၃၁)ဘူး၊ အမွတ္ တံဆိပ္ပါ ဂ်ပ္စကၠဴ မ်ား၊ ဆီဘူးအခြံမ်ားကို မီးရိႈ႕ ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ထုတ္လုပ္သည့္ ရွမ္းေလးတံဆိပ္ပဲဆီမွာ ပဲဆီအနံ႔ျဖင့္ထုတ္လုပ္ေနသည့္ ေရာေႏွာ ဆီမ်ားျဖစ္သျဖင့္ ေစ်းကြက္မွ ျပန္သိမ္းရန္ႏွင့္ ဆက္လက္ထုတ္လုပ္ေရာင္းခ်ျခင္း မျပဳရန္ ဇူလိုင္လ (၁၃)ရက္ေန႔က ျပဳလုပ္သည့္ ထုတ္ကုန္လံုၿခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီ အစည္းအေဝးတြင္ ဆံုးျဖတ္ခ်က္ ခ်မွတ္ထားခဲ့ျခင္းျဖစ္သည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

စားသုံးရန်မသင့် ကြေညာထားသည့် ရှမ်းလေး ပဲဆီအမှတ်တံဆိပ် စားသုံးဆီအား ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် စက်တင်ဘာလ (၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနက ဖမ်းဆီး ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။

“ဝါဆီရောနှောထားတဲ့ ဆီဘူးတွေ ဂျပ်ဖာအမှတ်တံဆိပ်တွေ အကုန်ကိုတော့ ကျွန်တော်တို့ရုံးမှာ သူကိုယ်တိုင် သွန်ပြီး မီးရှို့ဖျက်ဆီးပါတယ်။ ကျန်တဲ့ ကုန်ကြမ်းဆီတွေကို ပိုင်ရှင်ကိုပဲ ပြန်အပ်ထားတယ်။ ပိုင်ရှင်ကိုတော့ ဒီလိုပဲ ဆီအတုတွေကို ထပ်ပြီး မရောင်းချဖို့၊ မပြုလုပ်ဖို့ နောက်ပြီး ဆက်လက် ရောင်းချနေမယ် ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားဖို့ ပိုင်ရှင်ကို ဝန်ခံကတိပြု လက်မှတ် ရေးထိုးထားစေပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်က ပြောသည်။

ရောနှောဆီများအား ပဲဆီတံဆိပ်ကပ်ထားသည့် ဆီဘူးကြီး (၃၁)ဘူး၊ ဆီဘူးသေး(၃၁)ဘူး၊ အမှတ် တံဆိပ်ပါ ဂျပ်စက္ကူ များ၊ ဆီဘူးအခွံများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် ထုတ်လုပ်သည့် ရှမ်းလေးတံဆိပ်ပဲဆီမှာ ပဲဆီအနံ့ဖြင့်ထုတ်လုပ်နေသည့် ရောနှော ဆီများဖြစ်သဖြင့် ဈေးကွက်မှ ပြန်သိမ်းရန်နှင့် ဆက်လက်ထုတ်လုပ်ရောင်းချခြင်း မပြုရန် ဇူလိုင်လ (၁၃)ရက်နေ့က ပြုလုပ်သည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ထားခဲ့ခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~